China (Kunming)

တရုတ်နိုင်ငံ၏ တရုတ်ဆေးဖက်ဝင် ပစ္စည်းများ တင်သွင်းမှုစီမံခန့်ခွဲမှုအကြောင်း အပိုင်း(၁)

Last Updated:

နိဒါန်း
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရအထွေထွေရုံးမှ ယူနန်ပြည်နယ်၏ "(၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း" တွင် တရုတ်ရိုးရာဆေးပညာ Traditional Chinese Medicine-TCM ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

ယင်းစီမံချက်အရ ၂၀၂၅ ခုနှစ်တွင် TCM အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စနစ်နှင့် ယန္တရားအား ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး TCM ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒများနှင့် စနစ်များ ပိုမိုပြီးပြည့်စုံလာမည်ဖြစ် ရာ တရုတ်တိုင်းရင်းဆေးပညာ၏ ဝန်ဆောင်မှုစွမ်းရည် သိသိသာသာတိုးတက်လာမည်ဖြစ်ကြောင်း၊ TCM ကဏ္ဍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော ရလဒ်များရရှိလိမ့်မည်ဖြစ်ကြောင်း ဖေါ်ပြထားပါ သည်။  

စီမံကိန်းအရ မြန်မာနိုင်ငံအပါအဝင် အနောက်တောင်၊ တောင်အာရှနှင့် အရှေ့တောင်အာရှကို မျက်နှာမူထားသော ယူနန်ပြည်နယ်တွင် တရုတ်ဆေးဖက်ဝင်ပစ္စည်း ရောင်းဝယ်ရေးစင်တာအဖြစ် ကျန်းမာသော ယူနန်ပြည်နယ် တည်ဆောက်ရာတွင် အရေးပါသော တရုတ်တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍကို ထပ်လောင်းမီးမောင်းထိုးပြသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-  

တရုတ်ဆေးဖက်ဝင်ပစ္စည်းများကို တရုတ်နိုင်ငံမှ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းဆေးဖက်ဝင်အပင်များ သွင်းကုန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆.၀၆၂ ဘီလီယံအထိရှိလာခဲ့ပြီး စုစုပေါင်းတင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၀၉၃ ဘီလီယံရှိခဲ့ရာ ယခင် နှစ်ထက် ၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် သွင်းကုန်စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၁.၉၆၉ ဘီလီယံရှိပြီး ယခင်နှစ်ထက်  ၄၂.၀၇ ရာခိုင်နှုန်း  တိုးတက်လာ၍ ပိုငွေယွမ် ၂.၁၂၄ ဘီလီယံ ရှိပြီး ၅ နှစ်တာ ပျမ်းမျှထက် အနည်းငယ် လျော့နည်းခဲ့သည်။

ကုန်သွယ်မှုပမာဏအရ တရုတ်ဆေးဖက်ဝင်ပစ္စည်းများ စုစုပေါင်းတင်သွင်းတင်ပို့မှု ပမာဏမှာ တန်ချိန် ၂၀၅,၂ဝဝ ရှိပြီး တင်ပို့မှုပမာဏမှာ တန်ချိန် ၁၃၇,၅ဝဝ ရှိကာ ယခင်နှစ်ထက် ၄ဒဿမ ၈၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ တင်သွင်းမှု ပမာဏမှာ တန်ချိန် ၆၇,၇၀၀ ရှိခဲ့ပြီး ယခင်နှစ်ထက် သုညဒဿမ ၅၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများသည် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များအလွန်ကြွယ်ဝပြီး တရုတ်နိုင်ငံမှ တင်သွင်းသော ဆေးဖက်ဝင်ပစ္စည်းများ၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး ရှားပါးပြီး ဝယ်လိုအားမြင့်မားသော ဆေးဖက်ဝင်ကုန်ကြမ်းများလည်း ရှိပါကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော ဆေးဖက်ဝင်ပစ္စည်းများ၏ ၃၀ ရာခိုင်နှုန်းနီးပါးသည် အရှေ့တောင်အာရှမှ တင်သွင်းပါကြောင်း၊ ၎င်းသည် တရုတ်ဆေးဖက်ဝင်ပစ္စည်းများကို ကမ္ဘာပေါ် တွင် အများဆုံးစားသုံးသူဖြစ်ပြီး အသုံးများသော တရုတ်ဆေးဖက်ဝင်အပင် အမျိုးအစားပေါင်း ၆၀၀ နီးပါးရှိပြီး ဆယ်ပုံတစ်ပုံခန့် တင်သွင်းရန်လိုအပ်ပါကြောင်း အဓိက တင်သွင်းသည့် တရုတ် ဆေးဖက်ဝင်ပစ္စည်းများမှာ (လောဗန် (frankincense)၊ မုရန်စေး (ကုလားနက်သွေး) (myrrh)၊ နဂါးသွေး (dragon's blood)၊ -- အသား (longan) meat)၊ အမေရိကန်ဂျင်ဆင်း (American ginseng)၊ --- သမင်ချို (pilose) antler) စသည်ဖြင့်) ဖြစ်ပါသည်။  

တရုတ်ဆေးဖက်ဝင်ပစ္စည်းများ တင်သွင်းခွင့်ရှိသည့် ဆိပ်ကမ်း/ ဝင်ပေါက်ဂိတ်များ

တရုတ်နိုင်ငံမှ တင်သွင်းသော ဆေးဖက်ဝင်ပစ္စည်းများကို သတ်မှတ်ထားသော ဆိပ်ကမ်းစီမံခန့်ခွဲမှုအရ ဆေးဖက်ဝင်ပစ္စည်းများတင်သွင်းသည့် နယ်စပ်ဆိပ်ကမ်း/ ဂိတ်ပေါက်များကို လိုအပ်သလို သတ်မှတ်သင့်ကြောင်း၊ ဆေးဖက် ဝင်ပစ္စည်းများထုတ်လုပ်သည့် အိမ်နီးချင်းနိုင်ငံ (ဒေသများ) များ နယ်စပ်ဆိပ်ကမ်း/ ဂိတ်ပေါက်များမှသာ တင်သွင်းနိုင်ကြောင်း ဆေးဖက်ဝင်ပစ္စည်းများတင်သွင်းခြင်းအတွက် ထပ်တိုးနယ်စပ်ဂိတ်များသည် အကောက်ခွန်အေဂျင်စီ ထူထောင်ထားရှိပြီး တင်သွင်းလာသော ဆေးဖက်ဝင်ပစ္စည်းများကို အကောက်ခွန်ကြီးကြပ်ကွပ်ကဲနိုင်စွမ်းရည်ရှိသော နယ်စပ်ဆိပ်ကမ်း/ ဂိတ်ပေါက်ဖြစ်ရမည်ဖြစ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန food and drug administrationနှင့် အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ General Administration of Customs တို့က တရုတ်နိုင်ငံအတွက် တင်သွင်းမည့် တရုတ်ဆေးဖက်ဝင်ပစ္စည်းများကို သတ်မှတ်ထားသော ဆိပ်ကမ်း/ ဂိတ်ပေါက်တွင် တင်သွင်းသော ဆေးဖက်ဝင်ပစ္စည်းများကို နယ်စပ်ဆိပ်ကမ်းစည်းကြပ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အရည်အချင်းပြည့်မီကြောင်း၊ အစီရင်ခံစာကို နိုင်ငံတော်၏ တရားဝင်အဖွဲ့အစည်းများထံ အတည်ပြုချက်ရယူရန် တာဝန်ရှိကြောင်း၊ တင်သွင်းလာသော ဆေးဖက်ဝင်ပစ္စည်းများ စီမံခန့်ခွဲရေးဆောင်ရွက်မှုအရ ဆေးဖက်ဝင်ပစ္စည်းများ တင်သွင်းရန်အတွက် နိုင်ငံတော်ကောင်စီက အတည်ပြုထားသော နယ်စပ်ဆိပ်ကမ်းများမှ တင်သွင်းရမည်ဖြစ် ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၌ ဆေးဖက်ဝင်ပစ္စည်းများတင်သွင်းရန် ခွင့်ပြုထားသော နယ်စပ်ဆိပ်ကမ်း/ ဂိတ်ပေါက် ၂၂ ခုရှိပြီး သွင်းကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ လိုအပ်ချက်အရ သွင်းကုန် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် သက်ဆိုင်ရာ (နယ်စပ်) ဆိပ်ကမ်းဂိတ်ပေါက်များကို ရွေးချယ်နိုင်ပါသည်။

ဇယား (၁)  တရုတ်ဆေးဖက်ဝင်ပစ္စည်းများ တင်သွင်းမှုအတွက် အကောက်ခွန်ရှင်း လင်းရေး ဆိပ်ကမ်း/ဂိတ်ပေါက်များ  


 
တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်ပေါက်/ ဆိပ်ကမ်း ၂၂ ခုအနက် ယူနန်ပြည်နယ်တွင် ဂိတ်ပေါက်/ ဆိပ်ကမ်းလေးခုရှိရာ ယင်းတို့မှာ တဲဟုန်-ရွှေလီ (Dehong-Ruili)၊ ဟုန်ဟဲ-ဟဲကူ (Honghe -Hekou)၊ ပန-ဂျင်းဟုန် (Banna-Jinghong) ၊ ဝမ်ရှမ်း-ထယ်ပေါင်(Wenshan-Tianbao) တို့ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်သည် ဆေးဖက်ဝင်ပစ္စည်း အများဆုံးတင်သွင်းသည့် ပြည်နယ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော ဆေးဖက်ဝင် အပင်ဆေးဝါးအမျိုး ပေါင်း ၂၉ မျိုး၍ ယင်းတို့အနက် ရွှေလီဆိပ်ကမ်းမှ တင်သွင်းမှုအများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တင်သွင်းသည့် ဆေးဖက်ဝင်ဆေးဝါးစုစုပေါင်း ၇၄၅၁ ဒသမ ၉ တန်ချိန်ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တန်ချိန် ၄၁၇၀၀ ကျော် ပိုမို တင်သွင်းခဲ့ပြီး တရုတ်နိုင်ငံမှ တင်သွင်းသော ဆေးဖက်ဝင်ပစ္စည်းများအနက် ၆၀ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံနှင့် ယူနန် ကုန်သွယ်မှုဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံလုံးမှ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်းနှင့် ၁၅ နှစ်ဆက်တိုက် တိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ကြောင်း သိရှိရပါသည်။

ဇယား (၂) တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသည့် အရှေ့တောင်အာရှနိုင်ငံများမှ ဆေးဖက်ဝင် ပစ္စည်းများစာရင်း

ဇယား(၃) တရုတ်နိုင်ငံ၏ quarantine access ဝင်ရောက်ခွင့် ရရှိထားသော အရှေ့ တောင်အာရှနိုင်ငံများမှ တရုတ်ဆေးဖက်ဝင်ပစ္စည်းများစာရင်း


လက်ရှိတွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆေးဖက်ဝင်ပစ္စည်းများကို တင်သွင်းခွင့်ပြုထားသည်။ ဖိလစ်ပိုင်မှ မျိုးစိတ် ၁ မျိုး၊ ကမ္ဘောဒီးယားမှ ၁ မျိုး၊ လာအိုမှ ၉ မျိုး၊ မလေးရှားမှ ၁၀ မျိုး၊ မြန်မာနိုင်ငံမှ ၃၉ မျိုး၊ ထိုင်း ၁၉ မျိုး၊ စင်ကာပူ ၆ မျိုး၊ အင်ဒိုနီးရှားတွင် ၁၉ မျိုးနှင့် ဗီယက်နမ် ၃၀ ရှိပြီး အများစုမှာ အပင်ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။

တိရစ္ဆာန်ဆေးဖက်ဝင်ပစ္စည်းများမှာ တီကောင် (Earthworm)၊ တောက်တဲ့ခြောက် (Gecko)၊ ပင်လယ်မြင်းခြောက် (dry seahorse) နှင့် Zaocys dhumnades အမျိုးအစား ၄ မျိုးသာရှိသည်။

စာရင်းတွင် မပါဝင်သော အရှေ့တောင်အာရှနိုင်ငံများနှင့် ဆေးဖက်ဝင်ပစ္စည်းများအတွက် တင်သွင်းခြင်းမပြုမီ quarantine access လုပ်ထုံးလုပ်နည်း အပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာပင် တင်သွင်းလာသော ဆေးဖက်ဝင်ပစ္စည်းများကို ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (drug supervision department)၊ အကောက်ခွန်ဦးစီးဌာန (customs department) နှင့် နယ်စပ်ရေးရာ စီမံခန့်ခွဲမှုရုံး the Border Management Office တို့၏ စီမံမှု (၃) ခုအောက်တွင် ထားရှိရမည်ဖြစ်သည်။

တရုတ်ဆေးဖက်ဝင်ပစ္စည်းများ တင်သွင်းမှုအတွက် အကောက်ခွန်၏ ကြီးကြပ်ခြင်းအဆင့်များ

(၁) Quarantine access ဆောင်ရွက်ခြင်း- အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးသည် Quarantine access အတွက် ထုတ်ကုန်အန္တရာယ်ခွဲခြမ်း စိတ်ဖြာခြင်း၊ စည်းမျဉ်းစနစ် အကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊ quarantine သတ်မှတ်ချက်များ ဆုံးဖြတ်သတ်မှတ်ခြင်း၊ ပြည်ပထုတ်လုပ်သူမှတ်ပုံတင်ခြင်းနှင့် ပြည်ဝင်ခွင့် quarantine များပါဝင်သော quarantine access system ကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။

(၂) နိုင်ငံရပ်ခြားလုပ်ငန်းမှတ်ပုံတင်ခြင်း (Overseas enterprise registration) အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးသည် စွန့်စားဆန်းစစ်မှုရလဒ်များအရ ပြည်ပမှတ်ပုံတင်ခြင်းဆိုင်ရာ ဆေးပစ္စည်းများ၏ ကက်တလောက်ကို ဆုံးဖြတ်ရန်ဖြစ်ပြီး  အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးသည် တရုတ်နိုင်ငံသို့တင်ပို့သည့် ဆေးဖက်ဝင်ပစ္စည်းများတင်ပို့သည့် လုပ်ငန်းများကို မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းမှာ လေးနှစ်ဖြစ်သည်။

(၃) Quarantine ခွင့်ပြုခြင်း (Quarantine approval) တရုတ်နိုင်ငံသို့ တင်သွင်းလာသော ဆေးဖက်ဝင်ပစ္စည်းများအတွက် "တိရစ္ဆာန်နှင့်အပင် Quarantine စစ်ဆေးခြင်းခွင့်ပြုချက်လိုအပ်ပါက ပိုင်ရှင် (သို့မဟုတ်) ၎င်း၏ ကိုယ်စားလှယ်သည် "တိရစ္ဆာန်နှင့် အပင် Quarantine စစ်ဆေးခြင်းနှင့် ဝင်ခွင့် ခွင့်ပြုချက်အတွက် စီမံခန့်ခွဲထိန်းသိမ်းရေးအစီအမံများ" အရ ကုန်သွယ်မှုစာချုပ်ချုပ်ဆိုခြင်းမပြုမီ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ တင်သွင်းမှု တိရစ္ဆာန် နှင့် အပင် Quarantine ခွင့်ပြုချက်” ရရှိထားရမည်ဖြစ်ပါသည်။ 

(၄) (စစ်ဆေးသည့်) နေရာတွင် ကြီးကြပ်မှု- စာရွက်စာတမ်းသုံးသပ်ခြင်း (Site supervision/ Document review)  အကောက်ခွန်သည် လုပ်ငန်းရှင်၏ ကြေငြာချက်လက်ခံပြီးနောက် တင်သွင်းမည့် ပစ္စည်းများသည် ဥပဒေများ၊ စီမံခန့်ခွဲရေးစည်းမျဉ်းများနှင့် အကောက်ခွန်စည်းမျဉ်းများဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပါမည်။ အကောက်ခွန်သည် အဓိကအားဖြင့် လုပ်ငန်းစနစ် ညွှန်ကြားချက်များနှင့်အညီ တင်သွင်းလာသော တရုတ် ဆေးဖက်ဝင်ပစ္စည်းများကို ဆိပ်ကမ်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင်
        (က) ထွက်ခွာမည့်အချိန်၊ ဆိပ်ကမ်း၊ ဖြတ်သန်းသွားသော နိုင်ငံ (သို့မဟုတ်) ဒေသ၊ သယ်ဆောင်သည့်စာရင်းနှင့် စာရွက်စာတမ်းများ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ စာရွက်စာတမ်းတွင်ဖေါ်ပြချက်နှင့် အမှန်တကယ် ကုန်ပစ္စည်းအမည်၊ နံပါတ် (အလေးချိန်) နှင့် အရေအတွက်၊ တင်ပို့သည့်နိုင်ငံ (သို့မဟုတ်) ဒေသ၊ သင်္ဘောအမှတ်နှင့် အမှတ်အသားများ၊ ပြည်ပကုန်ထုတ်လုပ်ငန်းအမည်နှင့် မှတ်ပုံတင်နံပါတ်တို့နှင့် မှန်ကန်ကိုက်ညီမှုရှိ/မရှိ စစ်ဆေး ခြင်း ဆောင်ရွက်မည်။

           (ခ) ထုပ်ပိုးမှုအခြေအနေကောင်းမွန်သော်လည်း တိရစ္ဆာန် (သို့မဟုတ်) အပင် အခြေခံထုပ်ပိုးပစ္စည်းနှင့် ကြားခံ (ကူရှင်) ပစ္စည်းများပါရှိခြင်းများဖြစ်ပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိရစ္ဆာန်နှင့် အပင်များ ဝင်ရောက်ခြင်း ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ယင်း၏ အကောင်အထည်ဖော်မှုဆိုင်ရာစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် တင်သွင်းလာသောကုန်ပစ္စည်းများ၏ သစ်သားထုပ်ပိုးခြင်းအား သီးသန့်ခွဲထုတ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲ ခြင်းဆိုင်ရာ အစီအမံများနှင့် ကိုက်ညီမှုစစ်ဆေးခြင်း ဆောင်ရွက်မည်။

            (ဂ) တရုတ်ဆေးဖက်ဝင်ပစ္စည်းများ (မူလအခြေအနေမှယိုယွင်း) ၍ ပျက်စီးသည်ဖြစ်စေ၊ အန္တရာယ်ဖြစ်စေသော သက်ရှိများ၊ တိရစ္ဆာန်အညစ်အကြေးများ (သို့မဟုတ်) အခြားတိရစ္ဆာန်တစ်သျှူးများ သယ်ဆောင်သည်ဖြစ် စေ တိရစ္ဆာန်အသေကောင်၊ မြေဆီလွှာနှင့် အခြားတားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်မည်။

(၅) ဓာတ်ခွဲစမ်းသပ်ခြင်း (Laboratory testing) စစ်ဆေးသည့်နေရာ (ဆိုက်) အတွင်း သီးသန့်ခွဲထားစဉ် ရောဂါလက္ခဏာများ၊ ပိုးမွှားများနှင့် ရောဂါများကိုတွေ့ရှိပါက သို့မဟုတ်၊ သက်ဆိုင်ရာလုပ်ငန်းလုပ်ထုံးလုပ်နည်းအရ ဓာတ်ခွဲခန်းတွင် သီးသန့်ခွဲထားရန် လိုအပ်ပါက အကောက်ခွန်မှ တင်သွင်းလာသော တရုတ်ဆေးဖက်ဝင်ပစ္စည်းများ နမူနာများကို ယူ၍ ဓာတ်ခွဲခန်းသို့ ပေးပို့ရမည်။

(၆) သတ်မှတ်ထားသောနေရာများတွင် သိမ်းဆည်းခြင်းနှင့် စီမံဆောင်ရွက်ခြင်း (Storage and processing in designated places)- သီးခြားခွဲခြားမှုလက်မှတ် မရရှိမီ တရုတ်ဆေးဖက်ဝင်ပစ္စည်းများကို အကောက်ခွန်မှ အတည်ပြုထားသည့် နေရာတွင် သိမ်းဆည်းထားရမည်။ အကောက်ခွန်၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် ပမာဏ (သို့မဟုတ်) တစ်ဦးတစ်ယောက်မျှ  လွှဲပြောင်း ရောင်းချခြင်း၊ ရောင်းချခြင်း (သို့မဟုတ်) စီမံဆောင်ရွက်ခြင်းမပြုရ။

(၇) Quarantine ရလဒ်များကို အကဲဖြတ်ခြင်း (Evaluation of quarantine results)  တင်သွင်းလာသော တရုတ်ဆေးဖက်ဝင်ပစ္စည်းများကို သတ်မှတ်ထားသော လုပ်ငန်းများတွင် ရောင်းချခြင်း၊ အသုံးပြုခြင်း (သို့မဟုတ်) သိုလှောင်ခြင်း (သို့မဟုတ်) စီမံဆောင်ရွက်ခြင်းတို့ကို အကောက်ခွန်မှ သီးသန့်စစ်ဆေးခြင်း မပြီးမချင်း ဆောင်ရွက်ခွင့်မရှိပါ။ ဆောင်ရွက်ပြီးပါက "သွင်းကုန်ပစ္စည်းများအတွက် စစ်ဆေးခြင်းနှင့် သီးသန့်ခွဲထားခြင်းလက်မှတ်"  "Inspection and Quarantine Certificate for Entry Goods” ထုတ်ပေးမည်ဖြစ်ပါသည်။

(၈) သီးသန့်ခွဲခြင်းပြုလုပ်ပြီး အရည်အချင်းမပြည့်မီမှုအတွက် ဆောင်ရွက်ပေးခြင်း (Treatment of unqualified quarantine ) ကုန်ပစ္စည်းများသည် သီးသန့်ခွဲခြားခြင်း quarantine စစ်ဆေးခြင်းကို မအောင်မြင်ပါက၊ အကောက် ခွန်သည်  သတိပေးချက် ထုတ်ပြန်ရမည်ဖြစ်ပြီး ကုန်စည်ပိုင်ရှင် (သို့မဟုတ်) ၎င်း၏ ကိုယ်စားလှယ်သည် အကောက်ခွန်ကြီးကြပ်မှုအောက်တွင် သုတ်သင်ရှင်းလင်းခြင်း၊ ပြန်ပေးခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းခံယူရမည်။ အဆိုပါ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးသူမှသာ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရမည်။

(၉) တင်သွင်းလာသော တရုတ်ဆေးဖက်ဝင်ပစ္စည်းများ သီးသန့်ခွဲထားရန် သယ်ယူပို့ဆောင်ရေးနည်းလမ်းများ means of transport for Quarantine treatment သယ်ယူပို့ဆောင်သည့် နည်းလမ်းနှင့် ကွန်တိန်နာများသည် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လိုအပ်ပြီး ကပ်ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ခြင်းဆောင်ရွက်ရန်လိုအပ်ပါက ဆိပ်ကမ်း-ဝင်ပေါက်တွင် အကောက်ခွန်၏ ကြီးကြပ်မှု အောက်တွင် ဆောင်ရွက်ရမည်။ အကောက်ခွန်၏ ခွင့်ပြုချက်မရှိဘဲ တင်သွင်းလာသော တရုတ်ဆေးဖက်ဝင်ပစ္စည်းများကို ကွန်တိန်နာဖြင့် သယ်ယူပို့ဆောင်ခြင်း (သို့မဟုတ်) အခြားသယ်ယူခြင်းနည်းလမ်းများဖြင့် စွန့်ပစ်ခြင်း မပြုရ။
(၁၀) လုပ်ငန်းစီမံခန့်ခွဲမှု(Enterprise management)ပြည်တွင်းတင်သွင်းသူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်သည် တရုတ်ဆေးဖက်ဝင်ပစ္စည်းများ၏ တင်သွင်းမှု၊ ရောင်းချမှုနှင့် စီမံဆောင်ရွက်မှုများကို မှတ်တမ်းတင်သည့်စနစ် တစ်ခုထူထောင်၍ သက်ဆိုင်ရာမှတ်တမ်းများပြုလုပ်ရန်နှင့် ၎င်းတို့ကို အနည်းဆုံး နှစ်နှစ်အထိ သိမ်းဆည်းထားရန်လိုအပ်သည်။ ဆေးဖက်ဝင်အပင်များ ကူးစက်ရောဂါကာကွယ်ရေး ဘေးအန္တရာယ်ကင်းရှင်းရေး မန်နေဂျာထားရှိ ရန်နှင့် တရုတ်ဆေးဖက်ဝင်ပစ္စည်းများ ကပ်ရောဂါကာကွယ်ရေးစီမံခန့်ခွဲမှုစနစ် တည်ထောင်ခြင်းပြုလုပ်ရမည်။

တရုတ်ဆေးဖက်ဝင်ပစ္စည်းများ တင်သွင်းခွင့်လိုင်စင်လျှောက်ထားခြင်း

(၁) ဆေးဖက်ဝင်ပစ္စည်းများကို ပထမအကြိမ်တင်သွင်းခြင်းအတွက် လျှောက်လွှာနှင့် ခွင့်ပြုချက်

      (က) (၁-၁-၂၀၂၀) ရက်နေ့မတိုင်မီ နိုင်ငံတော် ဆေးဝါးကွပ်ကဲမှုအဖွဲ့မှ တရားဝင်လက်ခံထားသော်လည်း အတည်မပြုရသေးသော လျှောက်လွှာများအား မူလသက်ဆိုင်ရာ စည်းမျဉ်းများအရ ဆက်လက်အတည်ပြုသွားမည် ဖြစ်ပြီး လျှောက်ထားသူမှ ပြန်လည် ရုပ်သိမ်းပေးရန်လည်း လျှောက်ထားနိုင်သည်။

      (ခ)  ဆေးဖက်ဝင်ပစ္စည်းများကို ပထမဆုံးတင်သွင်းခြင်းအတွက် လျှောက်ထားသူသည် နိုင်ငံတော်ဆေးဝါးကွပ်ကဲရေးဝက်ဘ်ဆိုဒ်၏ အွန်လိုင်းရုံးသို့ ဝင်ရောက်ပြီး "တရားဝင်ပုဂ္ဂိုလ်ဝန်ဆောင်မှု" Legal Person Service လက်အောက်ရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ပထမဆုံးတင်သွင်းခြင်းအတွက် လျှောက်လွှာကိုဝင်ရောက်ပြီး သက်ဆိုင်ရာအချက်အလက်များကို ဒေသန္တရပြည်နယ် မူးယစ်ဆေးဝါးစီမံခန့်ခွဲရေးသို့ ဒေသန္တရပြည်နယ်၏ တင်သွင်းဆေးဘက်ဝင်ပစ္စည်းများအတွက် ခွင့်ပြုချက်အထောက်အထားဆိုင်ရာ လိုအပ်ချက် Approval Document for Imported  Medicinal Materials နှင့် အစီအမံများဆိုင်ရာသတင်းအချက်အလက်များ ပေးပို့ရမည်ဖြစ်သည်။

       (ဂ) ပြည်နယ်အဆင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးနှင့် စီမံခန့်ခွဲရေးဌာနတစ်ခုစီသည် အမျိုးသားဆေးဝါးကြီးကြပ်ကွပ်ကဲမှု အထူးကွန်ရက်မှတစ်ဆင့် ပထမအကြိမ်တင်သွင်းသည့် ဆေးဖက်ဝင်ပစ္စည်းများအတွက် လျှောက်လွှာ ကို လက်ခံပြီး “အစီအမံများ”အရ အတည်ပြုချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။

(၂) တင်သွင်းလာသော ဆေးဖက်ဝင်ပစ္စည်းများကို မှတ်တမ်းတင်ခြင်း

    (က) ဆေးဝါးတင်သွင်းသူများနှင့် ဆိပ်ကမ်းမူးယစ်ဆေးကြီးကြပ်ကွပ်ကဲရေးနှင့် စီမံခန့်ခွဲရေးဌာနများသည် "နိုင်ငံတော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်းမှု ဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်သစ်ဗားရှင်း ကြေညာချက်" (အမှတ် ၁၀၇ /၂၀၁၉) နှင့်အညီ တင်သွင်းလာသော ဆေးဖက်ဝင်ပစ္စည်းများကို အွန်လိုင်းတွင်တင်သွင်းခြင်း စာရွက်စာတမ်းစနစ် ကိုင်တွယ်ရန် သက်ဆိုင်ရာဝင်းဒိုးတွင် ဝင်ရောက်ပါ။
     (ခ) နိုင်ငံတော် ဆေးဝါးကွပ်ကဲရေးသည် ၂၀၀၆ နှင့် ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ပထမအကြိမ် တင်သွင်းမဟုတ်သော ဆေးဖက်ဝင်ပစ္စည်းများ၏ ကက်တလော့ ၂ ခုကို ပြန်လည်ပြင်ဆင်ပြီး ပေါင်းစည်းခဲ့ပြီး မူရင်း ကတ်တလောက်ကို ဖျက်သိမ်းခဲ့ပါသည်။ ကတ်တလောက်တွင် ဖော်ပြထားသော ဆေးဖက်ဝင်ပစ္စည်းများတင်သွင်းရန်  လျှောက်ထားသူသည် တင်သွင်းသော ဆေးဖက်ဝင်ပစ္စည်းများအတွက် ခွင့်ပြုချက်စာရွက်စာတမ်းကို ရယူရန် မလိုအပ်ပါ။ ဆိပ်ကမ်း/ ဝင်ပေါက် မူးယစ်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဌာန၏ ပထမအကြိမ်တင်သွင်းခြင်း မဟုတ်သော ဆေးဖက်ဝင်ပစ္စည်းများအတွက် ပြဌာန်းချက်နှင့်အညီ (ပြန်လည်) သုံးသပ်မှု review ပုံစံဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပါသည်။

မှတ်ချက်။ အပိုင်း(၂) ကို ဆက်လက်တင်ပြပါမည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်   https://mp.weixin.qq.com/s/VuctYhvCGjQFZEHpVYVg-Q

 

Category: China (Kunming)