China (Kunming)

တရုတ်နိုင်ငံ၏ ဆေးဝါး အီး-မှတ်ပုံတင်လက်မှတ်များကို နိုဝင်ဘာလမှ စတင်ထုတ်ပေးမည်ဖြစ်

Last Updated:

တရုတ်နိုင်ငံ၊ အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲရေးအဖွဲ့ National Medical Products Administration သည် ၂၀၂၂ခုနှစ်၊ နို၀င်ဘာ လ ၁ ရက်မှစတင်၍ ဆေးဝါးများအတွက် အီးမှတ်ပုံတင်လက်မှတ်များ E-Registration ကို စတင်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် ဆေးဘက် ဆိုင်ရာ စမ်းသပ်ခွင့်ပြုချက်လက်မှတ်များ၊ စျေးကွက်ရှာဖွေရေးခွင့်ပြုချက်လက်မှတ်များ၊ ပြန်လည်မှတ်ပုံတင်ခြင်းလက်မှတ်များ၊ ဖြည့်စွက်လျှောက် လွှာ တင်ခွင့်ပြုချက်လက်မှတ်များ၊ တရုတ်တိုင်းရင်းဆေး အကာအကွယ်လက်မှတ်များနှင့် တင်သွင်းကုန်ကြမ်းပါဝင်ပစ္စည်းများနှင့် ဓာတုကုန်ကြမ်း များ ပါဝင်ကြောင်းနှင့် သက်သေခံလက်မှတ်များကို အွန်လိုင်းတွင် စစ်ဆေးနိုင်ကြောင်း သိရှိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် China to Start Issuing E-Registration Certificates for Drugs from November | HKTDC Research

 

Category: China (Kunming)