China(Nanning)

တရုတ်ပြည်တွင်းသကြားဈေးကွက် အခြေအနေ

Last Updated:

မတ်လ (၉) ရက်နေ့တွင် ယူနန်ပြည်နယ်ရှိ သကြား လက်ငင်းအရောင်းအဝယ်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၇၀၀) ဖြစ်ပါ သည်။  အသစ်ထုတ်လုပ်သည့် သကြား လက်ငင်းအရောင်းအဝယ်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၅,၆၉၀) မှ (၅,၇၂၀) ကြား ရှိပါသည်။    တရုတ်နိုင်ငံတွင် ၂၀၂၁ - ၂၀၂၂ စိုက်ပျိုးရာသီ၌ တစ်နိုင်ငံလုံး သကြားစိုက်ပျိုးသည့် ဧရိယာမှာမူ (၁.၅) သန်းကျော် ကျဆင်းခဲ့ကာ၊ ကြံစိုက်ဧကမူ သန်း (၂၀) သာရှိတော့သည်ဟု ခန့်မှန်းထားပါသည်။ ၂၀၂၁ - ၂၀၂၂ အတွင်း တရုတ်တစ်နိုင်ငံလုံး၏ သကြားအထွက်နှုန်းမှာ  တန်ချိန် (၁၀.၂၃) သန်းခန့်ရှိကာ ယခင်နှစ်ကထက် တန်ချိန် (၄၃၀,၀၀၀) ခန့် ကျဆင်းသွားနိုင်ကြောင်း သိရပါသည်။

(Grade 1 သကြားဖြူ (အပွင့်) ဈေးနှုန်းများမှာ အောက်ဖော်ပြပါဇယားအတိုင်း ဖြစ်ပါသည် -

ရောင်းသူ

တံဆိပ်/ထုတ်လုပ်ရာ အရပ်ဒေသ

ကုန်ပို့ရာနေရာ

ဈေးနှုန်း

Guangxi Fengtang Biochemical

Guigang/Guangxin

Guangxi Fengtang

5760yuan/ton

Dezhou Sugar market 

Dezhou

Dezhou/Shandong

6150yuan/ton

Yunnan Dali sugar market

Yunnan Dali

Yunnan

5660yuan/ton

 

ယခုအခါ တရုတ်နိုင်ငံရှိ ကြံသကြားအဓိကထွက်ရှိရာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကြံများကို ရိတ်သိမ်းနေပြီး၊ ရာသီဥတုကလည်း ကောင်းမွန်နေပါသည်။ ကွမ်ရှီးပြည်နယ်ရှိ သကြားစက်ရုံများက မတ်လအစောပိုင်းမှ လလယ်ခန့်တွင်  သကြားကြိတ်ခြင်းကို အပြီးသတ်ဆောင်ရွက်မည်ဟု ခန့်မှန်းရပါသည်။ ပြည်တွင်း၌ ပုံမှန်သကြား ထုတ်လုပ်မှုအပြီးသတ်ကာနီး နေပြီဖြစ်သောကြောင့် ပြည်တွင်းနှင့် ပြည်ပဈေးနှုန်းများ၏ ကွာဟချက်မှာ ကျယ်ပြန့်လာရာ၊ လက်ငင်းအရောင်းအဝယ်များ အလုပ်ဖြစ်လျက်ရှိသည့်အပြင် ကျန်းကျိုးသကြားကြိုရောင်းကြိုဝယ်ဈေးကွက်လည်း ဖြစ်ပေါ်နေပါသည်။ ယခုအခါ နိုင်ငံတကာ သကြားဈေးကွက် အားကောင်းနေသဖြင့် တရုတ်ပြည်တွင်း သကြားဈေးကွက်မှာလည်း အားကောင်းလာမည်ဟု ခန့်မှန်းရပြီး၊ အနာဂတ်တွင် သကြားဖြူ (အပွင့်) ဈေးနှုန်း ဆက်လက်မြင့်တက်ဖွယ်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၉-၃-၂၀၂၂) နှင့် (၁၀-၃-၂၀၂၂)

Category: China(Nanning)