China(Nanning)

တရုတ်-ဉရောပ ကုန်တင်ရထားဝန်ဆောင်မှုများမှ ဖွံ့ဖြိုးလာသည့် အခွင့်အလမ်းများ

Last Updated:

ပိုလန်နိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် Malaszewicze မှာ တရုတ်မှ EU သို့ ပြေးဆွဲသည့် ရထားများအတွက် တစ်ဆင့်ဖြတ်သန်းသွားရသည့် အရေးအကြီးဆုံးဘူတာ ဖြစ်ပါ သည်။ ၎င်းမြို့မှာ တရုတ်-ဉရောပ ကုန်တင်ရထားဝန်ဆောင်မှုများကြောင့် လျင်မြန်စွာ ဖွံ့ဖြိုးလာသည့်မြို့လည်း ဖြစ်ပါသည်။

တရုတ်နှင့် ဉရောပအကြားပြေးဆွဲသည့် ကုန်တင်ရထားလမ်းမှာ ပင်လယ်ရေကြောင်းမှ ပို့ဆောင်မှုထက် ကြာမြင့်ချိန် ပိုမိုတိုတောင်းပြီး၊ လေကြောင်းမှ ပို့ဆောင်မှုထက် ကုန်ကျစရိတ် ပိုမိုသက်သာမှုရှိရာ၊ လုပ်ငန်းအများအပြားမှာ ၎င်းတို့၏ ကုန်စည်များကို ကုန်တင်ရထားဖြင့် ပို့ဆောင်လိုလာကြပါသည်။

ထို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများက အကျိုးအမြတ် ဖြစ်ထွန်းလာကြသည့်အပြင်၊ ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုပြုလုပ်ကြသည့် လုပ်ငန်းများမှာ လည်း အကျိုးဖြစ်ထွန်းလာလျက်ရှိပါသည်။  ဖွံ့ဖြိုးမှုအခွင့်အလမ်းများရှိလာသည့် Malaszewicze မြို့သို့ လာရောက်ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများလည်း ရှိလာပါ သည်။

ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ ပိုလန်နိုင်ငံမှ နို့ထွက်ပစ္စည်းများသည် တရုတ်နိုင်ငံသို့ တည်ငြိမ်စွာ တင်ပို့လာနိုင်သည့်နည်းတူ၊ တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းများကိုလည်း ဉရောပဈေးကွက်သို့ အရှိန်မပျက် ဆက်လက်တင်ပို့လျက်ရှိပါသည်။ ထို့ကြောင့် ဉရောပနိုင်ငံများသည် အမေရိကန်ပြည်ထောင်စုကို ကျော် တက်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ်ခဲ့ကာ ကုန်သွယ်မှုတန်ဖိုး ယူရို (၅၈၆) ဘီလီယံခန့် ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ Xinhua (၉-၁၂-၂၀၂၁)

Category: China(Nanning)