China (Kunming)

တရုတ်နှင့် အီးယူတို့ ကော်ဖီလုပ်ငန်းဒေသဆိုင်ရာအညွှန်း GI အပေါ် သဘောတူညီမှုရရှိပြီးနောက် ယူနန်ရှိ စိုက်ပျိုးတောင်သူများအတွက် အခွင့်အလမ်းများရရှိလာခြင်း

Last Updated:

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကော်ဖီသောက်သုံးမှု အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရုံသာမက ကော်ဖီထုတ်လုပ်သူအဖြစ် အခန်းကဏ္ဍကို ချဲ့ထွင်ရန်လည်း ရှာဖွေနေလျှက်ရှိရာ  ယခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား သဘောတူညီမှုရရှိပြီးနောက် နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည် နယ်သည် ၎င်း၏  အကျော်ကြားဆုံးသော ကော်ဖီစေ့များအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ပါကြောင်း တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ပေါင်စန်း Baoshan မြို့ရှိ ကော်ဖီစိုက်ပျိုးသူများသည် ရိတ်သိမ်းတော့ဖြစ်ရာ  ရိတ်သိမ်းပွဲတော်ကြီး နီးကပ်လာသည်နှင့်အမျှ ဤကော်ဖီစေ့ စိုက်ပျိုးခြင်းမှ ၀င်ငွေရရှိ တော့မည့်အချိန်ကို မျှော်လင့်စောင့်စားနေကြကြောင်း ၂၅-၁၂-၂၁ စီဂျီတီအမ်သတင်းတွင် ဖေါ်ပြထားပါသည်။  

ကော်ဖီစေ့များ၏ အရည်အသွေးအပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားမှုရှိကြောင်း ကော်ဖီ (ချယ်ရီ) သီးများ အရင်ဆုံးအခွံခွာပြီး ဈေးကွက်မဝင်ခင် အခြောက်ခံပါကြောင်း ယင်းအခြောက်ခံထားသော ကော်ဖီစေ့များကို အနည်းဆုံး တစ်ကီလိုလျှင် ၂၂ ယွမ်ဖြင့် ရောင်းချပါကြောင်း၊ ကြီးမားသော Gaoligong တောင်များ၏ခြေရင်းတွင် တည် ရှိသော ပေါင်စန်းမြို့ Baoshan သည် ကမ္ဘာပေါ်ရှိ ကော်ဖီအမျိုးအစားများထဲမှ တစ်ခုဖြစ်သည့် အရည်အသွေးမြင့် အာရေဗျကာကော်ဖီစိုက်ပျိုးရန်အတွက် ဂျမေကာရှိ Blue Mountains နှင့် ဆင်တူသော ထူးခြားသော မြေပြင်အနေအထားနှင့် ရာသီဥတုမျိုးရှိ၍ စံပြနေရာဖြစ်စေကြောင်း ကော်ဖီ တောင်သူမှ ရှင်းပြပါသည်။

လွန်ခဲ့သောနှစ်နှစ်က ဒေသခံလယ်သမားများသည် ကော်ဖီစေ့တန်ချိန်ပေါင်း ၄၄,၀၀၀ စိုက်ပျိုးတင်ပို့ရောင်းချခဲ့ကြကြောင်း၊ ယခုနှစ် မတ်လတွင် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် ဒေသဆိုင်ရာ အညွှန်းကိန်းများဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရရှိပြီးနောက် ပေါင်စန်းမြို့ ကော်ဖီလုပ်ငန်းသည် ပိုမိုကြီးမားသော အလားအလာရရှိခဲ့ပါကြောင်း၎င်းသည် ဥရောပနှင့် တရုတ်နိုင်ငံ၏ အထင်ကရထုတ်ကုန် ၂၀၀ ခန့်ကို အကာအကွယ်ပေးသည့် သဘောတူညီချက် တစ်ခုဖြစ်ပါ ကြောင်း Yang Jinghao ပြောပြချက်အရ သိရှိရပါသည်။

အခြားသော လယ်သမားတစ်ဉီးသည်လည်း ကော်ဖီလုပ်ငန်းတွင် နှစ်ပေါင်းများစွာ ဆောင်ရွက်ပြီး ဂျာမနီကဲ့သို့သော စျေးကွက်ကို ယင်း၏ထုတ်ကုန်အတော်များများ အား တင်ပို့လျှက်ရှိပါကြောင်းနှင့် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် ဒေသဆိုင်ရာ အညွှန်းကိန်းများဆိုင်ရာ သဘောတူညီချက်တွင် ပေါင်စန်းဒေသထွက် အာရေဗျ ကော်ဖီပါဝင်ခွင့် ရရှိခြင်းသည် ပေါင်စန်းရှိ ကော်ဖီလုပ်ငန်းတစ်ခုလုံးကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း ယူနန် ကော်ဖီအသင်း ဉက္ကဌက မှတ်ချက်ပြုပါသည်။   

ဒေသထုတ်ကုန်များသည် အရည်အသွေးကောင်းမွန်ပြီး အရသာကောင်းမွန်ကြောင်း၊ ဆိုလိုသည်မှာ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသည့် သဘောတူ ညီချက်ဖြစ်ပါကြောင်း အဆိုပါသဘောတူညီချက်သည် ရေရှည်တွင် ကျွန်ုပ်တို့၏ ညှိနှိုင်းနိုင်စွမ်းအားကို တိုးမြှင့်ပေးမည်ဖြစ်ပြီး အစိုးရအနေဖြင့် အထောက်အပံ့ မူဝါဒအသစ်အချို့ကို မိတ်ဆက်ပေးမည်ဟု ယူနန်ကော်ဖီအသင်းမှအကြီးအကဲ LI XIAOBO က ယုံကြည်ပါကြောင်း၊ သို့သော် COVID ကူးစက်ရောဂါကြောင့် Baoshan ကော်ဖီတင်ပို့မှု သိသိသာသာကျဆင်းသွားပါကြောင်း၊ သို့သော် တာဝန်ရှိသူများက ၎င်းတို့သည် ယုံကြည်ချက်ရှိပြီး ရေရှည်ပန်းတိုင်သို့ ဦးတည် လုပ်ဆောင်နေသည်ဟု ဆိုကြောင်း သိရှိရပါသည်။

ပေါင်စန်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဗျူရိုမှ LI ZHENGYAO လက်ထောက်ဌာနမှူးက  နောက်အဆင့်တွင် စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုး တက်ရေးကို တွန်းအားပေးမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် ကျွန်ုပ်တို့သည် ကော်ဖီသီးများနှင့် ကော်ဖီဆိုင်များစွာအတွက် ဗဟိုချုပ်ကိုင်မှုရှိသော စီမံဆောင်ရွက် ပေးမည့်စင်တာတစ်ခုကို တည်ဆောက်၍ အထူးပြုကော်ဖီအချိုးအစားကို ၈၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်သွားရန် ရည်မှန်းထားပါကြောင်း၊ အချို့သော ထုတ်လုပ် သူများသည် ထုတ်ကုန်ဖွဲ့စည်းပုံတွင် အသွင်ကူးပြောင်းမှုကိုလည်း မျှော်လင့်နေကြကြောင်း သိရှိရပါသည်။

ယူနန်ကော်ဖီအသင်း အကြီးအကဲ LI XIAOBO က ပို့ကုန်များ အခြေအနေပြန်ကောင်းလာမယ်ဟု ယုံကြည်ပါကြောင်း ကမ္ဘာ့ဈေးကွက်ကို ပံ့ပိုးပေးမယ့်အရာများမှာ ကုန်ကြမ်းကော်ဖီစေ့များသာမကဘဲ အအေးနည်းစဉ်ဖြင့်ကျိုထားသော ကော်ဖီနှင့် အေးခဲအခြောက်ခံထားသော ကော်ဖီကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်များပါ ပါဝင်ပါ ကြောင်း၊ မူဝါဒနှင့် ငွေကြေးပံ့ပိုးမှုအပြင် စွမ်းရည်မြှင့် စိုက်ပျိုးခြင်းသည် ဤလုပ်ငန်း၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း ဖေါ်ပြထားပါသည်။

ဒေသဆိုင်ရာအညွှန်း Geographical Indication-GI သည် မူရင်းဒေသတစ်ခုမှ ထွက်ရှိပြီး အရည်အသွေးမြင့်မား ကောင်းမွန်နေလျှင် သို့မဟုတ် မူရင်းထွက်ရှိရာဒေသ ၏ အမည်ဖြင့်တွဲလျှက် ထင်ပေါ်ကျော်ကြားနေလျှင် အဆိုပါထုတ်ကုန်သည် ဒေသဆိုင်ရာ အညွှန်းမူပိုင်ခွင့်ဖြင့် အကာအကွယ်ရရှိနိုင်သော ကုန်ပစ္စည်းဖြစ်၍ ဒေသ တစ်ခုမှ မူလစတင်ထွက်ရှိသော ထွက်ကုန်တစ်ခုဖြစ်ကြောင်း သတ်မှတ်ဖော်ပြချက် အမှတ်အသားတစ်ခုဖြစ်ပြီး အာဆီယံနိုင်ငံများတွင် GI ထွက်ကုန်စုစုပေါင်း ၅၃၉ ခု မှတ်ပုံတင်ထားကြောင်း အာဆီယံ၏ GI ဝက်ဘက်ဆိုဒ်အရ သိရှိရပါသည်။  

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

အရင်းအမြစ်။  () https://news.cgtn.com/news/20211225/VHJhbnNjcmlwdDYxNDUz/ index.html

                     () https://www.ipd.gov.mm/trademark/geographical-indications/understanding-geographical-indications-gis   

                     () http://www.asean-gidatabase.org/gidatabase/gi-search-2

Category: China (Kunming)