China (Kunming)

တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု ဦးဆောင်နေသည့် မြို့ကြီး ၅ မြို့တွင် 'အခွန်ကင်းလွတ်စီးပွားရေး' အစီအစဉ်များ အစပျိုးရန်စီစဉ်ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှု ပိုမိုများပြားလာခြင်းဖြင့် စီးပွားရေးကိုမြှင့်တင်ရန် ရည်ရွယ်သည့် ၎င်း၏ Dual circulation Strategy ဟုခေါ်သည့် နှစ်ဆ လည်ပတ်မှုဗျူဟာကို ပံ့ပိုးရန် နောက်ထပ်နည်းလမ်းများကို ရှာဖွေနေရာ  တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုကို ဉီးဆောင်နေသည့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ တီယံကျင်းနှင့် ချုံချင်းမြို့ကြီး () မြို့တို့တွင် အခွန်လွတ်စီးပွားရေးအစီအစဉ်များ အစပျိုးခြင်းဖြင့် ယင်းမြို့ () မြို့အား နိုင်ငံတကာစားသုံးသူ ဗဟိုပြုမြို့များအဖြစ် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်စေမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့် ၂၀၃၅ မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ တီယန်ကျင်းနှင့် ချုံချင်း အပါအဝင် နိုင်ငံတကာစားသုံးသူ ဗဟိုပြုမြို့အများအပြားကို ငါးနှစ်မှ ၁၀ နှစ်အတွင်း ဖော်ဆောင်မည်ဖြစ်သည်။ ဘေဂျင်းနှင့် ရှန်ဟိုင်းတွင် နိုင်ငံတကာ အမှတ်တံဆိပ် များကို ပိုမိုဆွဲဆောင်ရန်၊ အခွန်လွတ်ဆိုင်အရေအတွက် တိုးမြှင့်ရန်၊ အခွန်လွတ် ကုန်ပစ္စည်းအမျိုးအစားများ ပိုမိုခွင့်ပြုရန်နှင့် စားသုံးသူတစ်ဦးလျှင် အခွန်လွတ်စျေး ဝယ်ခြင်းခွဲတမ်းကိုတိုးမြှင့်ရန် အစီအစဉ်များချမှတ်ထားပြီးဖြစ်ကြောင်း ဘေဂျင်းနှင့် ရှန်ဟိုင်းတို့က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး Wang Bingnan က မြို့ကြီးငါးမြို့စလုံးသည် ၎င်းတို့၏ အစီအစဉ်များကို မြှင့်တင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အကောက်ခွန်ကင်းလွတ်စျေးဝယ်ခြင်း Duty-free shopping သည် တရုတ်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် အစီအစဉ်တွင် ပိုမိုထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်နေ မည်ဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားနေသော စည်းမျဉ်းစည်းကမ်းအမျိုးမျိုး အသုံးပြုဖြိုခွင်းခြင်းသည် နိုင်ငံတကာအမှတ်တံဆိပ်များကို စိတ်ပျက်စေကာ အထက် တွင် အဆိုပြုထားသော စားသုံးသူမြို့များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်နိုင်သည်ဟု လေ့လာသုံးသပ်သူတစ်ဦးက ဆိုပါသည်။ အကောက်ခွန် ကင်းလွတ်စျေးဝယ် ခြင်းကို ချဲ့ထွင်ခြင်းသည် သုံးစွဲမှုကိုအားပေး၍ နိုင်ငံတကာခရီးသွားများ၏ အကျိုးခံစားခွင့်များထဲမှ တစ်ခုအဖြစ် စျေးဝယ်ခြင်းကိုနှစ်သက်သော ပြည်တွင်းစျေးဝယ် သူများကို ဆွဲဆောင်နိုင်ပြီး ပြည်ပမှ အနာဂတ် စျေးဝယ်သူများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အခွန်သက်သာခြင်းက သိသာထင်ရှားပြီး နားလည်တတ်ကျွမ်းသော ဈေးဝယ်သူအတွက်မူ တူညီသောကုန်ပစ္စည်းအမျိုးအစားအတွက် ပိုပေးဆောင်ခြင်းက သဘော တူညီချက်ချိုးဖျက်မှုတစ်ခုအဖြစ် မြင်လာနိုင်ကြောင်း  ဘောဂဗေဒပညာရှင် Heron Lim က ပြောပါသည်။

ဤအစီအစဉ်သည် ပြည်တွင်းဝယ်လိုအားကိုမောင်းနှင်ရန်အတွက် အရေးကြီးသောအင်ဂျင်နှစ်လုံးအဖြစ် စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အလေးပေးဖော်ပြသည့် ပေကျင်းမှ မှတ်ချက်နှင့်လည်း ကိုက်ညီကြောင်း ဗဟိုအစိုးရထံမှ အသေးစိတ်အချက်အလက်အပြည့်အစုံကို ယခုအချိန်တွင်မရရှိနိုင်သေးသော်လည်း၊ 'အခွန်ကင်း လွတ်စီးပွားရေး' ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာစျေးကွက် အဖွဲ့အစည်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှု များပါ ပူးတွဲတင်ပြထားကြောင်း Heron Lim မှ ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမှ စားသုံးသူများသည် ၂၀၁၉ ခုနှစ်တွင် အခွန်လွတ်ထုတ်ကုန်များအတွက် နိုင်ငံရပ်ခြားတွင် ယွမ်ငွေ ၁၈၀ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ) ကျော်သုံးစွဲခဲ့ပြီး ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ အခွန်လွတ်ရောင်းချမှုစုစုပေါင်း၏ ၄၀% ရှိကြောင်း သိရှိရပါသည်။ သို့သော် တရုတ်နိုင်ငံ၏ အခွန်လွတ်ဈေးကွက်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်လွတ်ရောင်းချမှု စုစုပေါင်း၏ % သာရှိပြီး တရုတ်စားသုံးသူများ၏ ကြီးမားသော အသုံးစရိတ်နှင့်နှိုင်းယှဉ်ပါက ပြည်တွင်းဈေးကွက်တွင် ကန့်သတ်ချက်များရှိနေကြောင်း၊ လက်ခံနိုင်သည်ဟု မှတ်ယူထားသည့်အရာများအပေါ် ကန့်သတ်ချက်များ ထားရှိခြင်းကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ တွန့်ဆုတ်နေကြလိမ့်မည်ဖြစ်ကြောင်း ဤကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် ပေကျင်းသည် နောက်ထပ်နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း သို့သော်လည်း ယင်းသို့စည်းမျဉ်းစည်းကမ်းအမျိုးမျိုး အသုံးပြုဖြိုခွင်းခြင်းကြောင့် စည်းမျဉ်းဆိုင်ရာ တည်ငြိမ်မှုမရှိခြင်းက တရုတ်နိုင်ငံ၏ မြို့တော်ကြီးများ၏ ဖွံ့ဖြိုးမှုအား အခြား နိုင်ငံကြီးများ၏ မြို့တော်ကြီးများ၏ ဖွံ့ဖြိုးမှုထက် နောက်ကျစေသည့် အဓိပ္ပါယ်ဖြစ်ကြောင်း Lim မှ ပြောကြားခဲ့ပါသည်။  

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် https://www.scmp.com/economy/china-economy/article/3153876 /china-plans-redirect-duty-free-spending-power-regulatory

 

Category: China (Kunming)