Korea

တောင်ကိုရီးယားနိုင်ငံသည် ဂျပန်နိုင်ငံနှင့် (၁၂) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံသမ္မတအဆင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတယွန်းဆုခ်ယောသည် ဂျပန်နိုင်ငံနှင့်ပူးပေါင်း‌ဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်ရန် ၎င်း၏သမ္မတသက်တမ်းကာလအတွင်း ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်၊မတ်လ(၁၆) ရက်နေ့တွင် သွားရောက်ခဲ့သည်ဟုသိရသည်။

ယင်းသို့သွားရောက်ခြင်းသည် (၁၂) နှစ် တာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသမ္မတတစ်ဦးအနေဖြင့် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား သမိုင်းဝင်ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားပါသည်။

ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လေးနှစ်နီးပါးဖြစ်ပွားခဲ့သော ချစ်ပ် (Chips) များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများနှင့် စပ်လျဉ်းသည့် ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုကိုလည်း အဆုံးသတ်ရန်သဘောတူခဲ့ကြောင်း၊ ယင်းသို့ သဘောတူညီချက်အရ ဂျပန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ အဆိုပါပစ္စည်းများတင်ပို့မှုအပေါ်ချမှတ်ထားသည့် ပို့ကုန်ထိန်းချုပ်မှုကို ဖယ်ရှားလိုက်ကြောင်း၊ ထို့ပြင် တောင်ကိုရီးယားနိုင်ငံကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်တန်းထားမှုကို ပြန်လည်ဖယ်ရှားလိုက်သည်ဟု ကြေညာခဲ့ကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာပြဿနာများကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဟုသိရကြောင်း Nikkei Asia News တွင် ဖော်ပြထားပါသည်။

 

 

 

 

 (စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: Nikkie Asia News , Reuters News

Category: Korea