China (Kunming)

တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး အညွှန်းကိန်းများ ပိုမိုကောင်းမွန်လာခြင်းသည် စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ထင်ဟပ်

Last Updated:

တရုတ်နိုင်ငံ၏ များစွာသောထောက်ပံ့ပို့ဆောင်ရေး အညွှန်းကိန်းများသည် စျေးကွက်ဝယ်လိုအားနှင့် လုပ်ငန်းလည်ပတ်မှုများတိုးတက်မှုများဖြင့် ၎င်းတို့၏ အောက်ဘက်သို့ ဉီးတည်နေသောလမ်းကြောင်းများကို မကြာသေးမီက ပြောင်းပြန်လှန်လိုက်ကြပြီး တရုတ်၏ စီးပွားရေးအင်ဂျင်သည် တိုးတက်မှုလိုလားသော မူဝါဒများ pro-growth policies ကြောင့် စီးပွားရေးတစ်ကျော့ပြန် ပြန်လည်ကောင်းမွန်လာနိုင်သည်ကို ညွှန်ပြလျှက် ရှိပါသည်။

ပြီးခဲ့သည့် နိုင်ငံတော်အားလပ်ရက် သီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ အမြန်ပို့ဆောင်ရေးလုပ်ငန်းများသည် အမှာစာများဖြင့် ပြည့်နှက်နေပြီး စုစုပေါင်း ပါဆယ်ထုပ်ပေါင်း ၄.၁ဘီလီယံကျော်ကို ကိုင်တွယ်ခဲ့ကြောင်း နိုင်ငံတော် စာတိုက်ဗျူရိုက (၈-၁၀-၂၂) ရက်နေ့တွင် ပြောကြားခဲ့သည်။

လုပ်ငန်းအညွှန်းကိန်းတစ်ခုဖြစ်သည့် နိုင်ငံ၏ အမြန်ချောပို့ဈေးကွက်သည် ၎င်း၏ ယခင်အနိမ့်ဆုံးမှ ပြန်လည်ခုန်တက်လာကာ ပုံမှန်အားဖြင့် အရောင်းထိုင်းသော စက်တင်ဘာလတွင် သွက်လက်လာပြီး တရုတ်နိုင်ငံ၏ အမြန်ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးအညွှန်းကိန်းသည် လွန်ခဲ့သည့် လတွင် ၃၅၃ ဒဿမ ၁ ဖြင့် ရောက်ရှိလာပြီး လတွင် ၁၃ဒဿမ ၅ ရာခိုင်နှုန်း တက်လာခဲ့သည်။

China Federation of Logistics and Purchasing (CFLP) နှင့် e-commerce ကုမ္ပဏီကြီး JD.com တို့ ပူးပေါင်းပြုလုပ်သော စစ်တမ်းအရ e-commerce ထောက်ပံ့ပို့ဆောင်ရေးအညွှန်းကိန်းသည် ဖေဖော်ဝါရီတွင် ၁၀၈ ဒဿမ ၉ ဖြင့် စံချိန်တင်ထားသည့် ယခုနှစ်၏အမြင့်ဆုံးကိန်းကို သြဂုတ်လ၏ အညွှန်းကိန်း ၁၀၈ ဒဿမ ၉ ဖြင့် ပြောင်းပြန်လှန်သွားခဲ့ကြောင်း၊ တိုးတက်မှုများသည် e-commerce ကဏ္ဍတွင်သာမဟုတ်ဘဲ  CFLP ၏အဆိုအရ တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးဈေးကွက်စွမ်းဆောင်ရည်ကို ခြေရာခံသည့်အညွှန်းကိန်းသည် စက်တင်ဘာလတွင် ၅၀ ဒဿမ၆ ရာခိုင်နှုန်း၊ သြဂုတ်လ ရာခိုင်နှုန်းအအညွှန်းကိန်းထက် ၄ ဒဿမ ၃ အထိတက်လာပြီး နှစ်လကြာ အရှုံးပေါ်နေသည့်လမ်းကြောင်းကို ပြောင်းပြန် လှန်ပစ်ခဲ့ကြောင်း CFLP  အရသိရသည်။

မက်ခရိုမူဝါဒများ အကောင်အထည်ဖော်ရာတွင် အကောင်းဘက်သို့ဉီးတည်လာခြင်း အိမ်သုံးစားသုံးမှုများ ပုံမှန်ပြန်လည်ကောင်းမွန်လာခြင်း၊ စွမ်းအင်နှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် လျင်မြန်စွာတိုးတက်လာခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးထောက်ပံ့မှုစွမ်းရည် ပြန်လည်ထူထောင်ခြင်းတို့ ကြောင့်ဟု China Logistics Information Center မှ သုတေသီ Hu Han က ပြောကြားခဲ့သည်။

ညွှန်းကိန်းခွဲအများစုသည် ပြီးခဲ့သည့်လကတက်လာခဲ့ကြောင်း၊ အမှာစာအသစ်များအတွက် အညွှန်းခွဲများသည် ဩဂုတ်လမှ ၃ ဒဿမ ၂ ရာခိုင်နှုန်း အထိ တက်လာပြီး အမှာစာများတိုးလာခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဈေးကွက်တွင် ဝယ်လိုအားပြန်လည်ရရှိလာကြောင်း CFLP ၏ လက်ထောက်ဥက္ကဋ္ဌ He Hui က ပြောသည်။

Hu က တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံသည် စက်တင်ဘာလတွင် အလုံးစုံချောမွေ့ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်း ပမာဏ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းနှင့် အညွှန်းကိန်းအသစ်များ ညွှန်ပြထားသည့်အတိုင်း e-commerce အမြန်ကွန်ရက်၏ ခိုင်မာ သောခံနိုင်ရည်အား သတိပြုမိကြောင်း ပြောကြားခဲ့သည်။ အမှာစာများနှင့် ၀င်ငွေများ တိုးလာခြင်းကြောင့် အရွယ်အစားအမျိုးမျိုးရှိ လုပ်ငန်းများ၏ အမြတ်အစွန်းသည် တိုးတက်မှုလက္ခဏာများ ပြသခဲ့ကြောင်း၊ တတိယသုံးလပတ်တွင် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်များသည် ယခင်သုံးလပတ် ထက် သိသိသာသာအားကောင်းလာကြောင်း၊ “စီးပွားရေးကို တည်ငြိမ်အောင်ထိန်းပြီး စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးမယ့် မူဝါဒတွေ တဖြည်း ဖြည်း အသက်ဝင်လာတာနဲ့အမျှ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှာ စီးပွားရေးလုပ်ငန်းတွေက အလုံးစုံတိုးတက်လာတာကို တွေ့ရပါတယ်” ဟု Hu က ပြောကြားခဲ့သည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ဖြစ်ပေါ်လာသော အနှောင့်အယှက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကပ်ရောဂါထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မည့်အစီအမံများကို ထုတ်ဖော်ခဲ့သည်။ စက်တင်ဘာလနှောင်းပိုင်းတွင် တရုတ်ဝန်ကြီးချုပ် Li Keqiang က မူဝါဒကို အကောင်အထည် ဖော်ရန် တိုက်တွန်းခဲ့ပြီး ချောမွေ့သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေးတို့ကို အာမခံချက်ပေးရန် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ရှေ့ကိုမျှော်ကြည့်ပါက ရှုပ်ထွေးသော နိုင်ငံတကာစီးပွားရေးအခြေအနေများ၊ ဒေသအများအပြားတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ ပြန်လည်ပေါ်ပေါက်လာခြင်းနှင့် အားနည်းသောဝယ်လိုအားတို့ကို ပေါင်းစပ်၍ စတုတ္ထသုံးလပတ်တွင် ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများကို ချိန်ဆနိုင်သည်ဟု သုံးသပ်သူများက ဆိုသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် Improving logistics indexes reflect China's economic recovery - News - 云桥网英文 (yunnangateway.com)

 

Category: China (Kunming)