China (HongKong)

တရုတ်-အမေရိကန်အကြား ကွဲလွဲမှုများ အရှိန်မြင့်တက်လာခြင်းကြောင့် လုပ်ငန်းများအနေဖြင့် ပထဝီနိုင်ငံရေးအရ ပြောင်းရွှေ့ရန် ကိုက်ညှိဆောင်ရွက်သင့်ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်မည့် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် မည်သူအနိုင်ရသည်ဖြစ်စေ တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ယှဉ်ပြိုင်မှုမှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခွဲထွက်မှုများ အရှိန်မြင့်တက်လာ မည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံမှလည်း 5G Network အသုံးပြုမည့် ဟွာဝေနည်းပညာအား ကန့်သတ်တားမြစ်ထားကြောင်း၊ ထိုင်ဝမ် semiconductor ကုမ္ပဏီများလည်း တရုတ်ပြည်မကြီးနှင့် ဂျပန်နိုင်ငံတို့မှ ၎င်းတို့၏ လုပ်ငန်းများကို ထိုင်ဝမ်သို့ ပြန်လည် ပြောင်းရွှေ့လာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို သွေဖယ်ပြီးတရုတ်အနေဖြင့်ကမ္ဘာတစ်ဝန်းရှိ တရုတ်ကုမ္ပဏီများကို မြှင့်တင်ပေးရန် အထောက်အပံ့များပေးသွားမည်ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးအရ လုပ်ငန်းများ ရွှေ့ပြောင်းမှုတွင် ပထမအချက်အနေဖြင့် ကုမ္ပဏီများမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် များအပေါ် အားထားဆောင်ရွက်လျက်ရှိကြောင်း၊ Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တွင် နိုင်ငံပေါင်း (၁၁) နိုင်ငံပါဝင်ပြီး ကမ္ဘာ့စီးပွားရေး၏ (၁၃) ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း၊ အခွန်လျော့ချမှုများပြားခြင်းနှင့် ဈေးကွက်တွင် အထူးအခွင့်အရေးများလည်းရရှိကြောင်း၊ ထို့ပြင် နှစ်နိုင်ငံသဘောတူညီချက်များသည်လည်း အကျိုးအမြတ်များရှိကြောင်း၊ မကြာသေးခင်က နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် ဩစတြေးလျနှင့် အင်ဒိုနီးရှားမှာလည်း ဥပမာတစ်ခု ဖြစ်ကြောင်း၊  ဒုတိယအချက် အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုဖြစ်ပြီး တရုတ်နှင့် အမေရိကန်နိုင်ငံ တို့အကြား စီးပွားရေးယှဉ်ပြိုင်မှုမှာ နည်းလမ်းမျိုးစုံဖြင့် ယှဉ်ပြိုင်လျက်ရှိရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးကဏ္ဍမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ တရုတ်လုပ်ငန်းများမှ အခြေခံ အဆောက်အအုံ စီမံကိန်းအသစ်များ ရရှိသွား သောကြောင့် အမေရိကန်မှလည်း ၎င်း၏အခြေခံ အဆောက်အအုံ အထောက်အပံ့ပေးသည့်စနစ်ကို စတင်နိုင်ရန် အားထုတ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်က Overseas Private Investment Corporation သည် သက်သာသော အတိုးနှုန်းဖြင့် အမေရိကန် ဒေါ်လာ (၁) ဘီလီယံ ချေးပေးခြင်း၊ ရှယ်ယာများ၊ နည်းပညာအကူအညီအထောက် အပံ့များနှင့် လုပ်ငန်းဆောင်ရွက်ရန် ဖြစ်နိုင်ချေ အကဲဖြတ် လေ့လာဆောင်ရွက်ခြင်းတို့ကို တစ်နေရာ တည်းတွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပေးမည့် International Development Finance Corporation (DFC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊  DFC သည် ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့ရှိ ညီအစ်မလုပ်ငန်း အဖွဲ့များနှင့်လည်း သဘောတူညီချက်များ လက်မှတ်ရေးထိုးထားကြောင်းနှင့် ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တရုတ်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် ပိုမိုယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ COVID-19 အလွန်ကာလတွင် တန်ဖိုးကွင်းဆက်တစ်ခုလုံး ပြန်လည်ကောင်းမွန်လာအောင် တွန်းအားပေးမှုကြောင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် သက်ရောက်မှုများရှိနိုင် ကြောင်း၊ အရှေ့တောင်နှင့် တောင်အာရှနိုင်ငံများရှိ အစိုးရများအနေဖြင့် ယုံကြည်စိတ်ချရသည့် ကုန်ပစ္စည်းတင်သွင်းသူများနှင့် ၎င်းတို့နှင့် ကုန်သွယ်မှုကြီးမားသည့် မိတ်ဖက်များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အနောက်နိုင်ငံကုမ္ပဏီများ ကလည်း ဤအားထုတ်မှုကို ကူညီဆောင်ရွက်သင့်ကြောင်း၊ တတိယအချက်နေဖြင့် နိုင်ငံတကာ ဖိုရမ်များ ဥပမာ Asia-Pacific Economic Cooperation (APEC) ကျင်းပပြုလုပ်ရာတွင် တိကျ သည့် အဖြေမရရှိဘဲ ဝေဖန်ဆွေးနွေးမှုများဖြင့် ကြာရှည်လျက် ရှိကြောင်း၊ APEC ၏ အားနည်းချက်မှာ အထူးလုပ်ပိုင်ခွင့် အာဏာများ ပေါင်းစပ်ဆောင်ရွက်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးနယ်မြေ (၃) ခု ဖြစ်သည့် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့်် ထိုင်ဝမ်တို့ပင်လျှင် ပစိဖိတ်ဒေသမှ လုပ်ဖော် ကိုက်ဖက်များနှင့် ပွင့်လင်းစွာဆွေးနွေးနိုင်ခြင်း ရှိမရှိမှာ သေချာမသိနိုင်ကြောင်း၊ COVID-19 ကြောင့် အင်ဒို-ပစိဖိတ်ဒေသ တစ်လျှောက်တွင် ပထဝီနိုင်ငံရေးအရရွှေ့ပြောင်းမှုများ ရှိမည်ဖြစ်ကြောင်း၊ အစိုးရများနှင့် ကုမ္ပဏီများ အောင်မြင်ရန် အခြေခံအကျဆုံး အချက်မှာ နိုင်ငံစုံပါဝင် ဆွေးနွေးသည့် ဖိုရမ်များတွင် ကုန်သွယ်ရေးနှင့် သဘောထားကွဲလွဲမှုများအပေါ် ဩဇာသက်ရောက်မှုများကို အတားအဆီး ဖြစ်နေသည်များကို အဆုံးသတ်နိုင်ရန် လိုအပ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ James Carouso နှင့် Penny Tucker တို့က “Firms can adjust to geopolitical shift as decoupling accelerates” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါ သည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: China (HongKong)