Singapore

တာဝန်ယူမှုရှိသော လုပ်သားလျှော့ချရေးဆိုင်ရာမူဘောင်ကို အလုပ်သမားသမဂ္ဂက အဆိုပြု

Last Updated:

စီးပွားရေးအလားအလာ မရေရာမှုအခြေအနေများကြောင့် လုပ်ငန်းများအနေဖြင့် လုပ်သားလျှော့ချမည်ဆိုပါက တာဝန်ယူမှုရှိသောအလေ့အထရှိစေရန်အတွက် မျှတမှုရှိသောလုပ်သား လျှော့ချရေးမူဘောင် (Fair Retrenchment Framework - FRF) ကို စင်ကာပူနိုင်ငံ၏ အလုပ်သမားသမဂ္ဂ (National Trades Union Congress - NTUC) က ၂၄ - ၇ - ၂၀၂၀ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမူဘောင်တွင် စည်းမျဉ်း (၃) ခုပါဝင်ပြီး၊ ပထမစည်းမျဉ်းမှာ နိုင်ငံခြားလုပ်သား များအတွက် သင့်တော်သောစဉ်းစားပေးမှုများဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စင်ကာပူနိုင်ငံသားများကို ကာကွယ်ပေးမှုရှိရေး သေချာစေသော မျှတမှုရှိသည့် ရွေးချယ်မှု စံနှုန်းများဖြင့် ဆောင်ရွက်ရန်၊ ဒုတိယစည်းမျဉ်းမှာ လုပ်သားများ၏ အလုပ်အကိုင်မဆုံးရှုံးစေရေးအတွက် ဖြစ်နိုင်သမျှကာကွယ်ပေးနိုင်ရေး လစာလျှော့ချခြင်း၊ ယာယီအလုပ်အကိုင်ရွှေ့ပြောင်းဆောင်ရွက်ခွင့်ပြုခြင်း၊ အလုပ်ချိန် လျှော့ချခြင်း၊ လစာမဲ့ခွင့်နှင့် ခွင့်ခံစားမှုများပေးခြင်း စသည့်အစီအစဉ်တို့ကို ဆောင်ရွက်သွားရန်နှင့် လုပ်သားလျှော့ချမှုကို နောက်ဆုံးအစီအစဉ်အဖြစ်သာ ဆောင်ရွက် သွားရန်၊ တတိယစည်းမျဉ်းမှာ နောက်ဆုံးအခြေအနေအဖြစ် လုပ်သားလျှော့ချရပါကလည်း သင့်တော်သော ပံ့ပိုးမှု ပြုလုပ်ပေးသွားရန် ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်းများ၏ လုပ်သားလျှော့ချမှုနှင့်စပ်လျဉ်း၍ အလုပ်သမားများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ပွင့်လင်းမြင်သာမှုရှိရေးနှင့် တိုင်ပင်ဆွေးနွေးညှိနှိုင်း မှုရှိရေး ဆောင်ရွက်သွားကြရန် NTUC က တိုက်တွန်း ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore