Korea

တောင်ကိုရီးယားနိုင်ငံတွင် People Power Party မှ Mr. Yoon Suk-yeol က သမ္မတ အဖြစ် ရွေးကောက်ခံရခြင်း

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင် နောင်လာမည့် (၅) နှစ်အတွက် သမ္မတအသစ်ရွေးကောက်ပွဲကို (၉-၃-၂၀၂၂) ရက်နေ့တွင် ကျင်းပဆောင် ရွက်ခဲ့ရာ၊ အတိုက်အခံပါတီ People Power Party- PPP မှ ကိုယ်စားလှယ်လောင်း Mr. Yoon Suk-yeol က ရွေးကောက်ခြင်းခံခဲ့ရ ကြောင်း၊ မဲများအားလုံးကိုရေတွက်ပြီးနောက် ကွန်ဆာဗေးတစ် People Power Party- PPP မှ Mr. Yoon ကထောက်ခံမဲ၏ (၄၈.၅၆) ရာခိုင်နှုန်းကိုလည်းကောင်း၊  လက်ရှိအာဏာရ လစ်ဘရယ် Democratic Party-DP မှ Mr. Lee Jae-myung က ထောက်ခံမဲ၏ (၄၇.၈၃) ရာခိုင်နှုန်းကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်းကို အမျိုးသားရွေးကောက်ပွဲကော်မရှင် (National Election Commission-NEC) ၏ ထုတ်ပြန်ချက်အရ သိရှိရပြီး၊ ၎င်းတို့ () ဉီး၏ မဲရလဒ်ကွာခြားချက်သည် (၀.၇၃) ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

Mr. Yoon ကမိမိတို့၏ ကိုရီးယားသမ္မတနိုင်ငံသားတိုင်းသည် တစ်သားတည်းသာဖြစ်ကြောင်း မည်သည့်ဒေသ၊ နေရာ (သို့မဟုတ်) လူတန်းစားမရွေး ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်သူပြည်သားများအားလုံးသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ တန်းတူညီ မျှရှိရမည်ဖြစ်ပြီး ၎င်းတို့အား တရားမျှတစွာ ဆက်ဆံရမည်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပ် တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၌ ပါတီ၏ တာဝန်ရှိသူများရှေ့မှောက်တွင် ပြောကြား ခဲ့သည့် မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့ပြင် Mr. Yoon က ၎င်း၏ ရွေးကောက်ပွဲအား ပြည်သူများ၏ ကြီးကျယ်သောအောင်ပွဲအဖြစ်ဖော်ပြခဲ့ပြီး၊ အမျိုးသားခေါင်းဆောင် တစ်ယောက်ဖြစ်စေသော လိုအပ်ချက်များနှင့်  ပြည်သူများ၏အသံများကို မည်သို့နားထောင်ရမည်ကို မဲဆွယ်စည်းရုံးစဉ်တွင် သင်ယူ ခဲ့ကြောင်း၊ ၎င်း၏ပြိုင်ဘက်များဖြစ်သည့် Mr. Lee နှင့် Ms. Sim Sang-jeung တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ပြိုင်ပွဲသည်ပြီးဆုံး သွားပြီဖြစ်ကြောင်းနှင့် ပြည်သူများနှင့် ကိုရီးယားသမ္မတနိုင်ငံ တစ်သားတည်းဖြစ်စေရေးအတွက် မိမိတို့လက်တွဲဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ တာဝန်လွှဲပြောင်းရယူပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားလွှတ်တော်တို့၏ အခြေခံရပ်တည်ချက်များ ကို လေးစားလိုက်နာကာ အတိုက်အခံပါတီနှင့် လက်တွဲ၍ ပြည်သူများအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

Mr. Yoon ရွေးကောက်ခံရခြင်းဖြင့် လူမှုဖူလုံရေးနှင့် အိမ်ခြံမြေမူဝါဒများကဲ့သို့ စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် မြောက်ကိုရီးယား နိုင်ငံနှင့် ဆက်ဆံရေးအပါအဝင် နိုင်ငံခြားရေးမူဝါဒအပေါ် တောင်ကိုရီးယားနိုင်ငံက ရှေ့ဆက်ဆောင်ရွက်မည့် လမ်းညွှန်ချက်များ သည်လည်း လေးနက်ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ Mr. Yoon သည် မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုအား တုံ့ပြန်ရန် ကြိုတင်ကာကွယ်မှုလိုအပ်နိုင်သည်ဟု ပြောကြားခဲ့ပြီး၊ အမျိုးသားလုံခြုံရေးကို တင်းကျပ်စွာ ကာကွယ် ရမည်ဟု မှတ်ယူထားသူတစ်ဉီးဖြစ်ကြောင်း၊ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ၏ ရန်လိုမှုကို ဟန့်တားရန်အတွက် တောင်ကိုရီးယား နိုင်ငံတွင် အမေရိကန်၏ THAAD ဒုံးခွင်းဒုံးစနစ်၏ ယူနစ်များကို ဖြန့်ကျက်ထားမည်ဟု ကတိပြုထားခဲ့သူတစ်ဉီးလည်း ဖြစ်ကြောင်း သတင်းများက ဖော်ပြထားကြပါသည်။

Mr. Yoon အနေဖြင့် ၎င်း၏ သမ္မတသက်တမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော ကဏ္ဍကြီး (၁၀) ရပ်ရှိပြီး၊ ၎င်းတို့မှာ (၁) ကိုဗစ်-၁၉ ကြောင့် ထိခိုက်ရသော စီးပွားရေးကို ပြန်လည်နာလန်ထူရေး၊ (၂) အလုပ်အကိုင်အခွင့်အလမ်း များကို စဉ်ဆက်မပြတ် ဖန်တီးပေးရေး၊ (၃) အိမ်ရာအသစ် (၂.၅) သန်း ဖော်ဆောင်ရေး၊ (၄) အစိုးရနှင့် သမ္မတရုံးအဖွဲ့အား “Digital Platform Government” အဖြစ် ပြောင်းလဲဆောင်ရွက်ရေး၊ (၅) နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာကဏ္ဍအား ပိုမိုတိုးတက်အောင် ဆောင် ရွက်ရေး၊ (၆) ကလေးသူငယ်မွေးဖွားခြင်း/ စောင့်ရှောက်ခြင်းများအတွက် ပိုမိုထောက်ပံ့ပေးရေး၊ (၇) Gender Ministry အားဖျက် သိမ်း၍ မျှတသော လူမှုအဖွဲ့အစည်းကို ဖော်ဆောင်ရေး၊ (၈) ပိုမိုကောင်းမွန်သော သံတမန်ရေးရာနှင့် လုံခြုံမှုများဆောင်ရွက်ရေး၊ (၉) နျူကလီးယားစွမ်းအင်ဆိုင်ရာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်စေရေးနှင့် ကာဗွန်သုံးစွဲမှုလျှော့ချရေးနှင့် (၁၀) မျှတကောင်းမွန်၍ ပိုမိုခေတ်မီ ဖွံ့ဖြိုးသော ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝန်းကျင်သစ်ကို ဖန်တီးတည်ထောင်ရေးတို့ဖြစ်ကြပါသည်။ ရွေးကောက်ပွဲတွင် အနိုင်ရ ရှိအောင်မြင်ခဲ့သည့် People Power Party-PPP မှ Mr. Yoon Suk-yeol သည် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတအသစ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်မည် ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: Yonhap News Agency (10-3-2022)

Category: Korea