Thailand

ထိုင်းကုမ္ပဏီများအနေဖြင့် ဆော်ဒီအာရေဗျသို့ တရားဝင်ကုန်သွယ်ရေးမစ်ရှင်အဖြစ် သွားရောက်ခြင်း

Last Updated:

ထိုင်းကုန်သည်ကြီးများအသင်း အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်၍ထူထောင်နိုင်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ (၃၂) နှစ် တာကာလအတွင်း ပထမဉီးဆုံးအကြိမ်အဖြစ် မေလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များကို ဉီးဆောင်၍ သွားရောက်ရန် စီစဉ်ခဲ့ကြောင်း သိရှိရပါသည်။

ကုန်သည်ကြီးများအသင်း ဉက္ကဌ Sanan Angubolkul ၏ အဆိုအရ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့အား ထိုင်း နိုင်ငံ ခြားရေးဝန်ကြီး Din Pramudwinai က ဉီးဆောင်၍ Riyadh, Al-Ula နှင့် Jeddah မြို့များသို့ အလည်အပတ်သွားရောက်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လယ်ယာစိုက်ပျိုးရေး၊ အစားအစာ၊ စွမ်းအင်၊ ဓါတုဗေဒ၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ကား၊ လေကြောင်း၊ နည်းပညာ၊ ဒီဂျယ် တယ်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးနှင့် လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေး စသည့် အမျိုးမျိုးသောကဏ္ဍများမှ ထိုင်းထိပ်တန်းကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိ (၃၈) ဉီးတို့သည် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့တွင် ပါဝင်ကြမည်ဖြစ် ကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးစဉ်မှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ယခုနှစ် ဇန်နဝါရီလတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်လည်ပတ် ခဲ့ပြီးနောက် ဆယ်စုနှစ် သုံးစုကျော်ကြာရပ်တန့်ခဲ့သည့် သံတမန်ဆက်ဆံရေးကို အပြည့်အဝ ပြန်လည်ထူထောင်ရန် ထိုင်းနှင့် ဆော်ဒီအာရေဗျ တို့ အကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

Mr. Sanan ၏ အဆိုအရ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးတို့အနေဖြင့် ဆော်ဒီ- ထိုင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို (၁၆.၅.၂၀၂၂) ရက်နေ့တွင် ကျင်းပကြမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍများအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်ဆံရေးများ တည်ဆောက်နိုင်ကြစေရန်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းကုန်သည်ကြီးများအသင်းနှင့် ဆော်ဒီဖက်မှအပါအဝင် နှစ်နိုင်ငံအစိုးရများနှင့် ပုဂ္ဂလိကဏ္ဍများအနေဖြင့် နားလည်မှုစာချွန်လွှာ (MOU) များကို လည်း လက်မှတ်ရေးထိုးကြရန် စီစဉ်ထားကြောင်း သိရှိရပါသည်။  (၁၆.၅.၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင်  နှစ်နိုင်ငံ ကဏ္ဍအသီးသီးမှ  ကုမ္ပဏီကြီး များအနေဖြင့် Business- Business တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားရန်  စီစဉ်ခဲ့ကြောင်း သိရှိရပါသည်။

ဆော်ဒီအာရေဗျသည် တူရကီပြီးပါ ကဒေသတွင်းတွင် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ ဘတ်ငွေ (၂၄၁) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းတွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ဘတ်ငွေ (၅၃.၉) ဘီလီယံပါဝင်ပြီး သွင်းကုန်တင်သွင်းမှု အနေဖြင့် ဘတ်ငွေ (၁၈၇) ဘီလီယံရှိကြောင်း သိရှိရပါသည်။

ထိုင်းကုန်သည်ကြီးများအသင်းအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု အပြည့်အဝစတင်သည်နှင့် ဆော်ဒီအာရေဗျသို့ ပို့ကုန်တင်ပို့မှု (၂.၂%) တိုးတက်လာ မည်ဟု မျှော်မှန်းထားကြောင်း၊ ယခင်က စုစုပေါင်းပြည်ပတင်ပို့မှုထက် (၀.၆%) ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အလားအလာရှိသည့် ပို့ကုန်များတွင် မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများ၊ စားသောက်ကုန်နှင့် ပြုပြင်ထားသောအစားအစာများ၊ စက်ယန္တရားများနှင့် လျှပ်စစ်ပစ္စည်းများပါဝင်ကြကြောင်း သိရှိရပါသည်။

ထိုင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ဘတ်ငွေ (၂၈၀) ဘီလီယံအထိ ရှိလာနိုင်ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကထက် (၂၀.၃%) တိုးတက်လာနိုင်ခြင်းဖြစ်ကြောင်း ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးခန့်မှန်းချက် များအရ သိရှိရပါသည်။ စုစုပေါင်းပို့ကုန်မှာ ဘတ်ငွေ (၅၄.၇) ဘီလီယံရှိနိုင်ကြောင်း၊ ၎င်းမှာ (၆.၂%) တိုးလာနိုင်ခြင်းဖြစ်ကြောင်းနှင့် သွင်းကုန်မှာ ဘတ်ငွေ (၂၂၆) ဘီလီယံရှိနိုင်ကာ (၂၄.၃%) တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။   

အရှေ့ပိုင်းစီးပွားရေးစင်္ကြန် (EEC) ရုံးသည် ကုန်သွယ်ရေးမစ်ရှင်တွင် ပါဝင်လိမ့်မည်ဖြစ်ကြောင်း ၎င်းမှာ ကပ်ရောဂါဖြစ်ကတည်းက EEC ၏ ပထမ ဆုံးသော ပြည်ပပြပွဲတွင် ပါဝင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။  EEC ၏ အထွေထွေအတွင်းရေးမှူးချုပ် Kanit Sangsubhan ၏အဆိုအရ အေဂျင်စီ အနေဖြင့် အဆင့်မြင့်နည်းပညာ၊ R&D၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကဉီးတည်ချက်ထားလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်း များအနေဖြင့် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများသို ပို့ကုန်ဈေးကွက်အဖြစ် ဝင်ရောက်ရန် အခွင့်အလမ်းများရှိနေသည်ကို ဆော်ဒီလုပ်ငန်းရှင်များအား ရှင်းလင်းပြသလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အာဆီယံဈေးကွက်များအတွက် ထိုင်းနိုင်ငံအား ထုတ်လုပ်မှုအခြေစိုက်စခန်းအဖြစ် ထူထောင်နိုင်မည်ဖြစ်ကြောင်း (သို့မဟုတ်) ဒေသတွင်းရုံးချုပ်တစ်ခုအဖြစ် တည်ထောင်နိုင်မည်ဖြစ်ကြောင်း ၎င်း ကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် စမတ်မော်တော်ကားများနှင့် စွမ်းအင်အပါအဝင် ဆော်ဒီအာရေဗျ၏ ကဏ္ဍအားလုံးမှ ရင်းနှီးမြှုပ်နှံမှုများအပြင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာစေရန် ရည်ရွယ်ထားကြောင်း သိရှိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)
Source: Bangkok Post

 

Category: Thailand