Singapore

တရုတ်မှ ထွက်ခွာလာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး အင်ဒိုနီးရှားကြိုးပမ်းလာ

Last Updated:

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးတင်းမာမှု နောက်ခံအကြောင်းတရားနှင့်အတူ လက်ရှိ ကပ်ရောဂါစတင်ဖြစ်ပွားမှုအပေါ် အပြန်အလှန်ပုတ်ခတ်မှုအခြေအနေများကြောင့် တရုတ်နိုင်ငံမှ ထွက်ခွာလိုကြ သည့် ကုန်ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ရန် အတွက် အင်ဒိုနီးရှားအနေဖြင့် Central Java စီရင်စုနယ်မြေ၏ မြောက်ဘက်ကမ်းရိုးတန်းတွင် အကောင်အထည်ဖော် တည် ဆောက်နေသော မြေအကျယ်အဝန်း ဟက်တာ ,၃၀၀ ရှိသည့် Batang စက်မှုမြေကွက် စီမံကိန်းဖြင့်လည်းကောင်း၊ လုပ်ငန်းများ ၏ လိုင်စင်ခွင့်ပြုချက် လျှောက်ထားမှုလုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူမှုရှိစေရေး ပြုပြင် ပြောင်းလဲထားမှုအခြေအနေတို့ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Batang စက်မှုမြေကွက်စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော အရှေ့တောင်အာရှတွင် အကြီးဆုံး ကျောက်မီးသွေးအသုံးပြု လျှစ်စစ်စွမ်းအားထုတ်လုပ်သည့်စက်ရုံကို ၂၀၁၉ ခုနှစ်တွင် စတင်လည်ပတ်ထုတ်လုပ်လျက် ရှိပြီဖြစ်ကြောင်း၊ လမ်းဖောက်လုပ်ခြင်းနှင့် ဆိပ်ကမ်းတည်ဆောက်ခြင်း စသည့် အခြေခံအဆောက်အအုံပိုင်း တိုးတက်လာရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ Batang တွင် တရားဝင်သတ်မှတ်ထားသော အနည်းဆုံးလုပ်ခသည် အင်ဒိုနီးရှား မြို့တော် Jakarta တွင် သတ်မှတ်ထားသောလုပ်ခ၏ ၄၀ ရာခိုင်နှုန်းနီးပါး သက်သာကြောင်း၊ အစိုးရသည် ငှားရမ်းခများအတွက် တစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးမည့်အစီအစဉ်များ ပါဝင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ဆိုင်ရာ စိစစ် အကဲ ဖြတ်မှုများကိုလည်း ပုံမှန် () ဆောင်ရွက်ခြင်းအစား ယခုအခါ () လဖြင့် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများတွင် အွန်လိုင်းမှတစ်ဆင့် ခွင့်ပြုချက်ထုတ်ပေး သည့်လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေရေး ဆောင်ရွက် ထားခြင်းနှင့် ပိုမိုရှင်းလင်းသော စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်ခြင်းတို့လည်း ပါဝင်ကြောင်း၊ အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏ လိုအပ်ချက်နှင့်စပ်လျဉ်း၍လည်း အဖြူအမည်းကွဲပြားစေရန် စည်းမျဉ်းစည်းကမ်းများကို စုစည်းပေးထားကြောင်း အင်ဒိုနီး ရှား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညှိနှိုင်းရေးဘုတ်အဖွဲ့က ပြောကြားပါသည်။

အင်ဒိုနီးရှားရှိ ပြည်တွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မှ ရွှေ့ပြောင်းလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း () ခုကို ဘုတ်အဖွဲ့က အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၇)ခုသည်လည်း အင်ဒိုနီးရှားသို့ ပြောင်း ရွှေ့ဆောင်ရွက်နိုင်ရန် အပြီးသတ်ဆုံးဖြတ်သွားမည့်အခြေအနေတွင်ရောက်ရှိနေကြောင်း ဖော်ပြထားပါသည်။ ထိုင်ဝမ် အခြေစိုက် Audio ပစ္စည်းကိရိယာထုတ်လုပ်သော Meiloon ကုမ္ပဏီနှင့် တာယာပစ္စည်းထုတ်လုပ် သော Kenda ကုမ္ပဏီ၊ ဂျပန် ရာဘာပစ္စည်း ထုတ်လုပ်သည့် Sagami ကုမ္ပဏီ၊ ဂျပန်ကားအစိတ် အပိုင်းထုတ်လုပ်သော Denso ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် Light Product ထုတ်လုပ်သော Alpan ကုမ္ပဏီတို့သည် လူအများ၏ပြောကြားချက်အရ ပြောင်းရွှေ့ဆောင်ရွက်ရန် အတည်ပြုထားပြီးဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီများအနက် Alpan ကုမ္ပဏီသည် တရုတ်တွင်ထုတ်လုပ်သည့်၎င်း၏ ပစ္စည်းများကို အမေရိကန်က အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသည့်အတွက် အင်ဒိုနီးရှားသို့ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ဖော်ပြထားပါသည်။

အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့မှ ထုတ်ပြန်သောသတင်းအရ တောင်ကိုရီးယား ကုမ္ပဏီ LG နှင့် ဂျပန်နိုင်ငံ၏ အီလက် ထရွန်နစ်ပစ္စည်းကုမ္ပဏီ Panasonic တို့အပါအဝင် စက်ရုံအသစ် () ခု သည် အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ်လာ ၈၅၀ သန်းကို ရင်းနှီးမြှုပ်နှံ၍ အလုပ်အကိုင် သောင်းကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်ရန်အတွက် တစ်နှစ်လျှင် အလုပ်အကိုင် သန်းအထိ ဖန်တီးပေးနိုင်သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်သွားနိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ .၇၈ ဘီလီယံဝင်ရောက်ခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလတွင် ရရှိခဲ့သော အမေရိကန်ဒေါ်လာ ဘီလီယံထက် အနည်းငယ်ကျဆင်းခဲ့ကြောင်း၊  ဘုတ်အဖွဲ့သည် တရုတ်နိုင်ငံမှ ထွက်ခွာလာမည့်လုပ်ငန်းများကို တိတိကျကျသတ်မှတ်နိုင်ရန်နှင့် ဖိတ်ခေါ်သွားနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားပြီး၊ အင်ဒိုနီးရှားသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်မှုအတွက် မိမိတို့သည် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် အပြိုင်အဆိုင်ဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်     The Business Times

Category: Singapore