Japan

တိုကျိုမြို့အတွင်းရှိ ရုံးခန်းများ လစ်လပ်မှုသည် ၅ လ ဆက်တိုက် မြင့်တက်ခဲ့ခြင်း

Last Updated:

ဂျပန်နိုင်ငံအတွင်း  ကူးစက်မှု ထပ်မံပြန့်ပွားနေခြင်းကြောင့် တိုကျိုမြို့တွင်းရှိ ရုံးခန်းများ နေရာလွတ်နေခြင်းနှင့် ရင်ဆိုင်နေရကြောင်းသိရပါသည်။ အိမ်ခြံမြေနှင့် ရုံးခန်းနေရာများဆိုင်ရာ အကျိုးဆောင်လုပ်ငန်း၏ အချက်အလက်များအရ တိုကျိုမြို့အတွင်း ပြီးခဲ့သည့် ဇူလိုင်လ၏ အခန်းလွတ် နှုန်းသည် ၀.၈ မှတ်၊ ၂.၇၇ % ဖြင့် ၅ လ ဆက်တိုက် မြင့်တက်နေခဲ့သည်ဟု ဆိုပါသည်။

နေအိမ်မှနေ၍ Telework ကို အသုံးပြုမှု ပိုမိုများပြားလာ၍ ကုမ္ပဏီများသည် ၎င်းတို့၏ ရုံးခန်းများ အသုံးပြုမှုကို လျော့ချလာခြင်း၊၊ စီးပွားရေး စွမ်းဆောင်ရည်များ ဆိုးရွားခြင်းတို့ကြောင့် လုပ်ငန်း အဖွဲ့အစည်းများအကြား စာချုပ်အသစ်ချုပ်ဆိုမှုများ လျော့ကျလာခြင်းတို့က ရုံးခန်းနေရာ ငှားရမ်းမှုကို အဓိကလျော့ကျလာစေသည့် အကြောင်းအရင်းများ ဖြစ်ပါသည်။

ထိုသို့ ကျဆင်းမှု ၅ လ ဆက်တိုက် မြင့်တက်လာခြင်းသည် Lehman shock ပြီးနောက် ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ ၂၀၁၀ ခုနှစ် ဇွန်လ (၁၀ လ ဆက်တိုက်) နောက်ပိုင်းတွင် အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလတွင် ဂျပန်နိုင်ငံတစ်ဝှမ်း အရေးပေါ် အခြေအနေ ကြေငြာချက် ထုတ်ပြန်ပြီးနောက် အိမ်ခြံမြေ အကျိုးဆောင်များသည် စီးပွားရေးညှိနှိုင်းဆွေးနွေးမှု များတွင် အခက်အခဲများ ရင်ဆိုင်ခဲ့ရပါသည်။

သြဂုတ်လအတွင်း၌လည်း ထိုအခြေအနေအတိုင်း ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားပြီး အခန်းနေရာလွတ်နှုန်းသည် တစ်နိုင်ငံလုံးရှိ မြို့ပြဒေသများတွင် မြှင့်တက်နေပါကြောင်း၊ ဟော့ကိုင်းဒိုးဒေသတွင် ၂.၂၈ % ၊ နာဂိုယာမြို့တွင် ၂.၉၁ %၊ အိုဆာကာမြို့တွင် ၂.၇၁ % နှင့် ဖူကူအိုကာမြို့တွင် ၂.၈၇ % အထိ ဖြစ်ပေါ်နေပါသည်။

အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက လက်ရှိ အိမ်ခြံမြေနှင့် ရုံးခန်းနေရာငှားရမ်းမှု အခြေ အနေသည် ပြီးခဲ့သည့် နှစ်က အကောင်းဆုံးဖြစ်ခဲ့သည့် အခြေအနေနှင့်မတူ လုံးဝပြောင်းလဲသွားခဲ့ပါကြောင်း၊  ရုံးခန်းအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ပြန်လည်သုံးသပ်ရန် လိုအပ် နေပါကြောင်းဟု မှတ်ချက်ပြုပြောဆိုခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan