Korea

တောင်ကိုရီးယားနိုင်ငံအခြေစိုက် Hyundai Motor ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၊ Deltamas စက်မှုဇုန်၌ မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံအသစ်ကို စတင်ဖွင့်လှစ်ခဲ့

Last Updated:

တောင်ကိုရီးယားအခြေစိုက် Hyundai Motor သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၏အရှေ့ဘက် (၄၀) ကီလိုမီတာအကွာ Cikarang အနီးရှိ Deltamas စက်မှုဇုန်၌ ၎င်း၏ အရှေ့တောင်အာရှဒေသရှိ ပထမဉီးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ တည်ဆောက် ပြီးစီးမှုအတွက် ဂုဏ်ပြုအခမ်းအနားကို ၁၆-၃-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ Joko Widodo သည် နိုင်ငံ၏ ထိပ်တန်းအစိုးရအရာရှိကြီးများနှင့်အတူ တက် ရောက်ခဲ့ပြီး၊ သမ္မတက ဂုဏ်ပြုစကားပြောကြားရာတွင် Hyundai မှ IONIQ 5 သည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကား (Electronic Vehicle- EV) ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသောမှတ်တိုင်တစ်ခုဖြစ်လာပြီး ပိုမိုအဆင့်မြင့်သည့် လျှပ်စစ်ကားဂေဟစနစ် ကို ပိုမိုအရှိန်မြှင့်ရန် မျှော်လင့်ကြောင်း၊ စက်ရုံတည်ဆောက်ပြီးစီးမှုနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးလျှပ်စစ်ကား (EV) ဖြစ်သည့် IONIQ 5 ကို စတင်ထုတ်လုပ်ခြင်းအတွက် ဂုဏ်ယူပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် Hyundai Motor Group ၏ဥက္ကဋ္ဌ Mr. Chung Euisun က  “ကမ္ဘာ့စတုတ္ထ လူဦးရေအများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ၎င်းကုမ္ပဏီ၏ အနာဂတ်မော်တော်ယာဉ်ထုတ်လုပ်ရေးမဟာဗျူဟာအတွက် အဓိကအချက်အချာဒေသဖြစ်ပါ ကြောင်း၊ ဤစက်ရုံသည် မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍ အထူးသဖြင့် လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် အဓိကအခန်း ကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Hyundai Motor သည် လက်ရှိတည်ဆောက်နေသော ဘက်ထရီစက်ရုံနှင့် ပေါင်းစပ်ခြင်း ဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားဂေဟစနစ်ထူထောင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံအား ကမ္ဘာ့လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာစေရေးကို မြှင့်တင် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဤ Hyundai Motor ၏စက်ရုံအသစ်ကို အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်နိုင်ခြင်းဖြင့် ပြိုင်ဘက် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူအများစုက လွှမ်းမိုးထားသော အရှေ့တောင်အာရှဈေးကွက်အတွင်းတွင် Hyundai Motor ကုမ္ပဏီ၏ ရပ်တည်မှုကိုချဲ့ထွင် နိုင်ရန် ခြေကုပ်တစ်ခုရရှိခြင်းပင်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

Hyundai Motor သည် အင်ဒိုနီးရှားနိုင်ငံရှိ စက်ရုံ၏ နှစ်စဉ်မော်တော်ယာဉ်ထုတ်လုပ်နိုင်မှု စွမ်းရည်ကို (၂၅၀,၀၀၀) စီးအထိ တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ (၁.၅၅) ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း၊ စက်ရုံအသစ်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကတည်းက Creta Subcompact Crossover SUVs ကားများကို ထုတ်လုပ်ခဲ့ပြီး (၁၆-၃-၂၀၂၂) ရက်နေ့ အခမ်းအနားအပြီးတွင် IONIQ 5 EVs ကို စတင်ထုတ်လုပ်ခဲ့ကြောင်း၊  ၎င်းသည် ယခု ၂၀၂၂ ခုနှစ်၏ ပထမနှစ်ဝက်တွင် Santa Fe SUVs ကားများအပြင် အရှေ့တောင်အာရှဒေသရှိ မော်တော်ယာဉ်သုံးစွဲသူများအတွက်အံဝင်ခွင်ကျရှိစေမည့် ဘက်စုံသုံးယာဉ်ငယ် များကို စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူညီချက်များ (ASEAN Free Trade Area agreements) နှင့်အညီ အခြားအာဆီယံ နိုင်ငံများသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်များကို တင်ပို့နိုင်ကြောင်း လေ့လာသိရှိရပါသည်။

အင်ဒိုနီးရှားအစိုးရသည် EV ဂေဟစနစ်ကို ချဲ့ထွင်ရာတွင် ဦးဆောင်နေလျက်ရှိပြီး  ၂၀၃၀ ပြည့်နှစ်တွင် အစိုးရပိုင်မော်တော်ယာဉ် အစီးရေ (၁၃၀,၀၀၀) ကို EV မော်တော်ယာဉ်များအဖြစ်သို့ ပြောင်းလဲရန် စီစဉ်လျာထားရာ Hyundai Motor သည် LG Energy Solutions နှင့်ပူးပေါင်း၍ အင်ဒိုနီးရှားနိုင်ငံ၊ Karawang မြို့တွင်ဘက်ထရီဆဲလ်စက်ရုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် အပြီးသတ်တည် ဆောက်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်ရန် လျာထားကြောင်း သိရှိရပါသည်။ အဆိုပါစက်ရုံမှ အရည်အသွေးကောင်းမွန်သည့် ဘက်ထရီဆဲလ်များကို EV စက်ရုံသို့ ထောက်ပံ့ပေးနိုင်ခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ EV မော်တော်ယာဉ် သို့ ကူးပြောင်းသည့်ကာလတွင် ကောင်းစွာပံ့ပိုးပေးနိုင်ရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါ သည်။

Hyundai Motor သည် အင်ဒိုနီးရှားနိုင်ငံနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများမှ မော်တော်ယဉ်များ ဝယ်ယူလို၍ မှာယူ သည့်အခါ ပါဝင်ကုန်ပစ္စည်းသတ်မှတ်ချက်ဆိုင်ရာ Product Specification များကို Customer စိတ်ကြိုက် Customized ပြုလုပ်၍ ရွေးချယ်နိုင်ပြီး ကုန်ကျစရိတ်ကိုလည်း တတ်နိုင်သမျှ အနည်းဆုံးစျေးဖြင့် ဆောင်ရွက်ပေးမည့် ဝယ်ယူသူဗဟိုပြုစနစ်ကိုလည်း ထုတ် လုပ်မှုနှင့် ရောင်းချမှုစနစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံရှိ Hyundai Motor Click-to-Buy” online platform သည် Customer များအား မော်တော်ယာဉ်ဝယ်ယူခြင်းကို Online အသုံးပြု၍ နေအိမ်မှပင် အလွယ်တကူဝယ်ယူနိုင်စေရန်နှင့် လုပ်ငန်းစဉ်အဆင့်အားလုံးကို Online မှပင် အလွယ်တကူပြီးမြောက်စေရန် အကောင် အထည်ဖော်ဆောင်ရွက်ထားကြောင်း သတင်းများအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source - The Korea Times (17-3-2022)

Category: Korea