Thailand

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FTI) အနေဖြင့်လုပ်အားခတိုးမြှင့်မည့်ကိစ္စအပေါ် သတိကြီးစွာထားရှိခြင်း

Last Updated:

SMEs လုပ်ငန်းများ ဆိုးရွားစွာထိခိုက်မည်ကို စိုးရိမ်သဖြင့် နေ့စဉ် အနည်းဆုံးလုပ်အားခအား (၄၉၂) ဘတ်သို့ တိုးမြှင့်ရန်ကိစ္စအပေါ် ထိုင်းစက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (FTI) က ကန့်ကွက်ထားကြောင်း သိရှိရပါသည်။

(FTI) အနေဖြင့် မေလ (၁) ရက်နေ့ အလုပ်သမားနေ့မတိုင်မီ အစိုးရထံ တင်ပြထားသည့် အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ထိုင်းအလုပ်သမားညီညွတ် ရေးကော်မတီနှင့် နိုင်ငံတော်အလုပ်သမားများဆက်ဆံရေးအဖွဲ့ချုပ်များသို့ တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာအပေါ် မှတ်ချက်ပြုပေးခဲ့ ကြောင်းသိရှိ ရပါသည်။

ပြည်တွင်းစီးပွားရေးအနေဖြင့် ကပ်ရောဂါသက်ရောက်မှုမှ အပြည့်အဝ ပြန်လည်နာလန်ထူလာခြင်းမရှိသေးကြောင်းနှင့် ရုရှား-ယူကရိန်း ပဋိပက္ခ သည် ယခုနှစ်တွင် ဖိအားပိုတိုးစေကြောင်း FTI ၏ ဉက္ကဌ Kriengkrai ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြင့်မားသောလူနေမှုစရိတ်ကို အားလုံးခံစားကြရသည်ကို မိမိတို့သိမြင်ကြောင်း၊ အလုပ်သမားများအနေဖြင့် ကြီးမာသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ကို ကိုင်တွယ်ရန် ၎င်းတို့၏ ကုမ္ပဏီများမှ လစာပိုမိုလိုခြင်ကြကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
သို့ရာတွင် ယခုအချိန်သည် နေ့စဉ်လုပ်အားခအားတိုးမြှင့်ရန်အတွက် မှန်ကန်သော အချိန်အခါမဟုတ်သေးကြောင်းနှင့် ၎င်းက ထိုင်းစီးပွားရေးကို အဟန့်အတားဖြစ်စေပြီး တိုးတက်မှုကို တားဆီးစေနိုင်ကြောင်း Mr. Kriengkrai ကပြောကြားခဲ့ပါသည်။

အသင်းအနေဖြင့် မြင့်မားသော ကုန်ကျစရိတ်များကြောင့် SMEs များအပေါ်သက်ရောက်မှုကို အထူးအားဖြင့်စိုးရိမ်မိကြောင်း သိရှိရပါသည်။ အဆိုပါ လုပ်ငန်းများအနေဖြင့် လက်ရှိ ကိုဗစ်-‌၁၉ ၏ သက်ရောက်မှုများကို ရုန်းကန်နေကြရကြောင်းနှင့် အကယ်၍ လုပ်အားခကို တိုးမြှင့်ရမည်ဆိုပါက ၎င်း တို့အများစုမှာ လုပ်ငန်းများအား ပိတ်သိမ်းရလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေး သိသိသာသာ ပြန်လည်ကောင်းမွန်လာချိန်တွင် အစိုးရအနေဖြင့် အနည်းဆုံးလုပ်ခကို တဖြည်းဖြည်းချင်း တိုးမြှင့်လာနိုင်ကြောင်း၊ ထိုင်းစီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာနိုင်ကြောင်း သိရှိရပါသည်။

အနည်းဆုံး အခကြေးငွေတိုးမြှင့်မှုအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် (၃၁၃) ဘတ်မှ (၃၃၆) ဘတ်အထိ တိုးမြှင့်ခဲ့ကြောင်း၊ အလုပ်သမား အစည်းအရုံး အဖွဲ့နှစ်ဖွဲ့က ပြောကြားခဲ့ကြပါသည်။ အနိမ့်ဆုံးလုပ်အားတိုးမြှင့်ရန် အမျိုးသားလုပ်ခကော်မတီက အဆိုပြုချက်ကို အပြီးသတ်ရန် မျှော် လင့်ထားသော်လည်း၊ အဆိုပြုထားကြသည့် တစ်ရက်လျှင် ဘတ်ငွေ (၄၉၂) ဘတ်ကို အတည်ပြုရန်မဖြစ်နိုင်ကြောင်း မီဒီယာများ၏ ဖေါ်ပြချက်များ အရ သိရှိရပါသည်။

အမြဲတမ်းအတွင်းဝန် Boonchob Suttamanaswong က အလုပ်သမားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရကိုယ်စားလှယ်များပါဝင်သည့် ကော်မတီသည် အနိမ့်ဆုံးလုပ်ခလစာကို စတင်သုံးသပ်နေပြီး ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလတွင် အဖြေပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand