China (Kunming)

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်း စုစည်းပေါင်းစပ်သည့် ပြည်တွင်းဈေးကွက်သို့ ဉီးတည်

Last Updated:

တရုတ်နိုင်ငံတွင် မော်တော်ယာဉ်လုပ်ငန်း၏ ထုတ်လုပ်မှုလိုင်းကို ပိုမိုခိုင်မာစေရန်နှင့် သုံးစွဲသူများ၏ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် စုစည်းပေါင်းစပ်သော ပြည်တွင်းစျေးကွက်ကို တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံမှ သတင်းတစ်ခုက ဖော်ပြခဲ့သည်။

ယခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံသည် မြင့်မားသောထိရောက်မှု၊ စည်းမျဉ်းအခြေခံမှု၊ ပြိုင်ဆိုင်မှုနှင့် ပွင့်လင်းမြင်သာမှုများ တည်ဆောက်မြှင့်တင်ရာ တွင် ထိရောက်မှုမြင့်မားသည့် စုစည်းပေါင်းစပ်ထားသော ပြည်တွင်းစျေးကွက် unified market ကို အရှိန်အဟုန်မြှင့်တင်ရန် လမ်းညွှန်ချက် ထုတ်ပြန်ခဲ့သည်။ ယင်းလမ်းညွှန်ချက်တွင် ခေတ်မီသောလည်ပတ်မှုကွန်ရက်ကို တည်ဆောက်ခြင်း၊ စျေးကွက်သတင်းအချက်အလက် လမ်းကြောင်းများ ဖလှယ်ခြင်းနှင့် ငွေပေးငွေယူ ပလပ်ဖောင်းများ အဆင့်မြှင့်တင်ခြင်းအပါအဝင် စျေးကွက်ဆိုင်ရာ အဆောက်အအုံများ၏ အပြန် အလှန်ချိတ်ဆက်မှုကို မြှင့်တင်ပေးခြင်းတို့ကို အလေးပေးဖော်ပြခဲ့သည်။ ဆိုလိုသည်မှာ စက်မှုလုပ်ငန်းစုများကြားနှင့် စက်မှုကွင်းဆက်အထက်ပိုင်း နှင့် အောက်ပိုင်းအကြား ပေါင်းစပ်မှုအားကောင်းလာလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး ယခုအချိန်တွင် အဓိကသော့ချက်မှာ ပြည်တွင်းဝယ်လိုအားအပေါ် အခြေခံသည့် လည်ပတ်မှုကို မပိတ်ဆို့ရန်နှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော ကန့်သတ်ချက်များအားလုံးကို ဖြည်း ဖြည်းချင်း ရုတ်သိမ်းရန်ဖြစ်သည်။ လမ်းညွှန်ချက်တွင် စုစည်းထားသော စျေးကွက်စည်းမျဉ်းစည်းကမ်းများကို တည်ထောင်ရန်နှင့် ပြည်တွင်း အကာ အကွယ်ပေးမှုနှင့် စျေးကွက်ပိုင်းခြားခြင်းတို့ကို ချိုးဖျက်ရန် အလေးပေး ဖော်ပြထားသည်။

အချို့သော ဒေသန္တရအစိုးရများသည် မြင့်မားသောထောက်ပံ့ကြေးများနှင့် ချေးငွေပံ့ပိုးမှု သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို စွမ်းအင်သုံးကား များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စက်မှုလုပ်ငန်းဆိုင်ရာ အားသာချက်တစ်ခုအဖြစ်အသုံးပြုကြောင်း စုစည်းပေါင်းစပ်သော ပြည်တွင်းစျေး ကွက်ကို အရှိန်မြှင့်တည်ဆောက်ရာတွင် အနာဂတ်တွင် ဤဖြစ်စဉ်ကို ချေမှုန်းပစ်သင့်ပြီး မြို့ကြီးများအားလုံးသည် ညီတူညီမျှသောအဆင့်တွင် စွမ်းအင်သုံးယာဉ် ကုမ္ပဏီများကို ဆွဲဆောင်သင့်ကြောင်း ဒေသဆိုင်ရာအစိုးရများသည် ငွေကြေးထောက်ပံ့မှုများတွင် ပြိုင်ဆိုင်မှုလျှော့ချသင့်ပြီး လုပ်ငန်းများအတွက် ဝန်ဆောင်မှုများ တန်းတူရည်တူပေးအပ်သင့်ကြောင်း Zhejiang University's International Business School မှ တွဲဖက် ဒါရိုက်တာ Pan Helin မှ ပြောကြားခဲ့ပါသည်။ စွမ်းအင်သုံးကားသစ်များအတွက် ငွေကြေးထောက်ပံ့မှုမရှိပါက စက်မှုလုပ်ငန်းသည် ယင်းတို့၏ အမြတ်အစွန်းအား စုစည်းထားသော ပြည်တွင်းဈေးကွက်တွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စျေးကွက်မဟုတ်သော အတားအဆီး များကို သတိပြုသင့်ပြီး စားသုံးသူများကို ရွေးချယ်ခွင့်များ ပိုမိုရရှိစေသင့်ကြောင်း လေ့လာသုံးသပ်သူ Yang Xiaolin က သတိပေးခဲ့ပါသည်။

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်။         China continues on path to unified domestic auto market - News - Yunnan Express

 

Category: China (Kunming)