China (HongKong)

တရုတ်-အမေရိကန် တင်းမာမှုများကြောင့် ထိုင်ဝမ်ဒေသ၏လုပ်ငန်းများ အိန္ဒိယနိုင်ငံ၌ အခြေပြုမည်

Last Updated:

အိန္ဒိယနိုင်ငံ၏ဈေးကွက်ကြီးမားမှု၊လုပ်အားခသက်သာမှုနှင့် အခွန်သက်သာခွင့်ပေးခြင်း စသည့်အချက် (၃) ချက်ကြောင့် ထိုင်ဝမ်မှ လုပ်ငန်းများရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာကြောင်း၊ COVID-19 ကြောင့် တန်ဖိုးကွင်းဆက် များ ထုတ်လုပ်မှုများ နေရာများပြားရန်အတွက်လည်းဖြစ်ကြောင်း၊ ထိုင်ဝမ်လုပ်ငန်းများသည် တရုတ်နိုင်ငံအပေါ် မှီခိုနေမှုအား လျော့ချနိုင်ရန် အိန္ဒိယနိုင်ငံကိုရွေးချယ်လာကြောင်း၊အမေရိကန် နည်းပညာကုမ္ပဏီ Apple ၏ မိတ်ဖက်ကုမ္ပီပစ္စည်းများတပ်ဆင်သည့် Pegatron ကုမ္ပဏီတို့သည် အိန္ဒိယ၌ ပထမဆုံး စက်ရုံတည်ထောင်ရန် ရှာဖွေလာကြောင်း၊ နယူးဒေလီနှင့် တိုင်ပေတို့၏ ဆက်ဆံမှုမှာလွန်ခဲ့သော (၄)နှစ်ကတည်းက ခိုင်မာလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၌ ထိုင်ဝမ်ကုမ္ပဏီ (၁၄၀) ကုမ္ပဏီ တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း၊ အများစုမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်းများနှင့်တာရာ ထုတ်လုပ်သည့်လုပ်ငန်းများ၊ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများလည်းရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် Corporate income tax ကို (၃၀) ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းထိ လျော့ချကောက်ခံခဲ့ကြောင်း၊ အစပျိုးလုပ်ငန်းများကို အခွန် (၁၅) ရာခိုင်နှုန်းသာ ကောက်ခံခဲ့ကြောင်း၊ အထူးစီးပွားရေးဇုန်များ တွင်လုပ်ကိုင်သူများမှာ အခွန် နှင့် ဝင်ငွေခွန်များပေးရန်မလိုကြောင်း၊ အိန္ဒိယရှိလုပ်အားခမှာတရုတ်နိုင်ငံအောက်(၁၅) ရာခိုင်နှုန်း လျော့နည်းကြောင်း၊ ငွေကြေးဖောင်းပွမှုမှာ ထိန်းထားနိုင်ပြီး (၃) ရာခိုင်နှုန်းသာရှိကြောင်း၊ အိမ်ခြံမြေဈေးများမှာလည်း ကျဆင်းလာကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တားဆီးနေ သည့် အရာများကို အိန္ဒိယအစိုးရမှ ဆက်လက် ပယ်ဖျက် ပေးလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း၊ အိန္ဒိယ၌လူဦးရေ (၁.၃) ဘီလီယံရှိပြီး စီးပွားရေးတိုးတက်မှုလျင်မြန်ပြီး COVID-19  မဖြစ်ပွားခင်က ပြည်သူများစာသုံးမှုမှာ မြင့်မားကြောင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ် ပြည်မကြီးတို့ကလည်း ထိုင်ဝမ်ဒေသထက်ပိုမို၍  အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံထားကြကြောင်း၊ သို့သော် တရုတ်နှင့် အိန္ဒိယအကြားနယ်နိမိတ်ပြဿနာကြောင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်မှုမရှိကြောင်း၊ ထိုင်ဝမ်နည်းပညာ ကုမ္ပဏီများတိုးတက်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍကို ပံ့ပိုးနိုင်အောင်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံကလည်း နားလည်လက်ခံလာပြီး ထိုင်ဝမ်ကလဲ တရုတ်အပေါ် မှီခိုမှုလျှော့ချရန် အိန္ဒိယ၌ ရင်းနှီးမြှုပ်နှံလာခြင်း ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Ralph Jennings က “ As Us-China tensions heat up, Taiwan’s firms pivot to India” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင် )

Category: China (HongKong)