South Africa

တောင်အာဖရိကနိုင်ငံ၏စွန့်ပစ်အမှိုက်များကို ရရှိနိုင်သည့်စွမ်းအင်အဖြစ် အခြားနည်းလမ်းဖြင့် ထုတ်လုပ်နိုင်မည့်အခြေနေသို့ကြိုးပမ်းနေခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံတွင် စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်မှုနယ်ပယ်တွင် ရရှိနိုင်သော အခြားနည်းလမ်းဖြင့် စွမ်းအင်ထုတ်လုပ်နိုင်သည့် အသုံးမပြုရသေး သော အခွင့်အလမ်းများစွာရှိနေသေးကြောင်း၊ တောင်အာဖရိကနိုင်ငံ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အဖြေရှာပေးခြင်းကုမ္ပဏီဖြစ်သော Interwaste က တောင်အာဖရိက နိုင်ငံ၌ တစ်နှစ်လျှင် စွန့်ပစ်အမှိုက်တန်ချိန် ၁၂၂ သန်း၊ စုပုံတန်ဖိုးအားဖြင့် ရန်း ၂၅.၂ ဘီလီယံကို အသုံးပြု၍ စွမ်းအင်လည်ပတ်လျှက်ရှိကြောင်း၊ အဆိုပါစွန့်ပစ် အမှိုက် ၉၀% အား မြေကျင်းသို့ ထည့်သွင်းမြှုပ်နှံသည့်စနစ်ဖြင့် စွန့်ပစ်ပြီးကျန် ၁၀% ကိုသာ ပြန်လည်အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို သိရှိရပါ သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ရှာဖွေရေးဌာန၏ ညွှန်ကြားရေးမှူး Kate Stubbs က အဆိုပါစာရင်းအင်းအရ ဖော်ပြနေသည်မှာ တောင်အာဖရိကနိုင်ငံ အနေဖြင့် အနာဂတ် အမှိုက်စွန့်ပစ်မှုပြဿနာဖြစ်လာနိုင်သည့် အခြေအနေရှိသည့်အတွက် ဖြေရှင်းနိုင်ရေး အရေးပေါ်စဉ်းစားဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တောင်အာဖရိကနိုင်ငံအတွက် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေးနယ်ပယ်ကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့်အရေးအမှန်တစ်ခုဖြစ်မည် ဖြစ်ကြောင်း၊ အရေးကြီးသည့်အချက်သည် အမှိုက်စွန့်ပစ်မှုပြဿနာမဖြစ်လာနိုင်အောင် စွန့်ပစ်ပစ္စည်း သယံဇာတစီမံခန့်ခွဲမှုနည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက် ရန်ဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံသည် အမှိုက်များအား မြေကျင်းထဲသို့ ထည့်သွင်းမြှုပ်နှံသည့်စနစ် ပပျောက်ရေးကို ၂၀၃၀ မတိုင်မီ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက နိုင်ငံအတွင်း အမှိုက်စွန့်ပစ်ရသည့်ပြဿနာဖြစ်ပေါ်မှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ အမှိုက်မှ စွမ်းအင် သို့ ပြောင်းလဲသည့်နည်းလမ်းများစွာရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသုံးပြုသည့် အပူဖြင့်ဖျက်ဆီး၍ စွမ်းအင်ထုတ်လုပ်သည့် အမှိုက်မှ စွမ်းအင်စက်ရုံများ တည်ထောင် ဆောင်ရွက်ခြင်းသည် နည်းလမ်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် တောင်အာဖရိကလုပ်ငန်းအဖွဲ့အစည်းများ ကနည်းလမ်းအသစ်များ တီထွင်ကြံဆနေသကဲ့ သို့ တစ်ဖက်မှလည်း အစိုးရက ဉပဒေ၊ စည်းမျည်းအသစ်များချမှတ်၍ မြေကျင်းတူး စွန့်ပစ်မြှုပ်နှံသည့်စနစ် ပပျောက်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်အထည်ဖော်နေသည့် စည်းမျဉ်းအသစ် (New Extended Producer Responsibility) အရ ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် ၎င်းတို့ထုတ်လုပ်လိုက် သော ပစ္စည်များရောင်းချပြီး နောက်ဆုံးစွန့်ပစ်လိုက်သည့်အချိန်အထိ တာဝန်ယူရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့ထုတ်လုပ်လိုက်သော ပစ္စည်းအား ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ထုတ်လုပ်နိုင်စေသည့် ကုန်ကြမ်းများကိုသာ အသုံးပြုရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ဆောင်ရွက် ခြင်းဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျောက်တွင် စွန့်ပစ်ပစ္စည်းများအား ရေရှည်လျော့ချနိုင်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံရှိ ပြည် တွင်းအမှိုက်ထိန်းသိမ်းခြင်းကဏ္ဍအနေဖြင့် ကမ္ဘာ့အဆင့်စံချိန်စံညွှန်းအတိုင်း ကျင့်သုံးနိုင်စေရန် ကြိုးစား၍ တောင်အာဖရိကနိုင်ငံအား အနာဂတ်ကာလတွင် သန့်ရှင်း သည့် အစိမ်းရောင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.iol.co.za/business-report/economy/huge-potential-turn ing-waste-into-alternative-energy-says-interwaste-b108f458-d9b8-4937-8bc1-f890cd076ab1

Category: South Africa