China (Kunming)

တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှုများသည် စဉ်ဆက်မပြတ် တိုးတက်နေ

Last Updated:

တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှုများသည် စဉ်ဆက်မပြတ်တိုးတက်နေပြီး ၎င်းတို့၏ ခရီးသွားလာမှု အချိန်ဇယားများ အမြဲအချိန်မှန်၍ တည်ငြိမ်နေကြောင်း China Railway Container Transport Corp က (၁၅-၁၁-၂၂) ရက်နေ့တွင် ပြောကြားခဲ့သည်။ photovoltaic အင်ဗာတာများ၊ လျှပ်စစ်ကွန်ပရက်ဆာများ၊ ဖုန်စုပ်စက်များနှင့် အခြားထုတ်ကုန်များကို သယ်ဆောင်လာသော ရထားတစ်စီးသည် ဂျာမနီနိုင်ငံ Duisburg သို့ (၁၄-၁၁-၂၂) ရက်နေ့တွင်ရောက်ရှိခဲ့ကြောင်း ယင်းသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Shaanxi ပြည်နယ်ရှိ Xi'an မှ ဂျာမနီနိုင်ငံ Duisburg သို့ မရောက်မီ (၁၁) ရက်အလိုတွင် ထွက်ခွာခဲ့ကြောင်း ၎င်း၏ ဦးတည်ရာသို့ ကီလိုမီတာ ၉,၉၀၈ ခရီးနှင်ခဲ့ကြောင်း  ကုန်စည်ပို့ဆောင်ရေးရထားသည် ၎င်း၏လမ်းကြောင်းတစ်လျှောက်တွင် သတ်မှတ်ထားသည့်အချိန် ဇယားအတိုင်း ဆောင်ရွက်နိုင်ပြီး မြို့များကြားသယ်ယူပို့ဆောင်ရေး အချိန်ကိုက်ရောက်ရှိခြင်းဖြင့် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးကြောင်း သိရှိရပါသည်။

ပုံမှန် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားများနှင့် နှိုင်းယှဉ်ပါက ဝန်ဆောင်မှုအသစ်တွင် ရထားတွဲများ၊ လမ်းကြောင်းများ၊ ဆိုင်းများနှင့် ကွဲပြားသော ရထားလမ်းတိုင်းများရှိသည့် နိုင်ငံများတွင် အပါအဝင် ကဏ္ဍအားလုံးတွင် ပုံသေသတ်မှတ်ထားပါကြောင်း နယ်စပ်ဖြတ်ကျော်ခရီးတွင် ကွန်တိန်နာများ ပြန်လည်တင်ဆောင်ခြင်းလည်းပါဝင်ပါကြောင်း  ဝန်ဆောင်မှုအသစ်သည် နယ်ခြားဘူတာရုံများနှင့် ကွန်တိန်နာများပြန်လည်တင်ခြင်း လုပ်ငန်းစဉ်အတွင်း စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေခြင်းဖြင့် လည်ပတ်ချိန်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး သယ်ယူပို့ဆောင်ရေးအချိန်ကို ပိုမိုတည်ငြိမ်စေပါကြောင်း ယင်းသို့ဝန်ဆောင်မှုပေးသည့် ဒုတိယခရီးစဉ်သည် Xi'an မှ ထွက်ခွာပြီး (၂-၁၁-၂၂) ရက်နေ့ တွင် Duisburg သို့ ဦးတည်ခဲ့ကြောင်း  ဝန်ဆောင်မှု၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ပိုမိုတည်ငြိမ်သော အချိန်ဇယားကို ပေးဆောင်ရန်၊ တရုတ်နှင့် ဂျာမနီအပါအဝင် နိုင်ငံခုနစ်နိုင်ငံမှ မီးရထားအော်ပရေတာများနှင့် ဝန်ဆောင်မှုပေးသူများသည် သတ်မှတ်အချိန်ဇယားများကို စီမံခန့်ခွဲရန် ပေါင်းစပ်ညှိနှိုင်းမှု အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ကြကြောင်း  China State Railway Group သည် ယခုနှစ်အစပိုင်းတွင် တရုတ်နှင့် ဥရောပအကြား လမ်းကြောင်းလေးခုတစ်လျှောက် အချိန်ဇယားများ စတင်ရေးဆွဲခဲ့ပါကြောင်း  ကာဇက်စတန်၊ ရုရှား၊ ဘီလာရုစ်၊ ပိုလန်နှင့် ဂျာမနီအပါအဝင် လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများရှိ မီးရထားအော်ပရေတာများနှင့် ဝန်ဆောင်မှုပေးသူများနှင့် အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးနောက်၊ Xi'an နှင့် Duisburg ကြားရှိ တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု၏ ပထမဆုံးသတ်မှတ်အချိန် ဇယားသည် အောက်တိုဘာလတွင် ပြီးစီးခဲ့ပါကြောင်း လမ်းကြောင်းတစ်လျှောက် စမ်းသပ်မှုများအား (၂၆-၁၀-၂၂) ရက်နေ့တွင်စတင်ခဲ့ပါကြောင်း ဝန်ဆောင်မှုပေးသူအနေဖြင့် China Railway Container Transport Corp သည် တရုတ်-ဥရောပ ကုန်တင်ရထားများ ချောမွေ့စွာလည်ပတ်နိုင်စေရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

တရုတ်နိုင်ငံတွင် ၎င်းသည် ကွန်တိန်နာများနှင့် တင်ဆောင်မည့် အစီအစဉ်များကို ပံ့ပိုးပေးကာ ကုန်စည်ပို့ဆောင်ရေးအချက်အလက်များကို စစ်ဆေးပြီး အကောက်ခွန်ကိုင်တွယ်ရာတွင်ကူညီပေးပါကြောင်း  ကုမ္ပဏီသည် Shaanxi နှင့် Gansu ပြည်နယ်များရှိ ဒေသဆိုင်ရာ မီးရထား အော်ပရေတာများအပြင် Xinjiang Uygur ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ရထားများသည် တရုတ်နိုင်ငံတွင် သတ်မှတ်ထားသော အချိန်ဇယားအတိုင်း လိုက်နာကြောင်း သေချာစေရန်လည်း လုပ်ဆောင်ပါကြောင်း ရထားများ တရုတ်နိုင်ငံမှ ထွက်ခွာသည့်အခါ ကုမ္ပဏီသည် အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးခြင်း real-time monitoring ဆောင်ရွက်ပြီး ဒေသတွင်း မီးရထားအော်ပရေတာများနှင့် ဝန်ဆောင်မှုပေးသူများကို သတင်းအချက်အလက်ပေးပါကြောင်း နောက်တစ်ဆင့်မှာ ချောမွေ့သော နိုင်ငံတကာ စက်မှုထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်သည့် တရုတ်-ဥရောပ ကုန်တင်ရထား ဝန်ဆောင်မှုများ၏ အရည်အသွေးမြှင့်တင်ရန် သတ်မှတ်အချိန်ဇယားများဖြင့် လမ်းကြောင်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရန်ဖြစ်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့ပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့ )

ရင်းမြစ် China-Europe freight train services improved - News - 云桥网英文 (yunnangate way.com)

Category: China (Kunming)