Korea

တောင်ကိုရီးယားနိုင်ငံရှိ Gimpo လေဆိပ်၌ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်တော့မည်ဖြစ်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Gimpo အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား လူသုံးပြုမှုများ၍ ရေပန်းစားသော ခရီးစဉ်လမ်းကြောင်းများဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်လည်ပတ်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။ (၄-၅-၂၀၂၂) ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ဖော်ပြောကြားမှုအရ Korean Air၊ Asiana လေကြောင်းလိုင်း၊ Japan Airlines နှင့် All Nippon Airways ကဲ့သို့သော တောင်ကိုရီးယားနှင့် ဂျပန်လေကြောင်းလိုင်းတို့သည် Gimpo လေဆိပ်တွင် နိုင်ငံတကာပျံသန်းမှုများကို ပြန်လည်စတင်ရန် လျှောက်လွှာတင်ခဲ့ကြကြောင်း သိရှိရပါသည်။

အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်အတူ တောင်ကိုရီးယားနိုင်ငံ၏ အဓိကဝင်ပေါက်များထဲမှ တစ်ခုဖြစ်သော ဆိုးလ်မြို့အနောက်ပိုင်းရှိ Gimpo လေဆိပ်သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်တို့သို့ ခရီးတိုပျံသန်းခြင်းအတွက် ခရီးသွားများအကြား နှစ်သက်သဘောကျကြ သည့် လေဆိပ်တစ်ခုဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်သာမက တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံအကြား တင်းမာသောဆက်ဆံရေး အခြေ အနေကြောင့်လည်း တောင်ကိုရီးယား-ဂျပန် လေကြောင်းခရီးစဉ်များကို ကာလအတန်ကြာ ဖျက်သိမ်းထားခဲ့ရပြီးနောက် ယခု Gimpo လေဆိပ်တွင် လေယာဉ်ခရီးစဉ်များကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှ ပြန်လည်စတင်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်။

စစ်ပွဲသမိုင်းနှင့် ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများတွင် ကာလရှည်ကြာတင်းမာနေသည့် တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံတင်းမာမှုများကို ဖြေ လျှော့ရန်ဆန္ဒရှိကြောင်း ရွေးကောက်ခံသမ္မတ Yoon Suk-yeol က ပြောကြားခဲ့ရာ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား လူသားချင်း ရင်းနှီးဆက်သွယ်မှုကိုမြှင့်တင်ရန် အရိပ်အမြွက်ပြသထားသည့် အသစ်တက်လာသည့် သမ္မတ Yoon Suk-yeol အုပ်ချုပ်ရေးအတွက် ဤလေကြောင်း လုပ်ငန်းသည် မြင့်မားသော မျှော်လင့်ချက်ကို ပုံဖော်နေသကဲ့သို့ ဖြစ်ပါသည်။

လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မှုကြားတွင် လေဆိပ်ကို မည်သို့အကောင်းဆုံး ဖွင့်လှစ်လည်ပတ်ရမည်ကို ကျန်းမာရေးအာဏာပိုင်များနှင့် ဆွေးနွေးနေသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆိုက်ရောက်ခရီးသည် များအတွက် Self-quarantine အစီအမံများကို ဖြေလျှော့ပေးခဲ့သော်လည်း ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့သောမြို့ကြီးများတွင် လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုများကြောင့်  တရုတ်လေကြောင်းလိုင်းမှ Gimpo လေဆိပ်သို့ အသုံးပြုရန်လျှောက်ထားခဲ့ခြင်း မရှိသေးကြောင်းလည်း သိရှိရပါသည်။

လေဆိပ်၏ အော်ပရေတာဖြစ်သည့် Korea Airports ကော်ပိုရေးရှင်းက နိုင်ငံတကာလေကြောင်းလိုင်းလုပ်ငန်း ပြန်လည်စတင်နိုင်ရန် လူဝင်မှုကြီး ကြပ်ရေးနှင့် Quarantine ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် Task Force လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းဖွဲ့စည်း၍ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Herald (5-5-2022)

 

Category: Korea