China (Kunming)

တရုတ်ပြည်တွင်း ပဲပုတ်ဈေးကွက် ဇူလိုင်လတွင်အားပျော့

Last Updated:

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်ပြည်တွင်းပဲပုပ်ဈေးကွက်သည် တစ်တန်လျှင် ၆,၁၀၀ ယွမ်ခန့်သာရှိသော စျေးကွက်အတွင်း အတက်အကျ အနည်းငယ်ဖြင့် အားနည်းပြီး တည်ငြိမ်ခဲ့ကြောင်း ယခုလအစတွင် ပြည်တွင်းပေါက်ဈေးမှာ တစ်တန်လျှင် ၆,၁၆၄ ယွမ် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြည်တွင်းဈေးကွက် ပျမ်းမျှဈေးသည် တစ်တန်လျှင် ၆,၁၂၅ ယွမ်ဖြစ်ပြီး ၀.၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း SunSirs ၏ စောင့်ကြည့် လေ့လာသည့် အချက်အလက်အရ ဖေါ်ပြထားပါသည်။

၂၀၂၂ ခုနှစ်၊  ဇူလိုင်လမှစတင်၍ ယင်းထွက်ကုန်များ ၀ယ်လိုအား ဆက်လက်ကျဆင်းလာကာ ပြည်တွင်းဈေးကွက်မှာ အားပျော့ပြီး ပဲပုပ်အသစ်များ ကြီးထွားလာချိန်၌ ပဲပုပ်ဟောင်းရောင်းလိုအား လျော့ကျလာကာ နိုင်ငံပိုင်လေလံဈေးကွက်တွင် အရောင်းအဝယ်ကျဆင်းပြီး ပြည်တွင်းပဲပုပ်ဈေး ကွက်မှာ ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း၊ ဇူလိုင်လလယ်တွင် နိုင်ငံတော်အရန် လေလံရောင်းချမှုနှုန်းမှာ အလွန်နည်းပြီး အရောင်းအ၀ယ် သမားများက ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် သတိထားခဲ့ကြကြောင်း၊ ပြည်တွင်းဈေးကွက်မှာ သိသိသာသာကျဆင်းသွားပြီး ပဲဈေးကွက်မှာ ပျော့ပြောင်း၍ ခန့်မှန်းရန် ခက်ခဲနေကြောင်း၊ ယခုလကုန်တွင် ပြည်တွင်းဈေး အပြောင်းအလဲနည်းသဖြင့် ကုန်သည်များ တင်ပို့ရောင်းချကြကြောင်း၊ အတက်အကျ အနည်းငယ်သာရှိကြောင်း၊ ယင်းထွက်ကုန်များ ၀ယ်လိုအားမှာ အပြောင်းအလဲနည်းနေပြီး terminal ဝယ်လိုအား တိုးတက်လာရန် ခက်ခဲကြောင်းနှင့် ပြည်တွင်းဈေးကွက်သည် အနာဂတ်တွင် အားနည်းနေဦးမည်ဟု SunSirs ၏ စိုက်ပျိုးရေးထွက်ကုန် လေ့လာဆန်းစစ်သူက သုံးသပ်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် SunSirs: Domestic Soybean Market Was Weak in July

 

Category: China (Kunming)