Korea

တောင်ကိုရီးယားသမ္မတအသစ် Yoon ၏ ပထမဆုံးသော စီးပွားရေးလှုပ်ရှားမှုအဖြစ် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ကိုဗစ်-၁၉ ကယ်ဆယ်ရေး ဖြည့်စွက်ရန်ပုံငွေ ခွင့်ပြုပေးမည့်အစီအစဉ်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် အစိုးရအသစ်တက်မည်ဖြစ်ရာ၊  ရွေးကောက်ခံသမ္မတအသစ် Yoon Suk-yeol သည် ကိုဗစ်-၁၉ ကြောင့် အဆိုးရွားဆုံး စီးပွားရေးထိခိုက်ခဲ့ရသည့် ကိုယ်ပိုင်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို  ပံ့ပိုးပေးသွားမည်ဟု ကတိ ပြုထားခဲ့သည့်အတိုင်း ၂၀၂၂ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်းတွင် ဖြည့်စွက်ရန်ပုံငွေကို ခွင့်ပြုထုတ်ပြန်ရန်စီစဉ်ထားကြောင်း၊ အစိုးရသစ်တက်လာ သည်နှင့် အဆိုပါရန်ပုံငွေကို အစောဆုံးခွင့်ပြုသွားမည်ဖြစ်ကြောင်း သမ္မတအသစ် Yoon ၏ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားခံရသူ Choo Kyung-ho ၏ ထုတ်ဖော်ပြောဆိုမှုအရ သိရှိရပါသည်။ 

ယွန်းအစိုးရသစ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကယ်ဆယ်ရေးအတွက် အနည်းဆုံးကိုရီးယားဝမ် ၃၃ ထရီလီယံ၊ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အသုံးပြုရန် မျှော်လင့်ထားကြောင်း၊ သမ္မတ‌ Moon Jae-in အစိုးရ၏ နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ကပ်ရောဂါအကူအညီအဖြစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမျိုးသားလွှတ်တော်မှအတည်ပြုခဲ့သော ဝမ် ၁၆ ထရီလီယံ၏ နောက်ဆက်တွဲ ဖြည့်စွက်ဘတ်ဂျက်ဖြစ်လာမည်ဖြစ်ကြောင်း၊ သမ္မတဟောင်း Moon Jae-in ၏ စုစုပေါင်း ကိုဗစ်-၁၉  ကယ်ဆယ်ရေးရန်ပုံငွေ ဝမ် ၃၅ ထရီလီယံထကပိုမိုသည့် သမ္မတအသစ် Yoon ၏ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ကယ်ဆယ်ရေးရန်ပုံငွေ ဝမ် ၃၃ ထရီလီယံအစီအစဉ်သည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတွင် ငွေကြေးဖောင်းပွမှု ကို ထိန်းညှိခြင်းနှင့် ကြွေးမြီအန္တရာယ်များကို ရှောင်ရှားနိုင်ခြင်းရှိ၊ မရှိတို့အပေါ်  စီးပွားရေးပညာရှင်များအကြား စိုးရိမ်မှုများဖြစ်ပေါ်စေလျက်ရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၌ စားသုံးသူဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ယခင်နှစ် ကာလတူထက် . ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလ၏နောက်ပိုင်း ၁၃ နှစ်တာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ အစိုးရကြွေးမြီသည် ယခု ၂၀၂၂ ခုနှစ်တွင် ဝမ် ,၀၇၅ ထရီလီယံသို့ ရောက်ရှိရန်ခန့်မှန်းထားပြီး၊ ၎င်းသည် အစိုးရကြွေးမြီ ဝမ် ,၀၀၀ ထရီလီယံကျော်သို့ ရောက်ရှိမှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ သမ္မတ Moon Jae-in ၏ သက်တမ်းအတွင်း ၂၀၁၇ ခုနှစ်မှစတင်၍ ယခုတိုင်လျော့ပါးသွားသည့် အရိပ်အယောင်များမတွေ့ခဲ့ရကြောင်း၊ ကြွေးမြီနှင့် GDP အချိုးသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင် ၅၀. ရာခိုင်နှုန်းသို့ ရောက်ရှိရန်မျှော်မှန်းထားပြီး ဘဏ္ဍာရေးလိုငွေပြမှုသည် GDP . ရာခိုင်နှုန်း/ ဝမ် ၇၀. ထရီလီယံအထိ တိုးမြင့်လာဖွယ်ရှိကြောင်း၊ ကြွေးမြီအဆင့်မြင့်တက်လာခြင်းသည် စိုးရိမ်စရာဖြစ်ပြီး၊ ကဏ္ဍအလုံးစုံသို့ အကျိုး သက်ရောက်မှုများ သည့်အတွက် ယခု ကိုဗစ်-၁၉  ကယ်ဆယ်ရေးရန်ပုံငွေသုံးစွဲမှု၏ နောက်ကွယ်၌ ဖြစ်ပေါ်လာမည့်သက်ရောက်မှုများကို စဉ်းစားရန်လိုအပ်ကြောင်း Yonsei တက္ကသိုလ်၏ စီးပွားရေးပါမောက္ခ Sung Tae-yoon က သုံးသပ်ပြောကြားခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ကယ်ဆယ်ရေး ရန်ပုံငွေအစီအစဉ်သည် ၂၀၂၂ ခုနှစ် မေလ၊ ဇူလိုင်လနှင့် အောက်တိုဘာလတို့တွင် ၎င်း၏စံနှုန်းကို .၂၅ရာခိုင်နှုန်းထိ အနည်းဆုံး သုံးကြိမ် ထပ်မံတိုးမြှင့် သွားရန် အလားအလာရှိနေသော တောင်ကိုရီးယားဗဟိုဘဏ် Bank of Korea - BOK ၏ အစီအစဉ်ကို အံတုလျက်ရှိကြောင်း၊  International Monetary Fund (IMF) ၏ဘောဂဗေဒ ပညာရှင်ဟောင်းတစ်ဉီးက တစ်ကမ္ဘာလုံးတွင် လောင်စာဆီစျေးနှုန်းများ ကြီးမြင့်လာမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၌ နေထိုင်မှုစရိတ်များ မြင့်လာကြောင်းသုံးသပ်ခဲ့ပြီး၊ BOK ၏အုပ်ချုပ်ရေးမှူး Rhee Chang-yong က ကိုဗစ်-၁၉  စတင်ကတည်းက တိုးမြင့်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင် ပြောင်းလဲခြင်းမပြုခဲ့သည့် လျော့ရဲနေသည့် တောင် ကိုရီးယားအစိုးရ၏ ငွေကြေးမူဝါဒပိုင်းကို ပုံမှန်အခြေအနေသို့ရောက်ရှိစေရေး ပြန်လည်တည့်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြား ခဲ့ကြပါသည်။

စိုးရိမ်မှုများရှိနေသော်လည်း၊ သမ္မတအသစ် Yoon ၏အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်းတွင် ကိုဗစ်-၁၉  ကယ်ဆယ် ရေးရန်ပုံငွေအဖြစ် ကပ်ရောဂါကြောင့် ပျက်စီးဆုံးရှုံးရသည့် လုပ်ငန်းများအတွက် "အပြည့်အဝလျော်ကြေး" ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ထိခိုက်ပျက်စီးမှုများ၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ လျော်ကြေးပေးခဲ့သောကြောင့် အစိုးရအကူအညီသည် ယခုအချိန်အထိ မလုံလောက်သေးကြောင်း အဆိုပါ စီးပွားရေးလုပ်ငန်းများက ကာလရှည်ကြာ စောဒကတက်ခဲ့ကြပါသည်။

သမ္မတယွန်းအစိုးရသစ်သည် အစိုးရမှထောက်ပံ့မှုများတွင် လျစ်လျူရှုခံထားရသူများကို ထောက်ပံ့ကူညီရန်လည်း စီစဉ်လျက်ရှိကြောင်း၊ ဥပမာအား ဖြင့် တက္ကစီနှင့် ဘတ်စ်ကားယာဉ်မောင်းများသည် ၎င်းတို့ရထိုက်သော ထောက်ပံ့မှုအဆင့်ကို မမြင်ရသေးသော အုပ်စုများထဲမှတစ်ဖွဲ့အပါအဝင်ဖြစ် ကြောင်း၊ ၎င်းတို့အား ငွေသားပေးချေမှုများ ထပ်လောင်းပေးသွားမည်ဟု သမ္မတအသစ် Yoon ၏အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။ တစ်ချိန် တည်းတွင်ပင် ဝင်ငွေနည်းသော အိမ်ထောင်စုများအား ၎င်းတို့၏ နေထိုင်မှုစရိတ်များကိုလျှော့ချရေး ကူညီနိုင်ရန် သုံးစွဲနိုင်မည့်ကူပွန် များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သမ္မတ Yoon ၏ရုံးအဖွဲ့မှ ထပ်လောင်းပြောကြားခဲ့ပြီး၊ အရေးမကြီးသော အစိုးရအသုံးစရိတ်အားလုံးကို ရွှေ့ဆိုင်း လိုက်ခြင်းဖြင့်ရရှိလာမည့် အပိုငွေများကို အသုံးပြုပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ သို့ရာတွင် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှင့် ကြွေးမြီအဆင့် များ မြင့်တက်လာခြင်းအခြေအနေများနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းကိုမူ အနည်းငယ်မျှသာ ထုတ်ဖော် ပြောကြားခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၌ ငွေကြေးဖောင်းပွမှု၊  တောင်ကိုရီးယားဗဟိုဘဏ် (Bank of Korea) ၏ အခြေခံအတိုးနှုန်းထား မြင့်တက်ခြင်းနှင့် ငွေကြေး မူဝါဒကွဲလွဲမှုများ၊ ကြွေးမြီအန္တရာယ်များကြောင့် နိုင်ငံ၏ပြန်လည်အရှိန်ရလာသည့် စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်မှုများကြီးထွားလျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Herald (8-5-2022)

Category: Korea