China (HongKong)

တရုတ်ဘီလျံနာများ ကုန်ကျစရိတ်များသက်သာရန်နှင့် တည်ငြိမ်ရန် စင်ကာပူနိုင်ငံကို မျက်စိကျလာခြင်းကြောင့် ဟောင်ကောင်စည်းမျဉ်းစည်းကမ်းများ ရုပ်သိမ်းရန်လိုအပ်ခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ နိုင်ငံ‌ရေးနှင့်စီးပွားရေး အခြေအနေများကြောင့် စင်ကာပူနိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် ဟောင်ကောင်အစိုးရအနေဖြင့် ဒေသခံရုံးများအပေါ်ဆောင်ရွက်သည့် စည်းမျဉ်းစည်းကမ်းများ ပြန်လည်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံသည် ဟောင်ကောင်ဒေသ၏ ယှဉ်ပြိုင်ဘက်ဖြစ်လာနိုင်ကြောင်း၊ မကြာခင်ကာလက မိတ်ဆက်ခဲ့သည့် နယ်စပ်ဖြတ်ကျော် ငွေသားများစီးဆင်းမှု အဆင်ပြေချောမွေ့စေရန် အတွက် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု အစီအစဉ်ကြောင့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ အရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်မကြီးရှိ စတော့ရှယ်ယာရောင်းဝယ်ရာဌာန၌ စတော့ရှယ်ယာ ဈေးနှုန်း များ ရုတ်တရက်မြင့်တက်မှုကြောင့် ကုမ္ပဏီများအတွက် အခွင့်အလမ်းကောင်းများဖြစ်စေကြောင်း၊ ဒေသခံရုံးများအတွက် လိုင်စင်လိုအပ်မှုကိုဖယ်ရှားခြင်းဖြင့်ဒေသ၌ရင်းနှီးမြှုပ်နှံမည့် ဘီလီလျံနာများကို ပိုမိုဆွဲဆောင် နိုင်မည် ဖြစ်ကြောင်း၊ စတော့ရှယ်ယာဈေးကွက် အခြေအနေကောင်းမွန်ခြင်း၊ တရားဥပဒေ စိုးမိုးမှုနှင့် ငွေသားများ လွတ်လပ်စွာ စီးဆင်းနိုင်မှုကြောင့် ဟောင်ကောင်ဒေသ၌ တရုတ်ပြည်မကြီးမှ ရုံးများတည်ထောင်လိုခြင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ၊ အစိုးရဆန့်ကျင်ဆန္ဒပြမှုများ၊ အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းခဲ့ခြင်းနှင့် ဟောင်ကောင်နှင့် အခြားပြည်ပနိုင်ငံများတွင် အခြေစိုက် ရင်းနှီးမြှုပ်နှံထားသော တရုတ်လူမျိုးများကို ထိန်းချူပ်မည့် တရုတ်နိုင်ငံ၏ အခွန်စနစ်တို့ကြောင့် ဟောင်‌ကောင်၏ ဆွဲဆောင်မှု ကောင်းသည့် အချက်အပေါ် သက်ရောက်မှုများ ခံစားနေရကြောင်း၊ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် အမျိုးသားလုံခြုံရေးဥပဒေ၏ သက်ရောက်မှုများ မရှိနိုင်ကြောင်း၊ ဟောင်ကောင်အစိုးရ အနေဖြင့် အထောက်အပံ့ပြုရန် ဥပဒေပြုကောင်စီမှ မိတ်ဖက်ဆောင်ရွက်မှု ကန့်သတ် ချက်များ ဆောင်ရွက်နိုင်ရန် ဥပဒေအား အတည်ပြုပေးခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် မဟာပင်လယ်ကွေ့ဒေသ (Greater Bay Area-GBA) ရှိ ရှန်းကျန့် (Shenzhen) အစရှိသည့်‌ ဒေသများထက် ဟောင်ကောင်ဒေသသည် တရုတ်ပြည်မကြီးမှ ဘီလျံနာများ၏ ပထမဦးစားပေးရွေးချယ်မှုဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အများစုမှာ GBA ၌ စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ တည်ထောင်ထားခြင်းဖြစ်ပြီး ဟောင်ကောင်ကုမ္ပဏီများစာရင်းတွင် ပါဝင်ကြောင်း၊ ဟောင်ကောင်၌ တရုတ်ပြည်မကြီးကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းမှာ ဟောင်ကောင်နှင့် ရှန်းကျန့်တို့အကြား မြန်နှုန်းမြင့် မီးရထားဖြင့်သွားလျှင် (၁၄) မိနစ်ခန့်သာ ကြာမြင့်ပြီး၊ ဟောင်ကောင်- ရှန်းကျန့်နှင့် ကွမ်ကျိုးမြို့တို့အကြား သွားရောက်မှုမှာ (၄၈) မိနစ်ခန့်သာ ကြာမြင့်ကြောင်း၊ ဟောင်ကောင်၊ ရှန်းကျန့်နှင့် ကွမ်ကျိုးဒေသတို့၌ ဘီလျံနာ (၁၉၆) ဦးရှိရာ အဆိုပါမြို့များမှာ ကမ္ဘာပေါ်ရှိ ဘီလျံနာအများဆုံး စုစည်းလျက် ရှိသည့် (၁၀) နိုင်ငံစာရင်းတွင် ပါဝင်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ငွေကြေးဈေးကွက် ကောင်းမွန်သည့်အတွက် ရုံးများအခြေစိုက်ရာ ဒေသအဖြစ် ဆက်လက်တည်မြဲရန် အခွန်အကျိုးအမြတ်များနှင့် တရုတ်ပြည်မကြီးဈေးကွက်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုတိုးချဲ့ရန်လိုအပ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu  က “ Hong Kong needs to lifts its regulatory game as China’s billionaires eye Singapore for its stability, cost advantage” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)