South Africa

တောင်အာဖရိကနိုင်ငံ၌ စားသုံးသူဈေးနှုန်းများ လွန်စွာမြင့်တက်လာနိုင်ဖွယ်ရှိနေခြင်း

Last Updated:

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံအကြား စစ်မက်ဖြစ်ပွားမှု နောက်ဆက်တွဲအနေဖြင့် စားသုံးသူဈေးနှုန်းများ လွန်စွာမြင့်တက်လာနိုင် ကြောင်း၊ ယခုနှစ်တွင် ရုရှားနိုင်ငံအား scanctions များ စဉ်ဆက်မပြတ်ချမှတ်မှုကြောင့် ကမ္ဘာ့စီးပွားရေးကို ပိုမိုအကျပ်ရိုက်စေခြင်း သည် တောင်အာဖရိကနိုင်ငံအပေါ် ကုန်ဈေးနှုန်းကြီးမြင့်မှုနှုန်း ၆ ရာခိုင်နှုန်းသို့ ကျော်လွန်မြင့်တက်လာနိုင်သည့်အခြေအနေရှိ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် စားသုံးဈေးနှုန်းမြင့်တက်မှုနှုန်း (Consumer price inflation- CPI) သည် ယူကရိန်း၌ ဖြစ်ပေါ်သည့် အကျပ်အတည်းပြဿနာ နောက်ဆက်တွဲကြောင့် ၀.၈ ရာခိုင်နှုန်းပျှမ်းမျှမြင့်တက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာဘဏ်များအဖွဲ့ (BNP) က သုံးသပ်ထားသည်ကို သိရှိရပါသည်။ 

 

ကုန်ဈေးနှုန်းကြီးမြင့်မှုသည် မြင့်တက်မှုမြန်ဆန်နိုင်ပြီး ပြန်လည်ကျဆင်းမှုနှေးကွေးနိုင်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် စားသုံးသူများ သုံးစွဲနိုင်မှုအပေါ် များစွာထိခိုက်နိုင်ကြောင်း၊ BNP မှ တောင်အာဖရိကစီးပွားရေးပညာရှင် Jeff Schultz က ရုရှားနိုင်ငံအပေါ် sanctions များချမှတ်မှုကြောင့် ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ထိခိုက်စေကြောင်း၊ အဓိကအားဖြင့် ကမ္ဘာ့ဆီဈေးနှုန်းနှင့် အစားအစာဈေးနှုန်းများ တိုးမြင့်မှုကို ဖြစ်ပေါ်စေကြောင်း၊ နောက်ဆက်တွဲအနေဖြင့် တောင်အာဖရိကနိုင်ငံသည် စက်သုံးဆီနှင့် အစားအစာများ အသားတင်တင်သွင်းနေရသည့် နိုင်ငံဖြစ်သဖြင့် လာမည့်လအနည်းငယ်အတွင်း စားသုံးသူဈေးနှုန်းမြင့်တက်မှု အညွှန်းကိန်းသည်များ စွာမြင့်တက်လာနိုင်သည်ကို မျှော်မှန်းထားကြောင်း၊ ထို့ကြောင့် စက်သုံးဆီဈေးနှုန်းများနှင့် အစားအစာဈေး နှုန်းများ ထပ်မံကြာရှည်စွာမြင့်တက်လာမှုသည် နိုင်ငံ၏စီးပွားရေးကို ထပ်မံအကျပ်ရိုက် စေမည့်ကိစ္စဖြစ်ကြောင်း ပြောကြားထား သည်ကို သိရှိရပါသည်။

လက်ရှိတွင် တောင်အာဖရိကနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖေါင်းပွမှုနှုန်းကန့်သတ်ထားသည့် ၆ ရာခိုင်နှုန်းအား ဧပြီလမှစတင် ၍ ကျော်လွန်ရမည့်အခြေအနေတွင် ရှိနေကြောင်း၊ ရုရှားနိုင်ငံ၏ ယူကရိန်နိုင်ငံအပေါ် ကျူးကျော်စစ်ဖြစ်ပွားမှုနှင့် ရုရှားနိုင်ငံအပေါ် sanctions များ ဆက်လက်ချမှတ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုကို ထိခိုက်စေပြီး စက်သုံးဆီ၊ တန်ဖိုးကြီးသတ္တုများ၏ ဈေးနှုန်းများကို မှတ်တမ်းတင်မြင့်တက်စေခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံတွင်လည်း စက်သုံးဆီဈေးနှုန်းသည် ပထမဆုံးအကြိမ်အမြင့်ဆုံးအဖြစ် တစ်လီတာရန်း ၂၁ ကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးရေးကုန်စည်များဖြစ်သည့် အစေ့အဆံ၊ ဂျုံနှင့် နေကြာပန်း ဆီဈေးနှုန်းများသည်လည်း မြင့်တက်လျှက်ရှိကြောင်း၊ လွန်ခဲ့သော ၅ နှစ်အတွင်း တောင်အာဖရိကနိုင်ငံသည် ဂျုံတင်သွင်းမှုမှ ၃၀ ရာခိုင်နှုန်းကျော်အား ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းခဲ့ရကြောင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနှင့် အစေ့အဆံဈေးနှုန်း များ မြင့်တက်မှုသည်လည်း ပြည်တွင်း ကုန်ဈေးနှုန်းကြီးမြင့်စေမှုကို တွန်းပို့လျှက်ရှိပြီး တောင်အာဖရိကနိုင်ငံ၏ စားသုံးသူများအပေါ် ဝန်ထုပ်ဝန်ပိုးပိုမိုဖြစ်ပေါ်စေကြောင်း သိရှိရပါသည်။            

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)                                     

Source:           https://www.iol.co.za/business-report/economy/consumer-prices-likely-to-rise-sharply-in-the-country-bnp-paribas-fbe5704e-9364-4991-aead-85f26f307819

Category: South Africa