China(Beijing)

တရုတ်အရှေ့ပိုင်းမှ အီတလီသို့ ကုန်သေတ္တာသယ်ဆောင်သည့် မီးရထား စတင်ပြေးဆွဲခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံ၊ အရှေ့ပိုင်းရှိ ကျန်းစူးပြည်နယ်၊ စူးကျိုးမြို့မှ အီတလီနိုင်ငံ၊ မီလန်မြို့သို့ ကုန်သေတ္တာသယ်ဆောင်သည့် မီးရထားအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ စတင်ပြေးဆွဲခဲ့ကြောင်း၊ အဆိုပါမီးရထားသည် ကျန်းစူးပြည်နယ်မှ ထုတ်လုပ်သည့်မော်တော်ယာဉ် အစိတ်အပိုင်းများ၊ မီးဖိုချောင်သုံး ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ(၃.၇) သန်းဖိုး သယ်ဆောင်၍ ထွက်ခွာသွားပြီဖြစ်ပြီး မီးရထားစတင်ထွက်ခွာချိန်မှ ( ၂၅ )ရက် အကြာတွင် အီတလီနိုင်ငံ၊ မီလန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ စူးကျိုးအကောက်ခွန်ဌာနမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ စူးကျိုးမြို့သည် ၂၀၂၁ ခုနှစ်အတွင်း တရုတ်-ဥရောပကုန်သေတ္တာ သယ်ဆောင်သည့် မီးရထား ခေါက်ရေ (၄၀၆) ခေါက် ပြေးဆွဲခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကထက် (၃၈.၁၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုန်စည်တန်ဖိုး အမေရိကန် ဒေါ်လာ (၂.၂၅) ဘီလီယံ သယ်ယူပို့ဆောင်ခဲ့သည့် အတွက် (၆၆.၅၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ စူးကျိုးမြို့သည် ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်-ဥရောပ ကုန်သေတ္တာသယ်ဆောင်သည့် မီးရထားလမ်းကြောင်း(၈)ခု ဖွင့်လှစ်ခဲ့ပြီး အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ ဥရောပတို့ရှိ မြို့ပေါင်း (၈၀) ကျော်သို့ ဆက်သွယ်ပို့ဆောင်နိုင်ကြောင်းသိရှိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: http://www.chinadaily.com.cn/a/202201/25/WS61ef54c6a310cdd39bc830c1.html

Category: China(Beijing)