China (Kunming)

တရုတ်နှင့် ရုရှား နှစ်နိုင်ငံကုန်သွယ်မှု ပုံမှန်ရှိနေဆဲဖြစ်ပြီး နောင်တွင် ထပ်မံတိုးလာနိုင်ကြောင်း ရုရှားသည် ဇူလိုင်လတွင် တတိယအကြီးဆုံး ယွမ်ငွေပေးချေမှု ဈေးကွက်ဖြစ်လာကြောင်း သုံးသပ်သူများကဆို

Last Updated:

တရုတ်နိုင်ငံ၏ ငွေကြေးဖြစ်သော ယွမ်ငွေသည်  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တန်ဖိုးအားဖြင့် ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုများအတွက် ပဉ္စမအတက် ကြွဆုံးငွေကြေးအဖြစ် ရပ်တည်ခဲ့ပြီး တည်ငြိမ်သော နိုင်ငံတကာအသွင်ကူးပြောင်းရေးအရှိန်အဟုန်ကို အချက်ပြခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုများအတွက် ယွမ်ငွေကိုအသုံးပြုသော တတိယအကြီးဆုံးစျေးကွက် ဖြစ်လာကြောင်း ကမ္ဘာ့ဘဏ္ဍာရေးစာပို့ လုပ်ငန်း Society for Worldwide Interbank Financial Telecommunication (SWIFT) မှ ၁၉-၈-၂၀၂၂ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

ယွမ်၏ရှယ်ယာသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ၁.၈၆ ရာခိုင်နှုန်းရှိနေရာမှမြင့်တက်ခဲ့ပြီး ဇူလိုင်လတွင် ၂.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဗြိတိန်ပေါင်နှင့် ဂျပန်ယန်းတို့နောက်တွင်ရှိနေခဲ့ကြောင်း ယင်းတို့အနက် အမေရိကန်ဒေါ်လာနှင့် ယွမ်တို့သည် တစ်လအတွင်း အသုံးပြုမှု တိုးလာသည်ကိုတွေ့ရသည့် ငွေကြေးနှစ်မျိုးဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ၏ ရှယ်ယာသည် ဇွန်လတွင် ၃၈.၇၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်လတွင် ၄၁.၁၉ ရာခိုင်နှုန်းအထိတိုးလာပြီး ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုအများဆုံးငွေကြေးအဖြစ် ၎င်း၏ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထား ကြောင်း၊ ယူရိုငွေသည် ဇွန်လတွင် ၃၆.၄၆ ရာခိုင်နှုန်းမှ ဇူလိုင်လတွင် ၃၅.၄၉ ရာခိုင်နှုန်းသို့ကျဆင်းသွားပြီး ပေါင်သည်ဇွန်လတွင် ၇ ရာခိုင်နှုန်းရှိရာမှ မှ ဇူလိုင်လတွင် ၆.၄၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဂျပန်ယန်းရှယ်ယာသည်လည်း ၃.၄၆ ရာခိုင်နှုန်းမှ ၂.၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ ယူရိုဇုန်အတွင်း ပေးချေမှုများမပါဝင်သော နိုင်ငံတကာငွေပေးချေမှုများအရ ယွမ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ရှယ်ယာ ၁.၅၁ ရာခိုင်နှုန်းဖြင့် အဆင့်ခြောက် (ဆဌမ)နေရာတွင်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် မတည်ငြိမ်မှုများရှိနေသော်လည်း အခြားအဓိကငွေကြေးများနှင့်နှိုင်းယှဉ်ပါက ယွမ် ၏ဝေစုတိုးလာခြင်းသည် တည်ငြိမ်သောငွေလဲနှုန်းဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ယွမ်၏အသိအမှတ်ပြုမှုနှင့် လက်ခံမှုမှာ တည်ငြိမ်သောတိုးတက်မှုကို ကွက်ကွက်ကွင်းကွင်းသက်သေပြခြင်းဖြစ်ကြောင်း တွေ့မြင်ရကြောင်း ဝူဟန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ဒါရိုက်တာတစ်ဉီးက မှတ်ချက်ပြုပါ သည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်မှုအချို့ကိုပါ တွက်ချက်ပါက ယွမ်၏အသုံးပြုမှုဝေစုသည် ပို၍ပင်များပြားပါကြောင်း၊ တရုတ်ငွေ ကြေး၏ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှု ကြီးထွားလာမှု၏ အဓိကမှာ IMF သည် Special Drawing Rights-SDR ငွေကြေးခြင်းတောင်းတွင် တရုတ်ယွမ်ငွေကြေးကို ၁၀.၉၂ ရာခိုင်နှုန်းမှ ၁၂.၂၈ ရာခိုင်နှုန်းသို့ တန်ဖိုးမြှင့်တင်ခဲ့ကြောင်း၊ ယင်းခြင်းတောင်းထဲတွင် တရုတ်ငွေကြေးကို ထည့်သွင်း ခဲ့ချိန် ၂၀၁၆ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်ပြုလုပ်သော SDR တန်ဖိုးပုံမှန်ဆန်းစစ်ခြင်းတွင် ထိုသို့မြှင့်တင်ပေးခဲ့ကြောင်း ယင်းခြင်းတောင်းထဲတွင် ၂၀၁၆ ခုနှစ်မှစတင်၍ တရုတ်ငွေကြေးကိုထည့်သွင်း ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဗဟိုဘဏ်က၂၀၂၂ခုနှစ်၊ မေလတွင် ထုတ်ပြန်ချက်တစ်ခုအရ သိရှိရ ပါသည်။    

GT Everbright Bank မှ မက်ခရိုစီးပွားရေးလေ့လာသုံးသပ်သူ Zhou Maohua မှ ရှယ်ယာများတိုးလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာ မှုများကြားတွင် ယွမ်၏ နိုင်ငံတကာသို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာခြင်းကို သက်သေပြနေသော်လည်း ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုတွင် ယွမ်အချိုးသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်မှုပမာဏနှင့် မကိုက်ညီသေးကြောင်း၊ ကြီးမားသောတိုးတက်မှုအလားအလာကို ညွှန်ပြ၍ ပြောကြားခဲ့ကြောင်း၊ ပေးချေမှုအချိုးအစားသည် အမေရိကန်ဒေါ်လာနှင့် ယူရိုနှင့်နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်ရန် နေရာများစွာကျန်ရှိနေသေး ကြောင်း၊ နိုင်ငံတကာ ငွေပေးချေမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အရန်ငွေများတွင် ယွမ်၏အခန်းကဏ္ဍသည် ဆက်လက်တိုးမြင့်လာမည်ဟု ခန့်မှန်းထား ကြောင်း Zhou က ပြောကြားခဲ့သည်။

ပို၍မှတ်သားထိုက်သည်မှာ ရုရှားသည် ယွမ်ငွေပေးချေမှုအတွက် တတိယအကြီးဆုံးဈေးကွက်ဖြစ်လာခဲ့ကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့် ရဒေသသည် တရုတ်ပြည်မကြီးပြင်ပတွင် ယွမ်ငွေလွှဲပြောင်းမှု၏ ထိပ်တန်းရင်းမြစ်ဖြစ်ပြီး စုစုပေါင်း၏ ၇၃.၈ ရာခိုင်နှုန်းရှိကာ ယင်းနောက်တွင် ဗြိတိန်က ၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဒုတိယဖြစ်ပါကြောင်း၊ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်နှင့် ရုရှားကြား တည်ငြိမ်သောကုန်သွယ်မှု ခုန်တက်သွားခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြကြောင်း၊ ဇူလိုင်လတွင် တရုတ်နှင့် ရုရှားကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၉ ဘီလီယံ ရှိခဲ့ကြောင်း၊ ယင်းတို့အနက် ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံ၏ ပို့ကုန် ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံရှိပြီး  ရုရှားမှ တရုတ်၏ သွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၀၂ ဘီလီယံရှိခဲ့ ကြောင်း ဇွန်လမှစတင်ကာ နှစ်ခုစလုံး တိုးတက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ပထမ (၇) လတွင် တရုတ်နှင့် ရုရှားကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ်နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၉၇.၇၁ ဘီလီယံအထိရှိပြီး ယခုနှစ်ပထမနှစ်ဝက်ထက်  ၁.၈ ရာခိုင်နှုန်း အရှိန်မြှင့်ခဲ့ကြောင်း၊ ရုရှားကုမ္ပဏီများနှင့် ဘဏ်များသည် ဇူလိုင်လ တွင် နိုင်ငံတကာ ယွမ်ငွေပေးချေမှု၏ ၄ ရာခိုင်နှုန်းနီးပါးတွင် ပါဝင်ပတ်သက်နေကြောင်း SWIFT ၏ အစီရင်ခံစာက ပြသခဲ့ကြောင်း ၎င်းသည် ယခင် လကထက် ၁ ဒသမ ၄၂ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ခဲ့သည့် ဖေဖော်ဝါရီလတွင် သုညမှ တိုးလာခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်ရှိနေပါက ရှယ်ယာအသုံးပြုမှုမှာ ဆက်လက်တိုးလာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်မှု တွင် ပြည်တွင်းသုံးငွေ ပေးချေမှုဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ကုန်သည်များအတွက် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စေရန်နှင့် အမေရိကန်ဒေါ်လာ ကြီးစိုးနေခြင်းကို ရှောင်ရှားရန် ပိုမို အဆင်ပြေစေကြောင်း လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။ 

တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအစောပိုင်းတွင် ရုရှားစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Maxim Reshetnikov နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံမှုအတွင်း တရုတ်-ရုရှားကုန်သွယ်မှုသည် ယခုနှစ်အစပိုင်းမှစပြီး တိုးတက် မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဖြတ်ကျော် e-commerce နှင့် ဝန်ဆောင်မှုများတွင် ကုန်သွယ်မှု စသည့်တိုးတက်မှုနယ်ပယ်သစ်များသို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရင်း အဓိကကုန်စည်ကုန်သွယ်မှုကို ခိုင်မာ အောင် ဆက်လက်ဆောင်ရွက်သင့်ပြီး တရုတ်-ရုရှား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရန်၊ Wang က ပြောကြားခဲ့ကြောင်းဖေါ်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် www.globaltimes.cn/page/202208/1273401.shtml

 

 

 

 

 

Category: China (Kunming)