China (HongKong)

တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်မှာမည်သို့ဖြစ်မည်ကို မသိရှိကြောင်း အမေရိကန်ထိပ်တန်း ကုန်သွယ်‌ရေးစေ့စပ်ညှိနှိုင်းသူ Robert Lighthizer ကပြောကြားခဲ့ခြင်း

Last Updated:

ဒေါ်လာ ဘီလီယံပေါင်းများစွာရာချီ၍ အခွန်ပေးဆောင်ရမှုများ၊ ဖော်ပြ၍ မရသော ငွေပမာဏများ ကုန်ကျဆုံးရှုံးလျက်ရှိသည့် လယ်သမားများနှင့် စားသုံးသူများပါဝင်လျက်ရှိသည့်(၂) နှစ်ကြာ ဖြစ်ပွားလျက်ရှိသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၏ အဆုံးသတ်မှာ မည်သို့ဖြစ်မည်ကို မသိရှိကြောင်း အမေရိကန် ထိပ်တန်းကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူကပြောကြားခဲ့ကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ နယ်နိမိတ်သတ်မှတ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများနှင့် ပေကျင်းမှ ပြဋ္ဌာန်းလိုက်သည့် ဟောင်ကောင်‌ဒေသ အမျိုးသားလုံခြုံရေးဥပဒေအစရှိသည်တို့ကိုပါ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ တရုတ်နှင့်ရှယ်ယာများ ခွဲဝေဆောင်ရွက်နေသည့် ကနေဒါ၊ ဂျပန်နှင့် ဥရောပနိုင်ငံများနှင့်လည်း မိတ်ပျက်စေကြောင်း၊ သံမဏိ ထုတ်လုပ်သည့်တရုတ် ကုမ္ပဏီများနှင့် သံမဏိနှင့်အလူမီနီယံ ထုတ်လုပ်တင်ပို့သူများအ‌ပေါ် အခွန်‌ကောက်ခံသတ်မှတ်မှုကြောင့် အော်တာဝါ၊ တိုကျိုနှင့် ဘရပ်ဆဲလ်တို့မှလည်း ဝါရှင်တန်၏ ဆုံးဖြတ်ချက်အပေါ် ‌အမျက်ထွက်လျက်ရှိကြောင်း၊   အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ ပြုပြင်ဖွဲ့စည်းမှုအတွက် ဂျပန်၊ ဂျာမဏီနိုင်ငံတို့နှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ အမေရိကန်သမ္မတ‌ ဒေါ်နယ်လ်ထရန့်၏ ကုန်သွယ်ရေးမူဝါဒမှာ မဟာဗျူဟာမရှိဘဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥရောပနိုင်ငံများမှအချို့မှာလည်း တရုတ်နှင့်ဖြစ်ပွားနေသည့် ကုန်သွယ်‌ရေးစစ်ပွဲကို ဖြေရှင်းရန် ဝိုင်းဝန်းအဖြေရှာခြင်းမပြုလုပ်ဘဲ အဆိုပါအကျပ်အတည်းကို အသုံးချ၍ ၎င်းတို့၏ အကျိုးအမြတ်ရရှိရန် ဆောင်ရွက်လိုသူများရှိနေကြောင်း၊ဒေါ်နယ်လ်ထရန့်အုပ်ချုပ်မှုလက်အောက်တွင် အမေရိကန်သည် Trans Pacific Partnership ပူးပေါင်းဆောင်ရွက်မှုမှလည်း နှုတ်ထွက်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် ကုန်သွယ်မှုလိုငွေလျော့နည်းအောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကြောင့် အမေရိကန်ရှိ လယ်သမား များမှာ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၉ ခုနှစ်၌ ပို့ကုန် အမေရိကန် ဒေါ်လာ (၆.၇) ဘီလီယံကျဆင်းခဲ့ကြောင်း၊ အမေရိကန်၏ စီးပွားရေးမှာ အခွန်ကောက်ခံမှုကြောင့်ဆိုးရွားလျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Mark Magnier  က “ US negotiator Robert Lighthizer says I don’t know what the end goal is in trade war with China” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)