China(Nanning)

တရုတ်ပြည်တွင်း ဓာတ်မြေဩဇာဈေးကွက်အခြေအနေ

Last Updated:

SunSirs မှ ရရှိသည့်စာရင်းများအရ တရုတ်ပြည်တွင်း ပိုတက်ဆီယမ်ဆာလ်ဖိတ်ဈေးကွက်မှာ ဖေဖော်ဝါရီလလယ်တွင် ဆက်လက် မြင့်တက်နေပြီး၊ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းမှာလည်း အတိုင်းအတာတစ်ခုအထိ မြင့်တက်နေပါသည်။ ဖေဖော်ဝါရီ ၁၇ ရက် နေ့တွင် ပြည်တွင်းပိုတက်ဆီယမ်ဆာလ်ဖိတ် ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင်ယွမ်ငွေ (၄,၃၃၃.၃၃) ဖြစ်ပြီး၊ ဖေဖော်ဝါရီလဆန်း က ထက် (၄.၈၄) ရာခိုင်နှုန်း မြင့်တက်လာပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပိုတက်ရှ်ဓာတ်မြေဩဇာဈေးကွက်မှာ အရှိန်မြင့်နေပါသည်။ ပြည်တွင်း ပိုတက်ရှ်ဓာတ်မြေဩဇာရောင်း ချသူများ များပြားလာပြီး၊ ဆားကန် (salt lake) နှင့် Zangge potassium chloride တို့၏ ဈေးနှုန်းများမှာ တည်ငြိမ်နေကာ၊ ပမာဏမှာလည်း တဖြည်းဖြည်းတိုးမြင့်လာပါသည်။ သို့သော်ငြားလည်း ဈေးကွက်ရောင်းလိုအားတွင် အကန့်အသတ်ရှိနေဆဲဖြစ် ကာ၊ ရောင်းလိုအား အတန်အသင့် ကြပ်နေဆဲဖြစ်ပါသည်။

Potassium chloride မှာမူ Mannheim လုပ်ငန်းများအတွက် ပံ့ပိုးမှုအချို့ရရှိထားရာ ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် အပြုသဘော သက်ရောက်မှုရှိပါသည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းများ၏ ထုတ်လုပ်မှုမှာ အထိုက်အလျောက်နည်းပါးနေပြီး၊ စုစုပေါင်း လည်ပတ်နေသည့်နှုန်းမှာ (၅၀) ရာခိုင်နှုန်းအောက်တွင်သာ ရှိနေရာ ဈေးအမြင့်ပိုင်းတွင် အတက်အကျရှိနေပါသည်။ potassium sulfate ကို လက်ငင်းရောင်းချမှုမှာလည်း ရောင်းလိုအား ဆက်လက်တင်းကြပ်နေဆဲဖြစ်ပြီး၊ ဝယ်လိုအားဘက်မှလည်း ဆောင်းရာသီ လိုအပ်ချက်ကြောင့် ဝယ်လိုအား ပြန်လည်မြင့်တက်လာသည့် အနေအထားဖြစ်သောကြောင့် ဖေဖော်ဝါရီလလယ်ပိုင်းတွင် ဈေးကွက် မြင့်မားနေပါသည်။

ဆောင်းရာသီအစပိုင်းတွင် သိုလှောင်ထားသည့် ဓာတ်မြေဩဇာများကို ကုန်သည်များက အသုံးပြုပြီးနောက် ပြည်တွင်းပိုတက်ရှ် ဓာတ်မြေဩဇာစာချုပ်အချို့ကို မကြာသေးမီကချုပ်ဆို၍ ဆောင်ရွက်နေပြီး၊ ဈေးကွက်အခြေအနေအပေါ် အကောင်းဘက်မှရှုမြင် လျက်ရှိကြကာ၊ ရေတိုကာလတွင် ဈေးနှုန်းဆက်လက်မြင့်တက်နေနိုင်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၁၈-၂-၂၀၂၂)

 

Category: China(Nanning)