Thailand

ထိုင်းကုန်သည်ကြီးများအသင်းက အကြမ်းမဖက်သော ဖြေရှင်းနည်းဖြင့် ဖြေရှင်းရန်တိုက်တွန်း

Last Updated:

ပုဂ္ဂလိက ကဏ္ဍမှ အဖွဲ့ဝင်များအနေဖြင့် ပါလီမန်က ဖွဲ့စည်းပုံအား ပြန်လည်ရေးဆွဲရန် ဆန္ဒမဲပေးရေးအတွက် တစ်လအကြာ ဆိုင်းငံ့ခဲ့ပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောကြားလိုက်သည်ဟု သိရှိရပါသည်။ အဆိုပြုချက်(၆)ချက် ပါဝင်သော မူကြမ်းအား အောက်လွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် အစိုးရညွှန်ပေါင်းလွှတ်တော်အမတ်များနှင့် အထက်လွှတ်တော်အမတ်များက ပထမအကြိမ်ကြားနာမှုအတွက် လက်ခံဆွေးနွေးရန် သင့်/မသင့်နှင့်ပတ်သက်၍ နိုဝင်ဘာလအထိ ဆိုင်းငံ့ထားခဲ့ကြောင်း သိရှိရပါသည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများအနေဖြင့် ဖွဲ့စည်းပုံပြန်လည်ရေးဆွဲရေး တောင်းဆိုရန် စုဝေးလျက်ရှိပါသည်။ ထိုင်းကုန်သည်ကြီးများအသင်းဉက္ကဌ Kalin Sarasin က စီးပွားရေး အသိုင်းအဝန်းအနေဖြင့် အစိုးရနှင့်ပါလီမန်တို့အနေဖြင့် ကျောင်းသားများနှင့်ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခြင်းမပြုဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ကိုင်တွယ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့် အစိုးရနှင့်ကျောင်းသားများအနေဖြင့် ငြိမ်းချမ်းစွာဖြေရှင်းလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် စီးပွားရေးနာလန်ထမှုအပေါ် အဟန့်အတားဖြစ်စေမည့် အကြမ်းဖက်မှု ကို ရှောင်ရှားလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ သို့ရာတွင် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း ဉက္ကဌ Supant Mongkolsuthree က ဖြစ်ပွားနေသော နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုက နိုင်ငံတော်၏ ပုံရိပ်ကိုထိခိုက်စေမှာ မဟုတ်ကြောင်း၊ အကြောင်းမှာ နိုင်ငံခြားသားများအနေဖြင့် ပြည်တွင်း၌ နှစ်ပေါင်းများစွာထဲကပင် ရင်းနှီးမြှုပ်နှံ ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်ကြကြောင်းနှင့် အစိုးရအနေဖြင့် ၎င်းတို့၏ စီးပွားရေးများကို ထိုင်းနိုင်ငံတွင် ထိခိုက် အောင် ဆောင်ရွက်မှာမဟုတ်ကြောင်းကို ၎င်းတို့အနေဖြင့် နားလည်ထားကြပါကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အစိုးရသည် နိုင်ငံရေးအခြေအနေကို ကိုင်တွယ်စီမံနိုင်သည်ဟု ယုံကြည်ထားကြကြောင်း၊ အရာရာအားလုံး အဆင်ပြေချောမွေ့စွာရှိလိမ့် မည်ဟု Mr.Supant က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand