South Africa

တောင်အာဖရိကနိုင်ငံ၌ လုပ်ငန်းများပိတ်သိမ်းရမှုအများဆုံးဖြစ်ပေါ်နှင့်အတူ အလုပ်အကိုင်များ ဆုံးရှုံးမှုဖြစ်ပေါ်နေခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံစာရင်းအင်းဌာနကထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများစွာပိတ်သိမ်းရမှုနှင့် ကြွေးမြီပြန်လည်မပေးဆပ်နိုင်မှုများ များပြားစွာဖြစ်ပေါ်ခဲ့ကြောင်း၊ လုပ်ငန်းပိတ်သိမ်းရမှုဆိုရာတွင်ကုမ္ပဏီများအနေဖြင့်လုပ်ငန်းလည် ပတ်ရန် ရင်းနှီးမြှုပ်နှံထားမှုထက်ပိုမို၍ ပေးဆောင်ရန်ကြွေးမြီများပြားခြင်းကြောင့် လုပ်ငန်းဆက် လက်လည်ပတ်ရန် အခက်အခဲဖြစ်ခြင်းဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့်စာရင်းအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှဒီဇင်ဘာလအထိ တောင်အာဖရိကနိုင်ငံရှိစီးပွားရေးလုပ်ငန်းပေါင်း ၁,၉၃၂ ခုပိတ်သိမ်း ခဲ့ရကြောင်း၊ လုပ်ငန်းများပိတ်သိမ်းရမှုသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ရောဂါစတင်ဖြစ်ပွား သည့်အချိန်ကတည်းကစတင်ခဲ့ကြောင်းသိရှိရပါသည်။

သို့သော် ၂၀၂၀ ပြည့်နှစ် စတုတ္ထလေးလပတ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၁ ခုနှစ်လေးလပိုင်း၌ ၂၉.၂ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၂၀.၃ ရာခိုင်နှုန်းကျဆင်ခဲ့ကြောင်း၊ အဓိကပိတ်သိမ်းရသည့်လုပ်ငန်းများသည် ဘဏ္ဍာရေး၊ အာမခံ၊ အိမ်ခြံမြေရောင်းဝယ် ရေးနှင့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများမှ လုပ်ငန်း ၆၂၅ ခု၊ ကုန်သွယ်ရေး၊ အစားအသောက် ဝန်ဆောင်မှုနှင့် နေရာထိုင်ခင်းငှားရမ်းခြင်းလုပ်ငန်းမှ ၄၁၄ ခုနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းမှ လုပ်ငန်း ၁၅၇ ခုအထိ ထိခိုက်ခဲ့ကြောင်းသိရှိရပါသည်။

ကုမ္ပဏီများပိတ်သိမ်းရမှုသည်ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှု များနှင့် အခြားအချက်အလက်များကြောင့် လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းရည်ကျဆင်းပြီး လုပ်ငန်း များထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုကြောင့် ၂ နှစ်အတွင်းတောင်အာဖရိကနိုင်ငံ၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအပေါ်များစွာထိခိုက်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သည့်တစ်ပတ်ကြာ အကြမ်းဖက်ဆန္ဒပြမှုသည် Gauteng နှင့် KwaZulu-Natal ပြည်နယ်ရှိအခြေခံအဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများစွာပျက်စီးခဲ့ပြီး အလုပ်အကိုင်စုစု ပေါင်း ၆၆၀,၀၀၀ ဆုံးရှုံးခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ၌ အလုပ်အကိုင် ဆုံးရှုံးမှုသည် အလုပ်အကိုင် ၁၀ ခုအနက် ၉ ခုအထိဆုံးရှုံးခဲ့ရသည့်အခြေအနေနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ဖြစ်ပေါ်မှုသည် တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးပြန်လည်တည်ဆောက်မှုနှင့် ပြန်လည်နာလန်ထူနိုင်ရေးအစီအမံ အကောင် အထည်ဖော်မှုအရ အလုပ်အကိုင်ဖော်ဆောင်ပေး နိုင်မှုကိုများစွာထိခိုက်စေခဲ့ကြောင်းသိရှိရပါသည်။      

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့) 

Source: https://businesstech.co.za/news/business/553046/the-businesses-hit-hardest-by-liquidations-in-south-africa-right-now-with-jobs-not-coming-back/?utmsource=everlytic&utmmedium= newsletter&utm_cam pai gn=businesstech

Category: South Africa