Thailand

ထိုင်းစက်မှု လုပ်ငန်းအဖွဲ့ချုပ်- Federation of Thai Industries FTI အနေဖြင့် နှစ်အကုန်တွင် ရည်မှန်းထားသောကားအစီးရေ (၁.၄) သန်း ပြည့်မှီမည်ဟု အကောင်းမြင်

Last Updated:

၂၀၂၀ခုနှစ်၏ ပထမ(၈)လတွင်မော်တော်ကားထုတ်လုပ်မှုသည်နှစ်အလိုက်တွင်(၄၂%)ကျ ဆင်း ခဲ့ပြီး အစီးရေ(၈၁၂,၇၂၁)စီးထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ကားထုတ်လုပ်သူများအနေဖြင့် ရည်မှန်းထားသော ယူနစ် (၁.၄) သန်းပြည့်မှီရန်အတွက် နောက်ထပ် (၄) လကျန်ရှိနေသေးသည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries (FTI) က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ လစဉ်ကားအစီးရေ (၁၅၀,၀၀၀) စီးထုတ်လုပ်သွား နိုင်မည်ဆိုပါက ရည်မှန်းထားသည့်ကားအစီးရေကို ပြည့်မှီမည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်ကပြောကြားခဲ့ပါသည်။ အဆိုပါကားအစီးရေ (၁.၄) သန်း၏ တစ်ဝက်အားပြည်ပသို့တင်ပို့လိမ့်မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

FTI အနေဖြင့် လွန်ခဲ့သော (၄) လအတွင်း တက်သင့်သည့် မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းအပေါ်အကောင်းမြင်ထားကြောင်း၊ FTI ၏ ဒုဉက္ကဌနှင့် မော်တော်ကားကလပ်အသင်း၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ယမန်နေ့ (၁၇.၉.၂၀၂၀ရက်နေ့) ကပြောကြားခဲ့ပါသည်။ ဩဂုတ်လအတွင်းထုတ်လုပ်မှုအနေဖြင့် ကောင်းမွန်သော လက္ခဏာများပြသခဲ့ပြီးနောက် မျှော်လင့်ချက်များဖြစ်ပေါ်လာခဲ့ကြောင်း၊ လအလိုက် ထုတ်လုပ်မှုတွင် ဇူလိုင်လ၌ အစီးရေ (၁၁၇,၂၅၃) စီးအထိ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင်၎င်းမှာ နှစ်အလိုက်တွင် (၂၉.၅%) ကျဆင်းခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါလတွင် ပြည်တွင်းကားအရောင်းမှာ နှစ်အလိုက်တွင်  (၁၂.၁%) ကျဆင်းခဲ့ပြီး အစီးရေ (၆၈,၈၈၃) စီးရှိခဲ့ကြောင်း၊ သို့ရာတွင် ဇူလိုင်လကထက် (၁၆%) မြင့်တက်ခဲ့ကြောင်း၊ ၎င်းမှာယခုနှစ် အစောပိုင်းက ပိတ်ဆို့မှုများကြောင့် ယာယီစီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခြင်းနှင့် ဗန်ကောက်အပြည်ပြည်ဆိုင်ရာမော်တော်ကားပြပွဲကဲ့သို့သောကားပြပွဲများကိုဖျက်သိမ်းခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

ဇန်နဝါရီလမှ ဩဂုတ်လအတွင်းပြည်တွင်း မော်တော်ကားရောင်းချရမှုသည် နှစ်အလိုက်တွင် (၃၂.၉%) ကျဆင်းခဲ့ပြီး အစီးရေအားဖြင့် (၄၄၈,၀၀၆) စီးအထိရှိခဲ့ကြောင်း သိရှိရပါသည်။ FTI ၏အဆိုအရ ဩဂုတ်လတွင် မော်တော်ကားပြည်ပတင်ပို့မှုမှာ နှစ်အလိုက်တွင် (၂၉.၆%) ကျဆင်းခဲ့ပြီး အစီးရေ (၅၇,၄၀၂) စီးသို့ ရောက်ရှိခဲ့ကြောင်း၊ သို့ရာတွင်ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ပြည်ပတင်ပို့မှုအနေဖြင့် (၁၅.၈%)တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

ဇန်နဝါရီလမှဩဂုတ်လအထိ ထိုင်းနိုင်ငံအနေဖြင့် ကားအစီးရေ (၄၅၇,၅၁၆) စီးပြည်ပသို့ တင်ပို့ခဲ့ပြီး ၎င်းမှာနှစ်အလိုက်တွင် (၃၆.၇%) ကျဆင်းခဲ့ကြောင်းနှင့် ပြည်ပတင်ပို့မှုတန်ဖိုးမှာ ဘတ်၏ငွေ (၂၅၁) ဘီလီယံရှိခဲ့ပြီးနှစ် အလိုက်တွင် (၃၂.၂%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ FTI ဉက္ကဌ Supant Mongkolsuthree က ထိုင်းစက်မှုလုပ်ငန်းအမြင်သဘောထားအညွှန်းကိန်းThai Industrial Sentiment Index (TISI) သည် ဩဂုတ်လတွင် လစဉ်စတုတ္ထမြောက်တိုးတက်မှုအဖြစ် (၈၄.၀) မှတ်သို့ တိုးတက်ခဲ့ကြောင်းနှင့် ဇူလိုင်လကရှိခဲ့သော (၈၂.၅%) ထက် တိုးတက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါအညွှန်းကိန်းမြင့်တက်လာခြင်း၏ နောက်ကွယ်ရှိ အချက်အလက်များသည်အစိုးရ၏ Covid-19 ဖြစ်ပွားမှုနှင့်ပတ်သက်၍အစိုးရ၏ ထိန်းချုပ်မှုအပေါ် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုတိုးတက်လာမှုနှင့် အချို့သော စက်မှုလုပ်ငန်းများအတွက်ဝယ်လိုအား တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မော်တော်ကားအပြင်အစားအစာ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများတို့တွင် ဝယ်လိုအားတိုးတက် လာခဲ့ကြောင်းသိရှိရပါသည်။

ဩဂုတ်လ TISI အညွှန်းကိန်းအား စက်မှုလုပ်ငန်းကဏ္ဍပေါင်း (၄၅) ခုမှ လုပ်ငန်းပေါင်း (၁,၂၁၅)ခုကို စစ်တမ်းများကောက်ယူခဲ့မှုအပေါ် အခြေခံထားခဲ့ကြောင်း၊ ၎င်းတို့အနက် အများစု (၆၉.၂%)မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အပေါ် စိုးရိမ်ပူပန်မှုများမရှိကြောင်းနှင့် ဖြေဆိုသူများ၏ (၅၄%) မှာ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကြကြောင်းသိရှိရပါသည်။

FTI အနေဖြင့် စီးပွားရေးပြန်လည်ထူထောင်လာစေရန်အတွက် အစီအစဉ်များကိုအဆိုပြု တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ SMEs လုပ်ငန်းများအတွက် ငွေကြေးဖြစ်လွယ်မှု liquidity တိုးတက်လာစေရန်အတွက် ချေးငွေသက်တမ်း credit term ကို ရက်ပေါင်း(၆၀-၁၂၀)မှ ရက်ပေါင်း(၃၀)သို့လျှော့ချပေးရန် အဆိုပြုချက်ကို အုပ်စုအနေဖြင့် ကုမ္ပဏီကြီးများနှင့်  ဆွေးနွေးနေကြောင်းသိရှိရပါသည်။ အဆိုပါအစီအမံကကြွေးမြီ ပြန်ဆပ်မှုမြန်ဆန်စေလိမ့်မည်ဖြစ်ကြောင်း အစိုးရ၏ စီမံကိန်းများအတွက် ငွေပေးချေမှုကို ဝယ်ယူရေးပြီးနောက် ရက်ပေါင်း (၃၀) အတွင်းပေးချေသင့်ကြောင်း Mr. Supant ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand