China(Nanning)

တရုတ်ပြည်တွင်းဈေးကွက်၌ ဝက်အရှင်ဈေးနှုန်း ပြန်လည်မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံတွင် နိုဝင်ဘာလဆန်းမှစ၍ ဝက်ဈေးနှုန်းများ လျင်မြန်စွာ ပြန်လည်မြင့်တက်လာသဖြင့် မွေးမြူသူများဘက်မှ ဝယ်လိုအားများလာသဖြင့် ရောင်းလိုအား နည်းပါးနေခဲ့သည့် ပြည်တွင်းဝက်အရှင်ဈေးကွက်မှာ တိုးတက်မှုများရှိလာပါသည်။ နိုဝင်ဘာလ (၄) ရက်နေ့ရှိ ဝက်အရှင်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၁၆.၃၃) ဖြစ်ပြီး၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းထက် (၄၄.၁၃) ရာခိုင်နှုန်း ပိုလာခဲ့ပါသည်။ လတ်တလောတွင် တရုတ်နိုင်ငံရှိ ဝက်ဈေးနှုန်း မှာ ၎င်းဈေးနှုန်းဝန်းကျင်တွင် ဆက်လက်ရှိနေနိုင်ပြီး၊ ရေတိုကာလအတွင်း အတက်အကျများစွာမဖြစ်နိုင်သေးကြောင်း ခန့်မှန်းထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၅-၁၁-၂၀၂၁)

Category: China(Nanning)