China(Nanning)

တရုတ်ပြည်တွင်းပဲပုပ်ဆီဈေးကွက် ခန့်မှန်းချက်

Last Updated:

မတ်လ (၁၅) ရက်နေ့တွင် Dachang exchange ၏ ပဲပုပ်ဆီကြိုရောင်း ကြိုဝယ်ဈေးနှုန်းမှာ (၁.၆၅) ရာခိုင်နှုန်းကျဆင်းခဲ့ကာ တစ်တန်လျှင် ယွမ်ငွေ (၁၀,၂၃၀) ရှိခဲ့ပါသည်။ ကမ်းရိုးတန်းဒေသတွင် ပထမတန်းစား ပဲပုပ်ဆီဈေးကွက်ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၁၀,၈၈၀)မှ (၁၁,၅၀၀) ကြားဖြစ်ပြီး၊ ယခင်နေ့ကထက် တစ်တန် လျှင် ယွမ် ၂၂၀ မှ ၂၅၀ ကြား ကျဆင်းသွားခဲ့ပါသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံ မြောက်ပိုင်း၌ ပေါက်သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၀,၈၈၀) မှ (၁၀,၉၀၀) ကြား၊ တရုတ်နိုင်ငံအရှေ့ပိုင်း၌ ပေါက်သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၀,၉၄၀) မှ (၁၁,၄၈၀) ကြား၊ တရုတ်နိုင်ငံတောင်ပိုင်း၌ ပေါက်သည့်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၁၁,၂၈၀) မှ (၁၁,၅၀၀) ကြား အသီးသီးဖြစ်ပါသည်။ မကြာသေးမီက ကုန်ချောထုတ်လုပ် သည့် လုပ်ငန်းအချို့၏ လက်အလွှဲအပြောင်းဈေးနှုန်းမှာ သိသိသာသာ တိုးတက်ခဲ့ပြီး၊ အချို့ လုပ်ငန်းများ၏ ဈေးနှုန်းများမှာ မှန်ကန်လာသည်ကို တွေ့ရပါသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်ပြည်တွင်းပဲပုပ်ကြိတ်ခွဲမှုကျဆင်းခဲ့သော ကြောင့် ပဲပုပ်ဆီထုတ်လုပ်မှု ကျဆင်းခဲ့ပါသည်။ ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းများ၏ ဖြန့်ဖြူးမှုနှုန်းမှာ ပျမ်းမျှသာ ဖြစ်ခဲ့ပြီး၊ ပဲပုပ်ဆီသိုလှောင်ထားရှိမှုမှာလည်း ဆက်လက် ကျဆင်းနေခဲ့ပါသည်။

          တရုတ်နိုင်ငံရှိ အဓိကဆီစက်ရုံမျာ၏ ပဲပုပ်ဆီသိုလှောင်ထားရှိမှုမှာ တန်ချိန် (၇၃၀,၀၀၀) ရှိခဲ့ပြီး၊ ပြီးခဲ့သော ရက်သတ္တပတ်ကထက် တန်ချိန် (၁)သောင်းခန့် လျော့နည်းခဲ့ကာ၊ ပြီးခဲ့သည့် လကထက် တန်ချိန် (၈) သောင်း၊ ပြီးခဲ့သည့်နှစ်ကထက် တန်ချိန် (၃)သောင်းလျော့နည်းခဲ့ပါသည်။ ၎င်းသိုလှောင်မှုမှာ ပြီးခဲ့သည့် (၃)နှစ် အတွင်း ပျမ်းမျှသိုလှောင်မှုထက် တန်ချိန် (၄၅၀,၀၀၀) လျော့နည်းခဲ့ပါသည်။ တရုတ်ပြည်တွင်း ပဲပုပ်ရောင်းလိုအားမှာ တင်းကြပ်နေဆဲဖြစ်ပြီး၊ မတ်လအတွင်း ပဲပုပ်ကြိတ်သည့်ပမာဏ တိုးမြင့်နိုင်ရန် အခက်အခဲရှိပါသည်။ ထို့ကြောင့် ရေတိုကာလတွင် ပဲပုပ်ဆီသိုလှောင်မှုမှာ လျော့နည်းနေဦးမည် ဖြစ်ပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံတို့အကြား စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေရာ ဈေးကွက်အတွင်း စိုးရိမ်ပူပန်မှုများ လျော့ကျလာ ခဲ့ပြီး၊ နိုင်ငံတကာရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) ခန့် လျင်မြန်စွာကျဆင်းလာပါသည်။ မလေးရှား စားအုန်းဆီမှာ တဖြည်းဖြည်းတိုးမြင့်လာပြီး၊ အင်ဒိုနီးရှား၏ ပြည်တွင်း၌ စားအုန်းဆီသိုလှောင်မှုမှာလည်း သိသိသာသာမြင့်တက် လာပါသည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့် စားအုန်းဆီတင်ပို့မှု ကန့်သတ်ချက်များကို ပြန်လည်ချိန်ညှိလိမ့်မည်ဟု ဈေးကွက် အတွင်း သုံးသပ်နေကြပြီး၊ စားအုန်းဆီရောင်းလိုအား နောက်ပိုင်းတွင် ပြန်လည်များပြားမည်ဟု မျှော်လင့်ထားကြပါသည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံ၏ နေရာအများအပြားတွင် ကပ်ရောဂါဖြစ်ပွားမှုနှုန်း များပြားနေရာ ဆီဈေးနှုန်းကို ကျဆင်းလာစေ ပါသည်။ မတ်လနှောင်းပိုင်း၌ ပြည်တွင်း ပဲပုပ်ပမာဏအတော်များများမှာ ဟောင်ကောင်သို့ ပိုမိုရောက်ရှိလာပြီး၊  နိုင်ငံတော် အရန် သိုလှောင်မှုအတွက် ပဲပုပ်များတင်သွင်းမည့် လေလံမှာလည်း စတင်နေပြီဖြစ်ရာ၊ ပဲပုပ်ရောင်းလိုအား ကြပ်နေသည့်အခြေအနေမှာ ပြေလျော့သွားမည်ဟု မျှော်လင့်ထားပါသည်။ ပဲပုပ်ဆီ အခြေခံဈေးနှုန်းကိုးကားချက်မှာလည်း ဈေးအမြင့်ပိုင်းမှ ပြန်လည်လျှောကျ လာဖွယ်ရှိပါသည်။

ခြုံငုံ၍ သုံးသပ်ရလျှင် ရေတိုကာလ၌ တရုတ်ပြည်တွင်းနှင့် ပြည်ပတွင် ဆီရောင်းလိုအား တင်းကြပ်နေဉီးမည်ဖြစ်ပြီး ဈေးနှုန်း အမြင့်ပိုင်း၌ ရှိနေဆဲဖြစ်သော်လည်း၊ ဆက်လက်ကျဆင်းတော့မည့် အရိပ်အယောင်များကို မြင်တွေ့နေရပါသည်။ ရုရှားနှင့် ယူကရိန်း တင်းမာမှုလျော့ကျလာခြင်း၊ စားအုန်းဆီထုတ်လုပ်မှု ပြန်လည်နာလန်ထူလာခြင်းနှင့် ကမ္ဘာ့မြောက်ခြမ်းဒေသများ၌ နွေဉီးရာသီစိုက်ပျိုးမှုများ စတင်ခြင်းတို့မှာ ဆီဈေးမှာ အကျဖြစ်စေမည့် အဓိကအချက်များဖြစ်ကြပါသည်။

ယခုရက်သတ္တပတ်တွင် တရုတ်ပြည်တွင်း ဆီဈေးနှုန်း သိသိသာသာပြင်ဆင်ခဲ့ပြီး၊ ပဲဆီများနှင့် ဟင်းသီးဟင်းရွက်ဆီများအကြား ဈေးနှုန်းကွာဟချက်မှာ ကျဉ်းမြောင်းလာသည်ကို တွေ့ရပါသည်။ မတ်လ (၁၅) ရက်နေ့တွင် ပဲပုပ်ဆီ၏ အဓိကအစိတ်အပိုင်းဖြစ် သည့် ၂၂၀၅ ၏ စာချုပ်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂,၁၆၂) ဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက တစ်တန် လျှင် ယွမ်ငွေ (၃၉၃) ကျဆင်းခဲ့သော်လည်း၊ ပြီးခဲ့သည့်လ၏ ဈေးနှုန်းထက် တစ်တန်လျှင် (၁၉၆) ယွမ်တက်လာကာ၊ ပြီးခဲ့သည့် နှစ်ဈေးနှုန်းထက် တစ်တန်လျှင် (၇၄၃) ယွမ် မြင့်တက်လာခြင်း ဖြစ်ပါသည်။ ၂၂၀၉ ၏ စာချုပ်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂,၀၂၅) ဖြစ်ကာ၊ ပြီးခဲ့သည့် ရက်သတ္တပတ် ကထက် တစ်တန်လျှင် (၄၁၅) ယွမ်ကျဆင်းခဲ့ပါသည်။ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသများတွင် ပဲပုပ်ဆီလက်ငင်းရောင်းဝယ်သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁,၈၁၀) ဖြစ်ပြီး၊ ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် တစ်တန်လျှင် (၄၃၀) ယွမ်ကျဆင်းခဲ့ကာ၊ ပြီးခဲ့သည့်လကထက် တစ်တန်လျှင် (၂၄၀) ယွမ် မြင့်တက်လာ ပြီး၊ ပြီးခဲ့သည့် နှစ်ကထက် တစ်တန်လျှင် (၁,၀၃၀) ယွမ် မြင့်တက်ခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ National grain and oil information center (၁၆-၃-၂၀၂၂)

Category: China(Nanning)