Korea

တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်မှ (၁၀)ရက်နေ့ထိ ကုန်သွယ်မှု အခြေအနေ

Last Updated:

Korea Customs Agency ၏ ကုန်သွယ်မှုစာရင်းအချက်အလက်များအရ တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်မှ (၁၀) ရက်နေ့ထိ လဆန်း (၁၀) ရက်တာအတွင်း  ပို့ကုန် အမေရိကန်ဒေါ်လာ (၁၈.၇၃၅) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၂၀.၁၂၅) ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၈.၈၆) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ပို့ကုန်တွင် ယခင်နှစ်ကာလတူထက် (၁၄.၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ သွင်းကုန်တွင် ယခင်နှစ်ကာလတူထက် (၁၅.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ  ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁.၃၉) ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

အဆိုပါကာလအတွင်း နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော ဆီမီးကွန်ဒတ်တာသည် ယခင်နှစ်ကာလတူထက် (၂၈.၅) ရာခိုင်နှုန်း၊ သံမဏိ (Steel) များသည် (၂၅.၆) ရာခိုင်နှုန်းနှင့် ရေနံထွက်ကုန်များသည် (၉၈.၈) ရာခိုင်နှုန်း အသီးသီးတိုးတက်တင်ပို့လာနိုင်ခဲ့ကြောင်း၊ အဓိက ကုန်သွယ်ဖက်များဖြစ်သော တရုတ်နိုင်ငံသို့ (၁၃.၅) ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုသို့ (၇.၂) ရာခိုင်နှုန်း၊ ဉရောပသမဂ္ဂနိုင်ငံများ သို့ (၉) ရာခိုင်နှုန်း အသီးသီး တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး၊ မော်တော်ယာဉ်တင်ပို့မှုတွင် (၂၈) ရာခိုင်နှုန်းနှင့် ဆက်သွယ်ရေး ပစ္စည်းတင်ပို့မှုတွင် (၁၀.၉) ရာခိုင်နှုန်းခန့် လျော့နည်းတင်ပို့ခဲ့ကြောင်း တွေ့ရှိရပါသည်။

ကုန်စည်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သွင်းကုန်တန်ဖိုး ပိုမိုမြင့်တက်လာခဲ့ပြီး၊ ရေနံစိမ်းတင်သွင်းမှုသည် (၉၈.၈) ရာခိုင်နှုန်း၊ ဓါတ်ငွေ့တင်သွင်းမှု (၈၇) ရာခိုင်နှုန်း၊ ရေနံထွက်ကုန်တင်သွင်းမှု (၄၆.၃) ရာခိုင်နှုန်းနှင့် ဆီမီးကွန်ဒတ်တာတင်သွင်းမှု (၁၈.၈) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံအလိုက်တင်သွင်းမှုတွင် တရုတ်နိုင်ငံထံမှ (၁၈.၃) ရာခိုင်နှုန်း၊ အမေရိကန်ပြည် ထောင်စုထံမှ (၀.၈) ရာခိုင်နှုန်းနှင့် ဆော်ဒီအာရေဗျနိုင်ငံမှ တင်သွင်းမှု (၁၀၉.၂) ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: Yonhap News Agency (11-3-2022)

Category: Korea