China (HongKong)

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ ဒုတိယနှစ်ပတ်လည် ရောက်ရှိလာပြီး အင်အားကြီးနှစ်နိုင်ငံ အကြား ကူးလူးဆက်ဆံမှုများ လေျာ့ကျလာခြင်း

Last Updated:

တရုတ်-အမေရိကန်ကုန်သွယ်‌ရေးစစ်ပွဲမှာ ဒုတိယနှစ်ပတ်လည်ရောက်ရှိလာပြီး နှစ်နိုင်ငံတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကာ ဟောင်ကောင်ဒေသ၏ အမျိုးသားလုံခြုံရေးဥပဒေမှ အစပြုလာသည့် နည်းပညာပိုင်း လွှမ်းမိုးမှုများရှိနေမည်ဖြစ်ကြောင်း၊ ဒေါ်နယ်လ်ထရန့် အနေဖြင့် တရုတ်နှင့် ကုန်သွယ်မှုလိုငွေလျော့နည်းအောင် ဆောင်ရွက်လိုခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှလည်း အမေရိကန်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဆက်လက်ဝယ်ယူလျက်ရှိကြောင်း၊၆-၇-၂၀၁၈ ခုနှစ်က အမေရိကန် ဒေါ်လာ (၃၄) ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ အပေါ် အခွန်နှုန်း (၂၅) ရာခိုင်နှုန်းကို ပထမဆုံးသတ်မှတ်ကောက်ခံခဲ့ပြီး ကုန်သွယ်ရေးပိုင်းတွင် ချိတ်ဆက် လျက်ရှိသည့် အိန္ဒိယ၊ ကနေဒါနှင့် ဩစတြေးလျအစရှိသည့် နိုင်ငံများနှင့်လည်း အငြင်းပွားမှုများ ဖြစ်စေခဲ့ကြောင်း၊ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဝါရှင်တန်မှ အရေးယူဆောင်ရွက်ရန် ပြင်ဆင်လာရာ တရုတ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးကွက်အား သီးသန့်ခွဲထုတ်ထားမှုနှင့် ကြုံတွေ့ရမည်ဟု ပေကျင်းမှ သတိပေးခဲ့ရကြောင်းနှင့် တရုတ်နှင့် စစ်အေးတိုက်ပွဲအသစ် စတင်မည့်အနေအထားဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ကမ္ဘာ‌ပေါ်တွင်အရေးကြီးသည့် နှစ်နိုင်ငံဆက်ဆံရေးများထဲမှ တစ်ခုဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင် တည်ထောင်ခဲ့သည့် ၁၉၇၉ ခုနှစ်ကစတင်၍ အဆိုးရွားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၌ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအပြောင်းအလဲများဖြစ်ပါက ကုန်သွယ်ရေးစစ်ပွဲမှာလည်း အပြောင်းအလဲများ ဖြစ်နိုင်ကြောင်း၊  တရုတ်နိုင်ငံသည် အမေရိကန်၏ ကုန်ပစ္စည်းများကို ဆက်လက်ဝယ်ယူလျက်ရှိရာ အမေရိကန်၏ တရုတ်နှင့် ကုန်သွယ်မှုလိုငွေဖြစ်မှုမှာ ၂၀၁၈ ခုနှစ်၊ မေလတွင် အမေရိကန်ဒေါ်လာ ၃၃.၇၁ ဘီလီယံမှ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အမေရိကန်ဒေါ်လာ ၂၆.၉၆ ဘီလီယံသို့ လျော့ကျ သွားကြောင်း၊ တရုတ်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်း မှုမှာ ၂၀၁၇ ခုနှစ်၊ မေလနှင့် ကာလတူနှိုင်းယှဉ်လျှင် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် (၃၉.၈) ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း၊ ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့်တွင်ပါဝင်သည့် လိုအပ်ချက်နှင့် ကိုက်ညီရန် ကြက်၊ ဝက်နှင့် အမဲသား တင်သွင်းမှုအပေါ် ကန့်သတ်ချက်များအား ဖြေလျော့ခဲ့ရာ အသားတင်သွင်းမှုမှာ (၄၆၈) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သို့သော် တရုတ်နိုင်ငံ သည်ပထမ (၅) လ အတွင်း (၄၅) ရာခိုင်နှုန်းသာ ဝယ်ယူခဲ့ကြောင်း၊ COVID-19 ကြောင့် နှစ်နိုင်ငံလုံးတွင် ကုန်သွယ်‌ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ ရပ်တန့်ခဲ့ ရကြောင်း၊ COVID-19 ဖြစ်ပွားသည်ဖြစ်စေ မဖြစ်ပွားသည်ဖြစ်စေ ကုန်သွယ်ရေးသ‌ဘောတူညီချက် ပထမအဆင့်ကို အောင်မြင်ရန်မှာမလွယ်ကူကြောင်း၊ COVID-19 ဖြစ်ပွားသည့် အစောပိုင်းကာလတွင် အမေရိကန်မှ အသားတင်ပို့မှုများ ယာယီပြတ်လပ်မှုများ ဖြစ်ခဲ့သော်လည်း အမေရိကန်မှ တရုတ်သို့ အသားတင်ပို့မှုမှာမြင့်တက်ခဲ့ပြီးဆက်လက်မြင့်တက်ရန် မျှော်မှန်းလျက်ရှိကြောင်း သို့သော်တရုတ်၏ တင်သွင်းလာသည့် အသားများအပေါ် တရုတ်မှ COVID-19 စစ်ဆေးမှုနှင့် ဆက်စပ်လျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Finbarr Bermingham က  “ US-China trade war reaches second anniversary, with superpower relations at ‘alarming’ lowest abb” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)