Thailand

ထိုင်းကုန်စည်ပြပွဲများကို အွန်လိုင်းပလက်ဖေါင်းမှ ပြုလုပ်သွားမည်

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်း၏ ပထမဆုံးသော အွန်လိုင်းကုန်စည်ပြပွဲဖြစ်သည့် Multimedia Online Virtual Exhibition (Move) ကို မေလနှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်လျှက်ရှိပြီး ၎င်းတွင် ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်း ရှင်များ အတွက် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများလည်းပါဝင်ကာ အဆိုပါပွဲတွင် အရောင်းတန်ဖိုးဘတ်ငွေ (၁) ဘီလီယံခန့်ရှိလိမ့်မည်ဟု မျှော်မှန်းထားပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somdet Susomboon က ကပ်ရောဂါကူးစက်ပျံ့နှံ့မှုဆက်လက်ဖြစ်ပွားနေပြီး ကမ္ဘာအနှံ့ ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်နေသောကြောင့် ဌာနအနေဖြင့် ပြည်တွင်းပြည်ပရှိ ကုန်စည်ပြပွဲများကို စက်တင်ဘာလအထိ ဆိုင်းငံ့ခဲ့ရသည်ဟု ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ပို့ကုန်တိုးမြှင့်ရန်နှင့် လူလူခြင်းထိတွေ့မှုကိုရှောင်ရှားရန် အွန်လိုင်း ကုန်စည်ပြပွဲ Online Exhibitions များနှင့် Virtual Trade  shows များကို အဓိက အာရုံစိုက်လျှက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် များသောအားဖြင့် ပြည်တွင်း၌ အဓိကကျသော အပြည်ပြည်ဆိုင် ရာကုန်စည်ပြပွဲ (၆) ပွဲအား ကျင်းပလေ့ရှိကြောင်း၊ ၎င်းတို့တွင် ဗန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲနှင့် ဗန်ကောက်စတိုင် Bangkok Style ပြပွဲတို့အပါအဝင် ဖြစ်ပါသည်။

ယခုကျင်းပမည့် Move အစီအစဉ်အား မေလ (၂၅-၂၇) အထိ ကျင်းပရန် စီစဉ်ထားပါသည်။ THAIFEX Virtual Trade Fair အား ဇွန်လတွင်ကျင်းပရန်နှင့် LifeStyle Online Virtual ပွဲအား ဇူလိုင်လတွင်ကျင်းပရန် စီစဉ်ထားပါသည်။

ဝက်ဆိုက် move.ditp.go.th သည် ရုပ်ရှင်၊ တီဗွီ၊ ကာတွန်းနှင့် ဂိမ်းကစားခြင်းလုပ်ငန်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ကမ်းလှမ်းသော ထိုင်းကုမ္ပဏီများ၏ ပြီးပြည့်စုံသော လမ်းညွှန်လိပ်စာတစ်ခုကို ဖန်တီးပေးလိမ့်မည်ဖြစ်ပါသည်။ ၎င်းက အပြည်ပြည်ဆိုင်ရာကုမ္ပဏီများအနေဖြင့် အလားအလာရှိသော ထိုင်းကုန်ပစ္စည်းပေးသွင်းသူများ (Potential Suppliers) နှင့် မိတ်ဖက် Partners များကို ရှာဖွေရာတွင် အထောက်အကူပြုစေသင့်ကြောင်း Mr.Somdet ကပြောကြားခဲ့ပါသည်။ အဆိုပါလမ်း ညွှန် Directory ကို အမြဲတမ်းရင်းမြစ်တစ်ခုအဖြစ် ထိန်းသိမ်းထားရှိလိမ့်မည်ဖြစ်ပါသည်။

အဆိုပါ Move Live အစီအစဉ်သည် အပြည်ပြည်ဆိုင်ရာကုမ္ပဏီများအား ထိုင်းကုမ္ပဏီများနှင့် ချိတ်ဆက်ဆက်သွယ်ခွင့်၊ တစ်ဉီးနှင့်တစ်ဉီး ကုမ္ပဏီတစ်ခုနှင့်တစ်ခု တိုက်ရိုက်ချိတ်ဆက် အစည်းအဝေးပြုလုပ်နိုင်ခြင်း၊ နမူနာကားများကိုကြည့်ရှုခွင့်နှင့် လုပ်ငန်း ဆိုင်ရာနမူနာများအား ကြည့်ရှုခြင်းနှင့် စာရွက်စာတမ်းများကို ဖလှယ်ခွင့်များအား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Move Live အစီအစဉ်သည် တကယ့်ကုန်စည်ပြပွဲအစစ်တစ်ခု၏ဖြစ်ရပ်ကို အနီးကပ်ပုံတူပွား ဒီဇိုင်းပုံစီထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာကုမ္ပဏီများအနေဖြင့်  ကြိုတင်ချိန်းဆိုမှုများပြုလုပ်ထားနိုင်ပြီး သူတို့၏ ကိုယ်ပိုင်ရုံးများ (သို့မဟုတ်) နေအိမ်များ၌ အဆင်ပြေစွာအစည်းအဝေးပွဲများပြုလုပ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါ အသုံးပြုမည့် ပလက်ဖေါင်းသည် Zoom နည်းပညာကို အသုံးပြုလိမ့်မည်ဖြစ်ပါသည်။

အလားအလာရှိသော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် တည်နေရာ (သို့မဟုတ်) သီးသန့်တစ်ဉီးချင်းကုန်စည်ပြပွဲအတွက်  မှတ်ပုံတင်ခြင်းဖြင့် ကန့်သတ်လိမ့်မည် မဟုတ်သော်လည်း ထိုင်းကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များပြုလုပ်သော အခမ်းအနားများသို့ တက်ရောက်ခြင်း (သို့မဟုတ်) ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသော ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီ (၁၀,၀၀၀) ကျော်၏ ဒေတာဘေ့စ် Database မှ ကောက်ယူခြင်းကို ခံရပေလိမ့်မည်ဖြစ်ပါသည်။

ထိုင်းနိုင်ငံဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းမှ နှစ်စဉ်ဝင်ငွေအမေရိကန်ဒေါ်လာ (၃.၃) ဘီလီယံ ရှိပါသည်။ ဉီးစီးဌာန၏လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေး ညွှန်ကြားရေးမှူး Arada Fuangtong က ရုပ်ရှင်၊ တီဗွီ၊ ကာတွန်းနှင့် ဂိမ်းကစားခြင်းလုပ်ငန်းများမှ ထိုင်းလုပ်ငန်းရှင် (၅၀) ကျော်သည် အဆိုပါ ပထမဆုံးအကြိမ် အွန်လိုင်းကုန်စည်ပြပွဲတွင်ပါဝင်ကြလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ကူးစက်ပျံ့နှံ့မှုအပြီးတွင် ဌာနသည် ထိုင်းပြည်ပတင်ပို့သူများနှင့် နိုင်ငံခြားတင်သွင်းသူများအကြား အွန်လိုင်းဆက်သွယ်ရေးနှင့် တယ်လီကွန့်ဖရန့်ပေါင်းများစွာကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ အရာရှိများအနေဖြင့် ထိုင်းနှင့် နိုင်ငံခြားကုမ္ပဏီများ အကြား ဆက်သွယ်မှုများကို အွန်လိုင်းပလက်ဖေါင်းဖြင့် လွယ်ကူချောမွေ့စေခဲ့ပါသည်။ ထိုင်းတင်ပို့သူများအား အထူးသဖြင့်အလားအလာရှိသောအမည်များ အထူးသဖြင့် ဧပြီလတွင် ‌တောင်ကိုရီးယားသို့ သစ်သီးများ၊ အစားအစာ၊ ဖက်ရှင်နှင့် အလှအပဆိုင်ရာ ပစ္စည်းများနှင့် ကျန်းမာရေးနှင့် အိမ်အလှဆင်ပစ္စည်များကို ကမ္ဘောဒီးယားနိုင်ငံသို့ ဧပြီလတွင်လည်းကောင်း၊ ထိုင်းနှင့်နိုင်ငံခြားကုမ္ပဏီများအကြား ဆက်သွယ်မှုကို လွယ်ကူချောမွေ့စေခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post     

Category: Thailand