Thailand

ထိုင်းစီးပွားရေးမှာပြန်လည်နာလန်ထူလာရန်လမ်းပေါ်တွင်ရှိနေဆဲဖြစ်

Last Updated:

ငွေကြေးဖေါင်းပွမှုမြင့်မားခြင်းက ထိုင်းလူမျိုးများကို တုန်လှုပ်စေခဲ့ပြီး မတ်လတွင် ထိုင်းစီးပွားရေးမှာ နှေးကွေးခဲ့သော်လည်း ပြန်လန်နာလန်ထူ လာစေရေး လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းဘဏ်၏ အဆိုအရ သိရှိရပါသည်။

စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အပါအဝင် ပုဂ္ဂလိကကဏ္ဍ၏ ပြည်တွင်းသုံးစွဲမှုလျှော့နည်းခဲ့ခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထိုင်းစီးပွားရေး မှာ ဖေဖေါ်ဝါရီလနှင့်နှိုင်းယှဉ်ပါက အရှိန်ကျဆင်းခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ထုတ်လုပ်မှုကဏ္ဍတွင်လည်း အရှိန်ကျဆင်းခဲ့ကြောင်း၊ ဗဟိုဘဏ် ၏ စီးပွားရေးနှင့် မူဝါဒရေးရာဌာန၏ အကြီးတန်းညွှန်ကြားရေးမှူး Sakkapop Panyanukul ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မတ်လနှင့် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွက် စီးပွားရေးနှင့် ငွေကြေးအခြေအနေများကို အစီရင်ခံတင်ပြသော ဗဟိုဘဏ်က မတ်လတွင် လ အလိုက် စီးပွားရေးမှာ ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲနှင့် မြင့်မားသော ထုတ်လုပ်မှုစရိတ်နှင့် လူနေမှုစရိတ်များကြောင့် နှေးကွေးခဲ့ကြောင်း ဆိုပါသည်။

မတ်လတွင် ပုဂ္ဂလိကစားသုံးမှုအညွှန်းကိန်းမှာ ဖေဖေါ်ဝါရီလတွင် ရှိခဲ့သည့် (၂.၂%) နှင့်နှိုင်းယှဉ်ပါက (၀.၅%) တိုးလာကြောင်း သိရှိရပါသည်။ ၎င်း မှာ အိုမီခရွန်ဗိုင်းရပ်စ်ဖြစ်ပွားမှု၊ စွမ်းအင်နှင့် အစားအစာဈေးနှုန်းမြင့်မားမှုနှင့် ငွေဖေါင်းပွမှုတို့ကြောင့် လူနေမှုစရိတ်မြင့်မားကာ စားသုံးသူယုံကြည် မှုနှင့် အိမ်ထောင်စုများ၏ ဝယ်ယူနိုင်စွမ်းအား ကျဆင်းခြင်းတို့၏ ရလဒ်များဖြစ်ပါသည်။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအညွှန်းကိန်းမှာ မတ်လတွင် ယခင်လကရှိခဲ့သော (၃.၃%) နှင့်နှိုင်းယှဉ်ပါက (၁.၉%) တိုးလာကြောင်း၊ စက်ပစ္စည်းများနှင့် ကိရိယာများ၊ ဆောက်လုပ်ရေးအမျိုးအစားများတွင် ရင်းနှီးမြှုပ်နှံမှုအားနည်းသည်ကို တွေ့ရှိရကြောင်း၊ ၎င်းမှာ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ မြင့်မားမှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

မတ်လတွင်  ထုတ်လုပ်မှုအနေဖြင့် ယခင်လကရှိခဲ့သော (၂.၅%) တိုးတက်မှုမှ (၀.၁%) ကျုံ့သွားခဲ့ကြောင်း သိရှိရပါသည်။ ဖေဖေါ်ဝါရီလနှင့်နှိုင်း ယှဉ်ပါက မတ်လတွင်  စီးပွားရေးနှေးကွေးရခြင်းမှာ ငွေကြေးဖေါင်းပွသည့်ကြားထဲ လောင်စာဆီနှင့်  အစားအစာဈေးနှုန်းများ  ကြီးမြင့်မှုတို့ကြောင့် လူနေမှုစရိတ်ကြီးမြင့်ကာ ပြည်တွင်းဝယ်လိုအား နည်းပါးခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ လောင်စာဆီနှင့် အစားအစာဈေးနှုန်းများ ကြီးမြင့်မှုတို့ကြောင့် ငွေကြေးဖေါင်းပွခဲ့ကြောင်း၊ စွမ်းအင်ဈေးနှုန်းမြင့်မားမှုမှာ ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ အစားအစာဈေးနှုန်း မြင့်မားမှုမှာ အစားအစာများတွင် ပါဝင်သောပစ္စည်းများ၏ ကုန်ကျစရိတ်မြင့်မားခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အစိုးရ၏ဒီဇယ်ဆီဈေးနှုန်း ထောက်ပံ့ ပေးမှုကြောင့် ယခုနှစ် ဒုတိယနှင့် တတိယသုံးလပတ်များတွင် ငွေဖေါင်းပွမှုမှာ (၅%) အထက်တွင်ရှိနေနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါ သည်။

စက်သုံးဆီရန်ပုံငွေ စီမံခန့်ခွဲရေးကော်မတီက ယခုမေလ (၁) ရက်နေ့မှစတင်၍ ဒီဇယ်ဆီဈေးနှုန်းအား တစ်လီတာလျှင် ဘတ် (၃၀) မှ (၃၂) သို့ တိုးမြှင့်ရန် အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။ သို့ရာတွင် ထိုင်းစီးပွားရေးအဖြေင့် ပို့ကုန်တင်ပို့မှုနှင့် ခရီးသွားကဏ္ဍနှစ်ရပ်ဖြင့် ထောက်ပံ့ထား ကြောင်း Mr. Sskkapop ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မတ်လတွင် ထိုင်းပြည်ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ယခင်ဖေဖေါ်ဝါရီလတွင် ရှိခဲ့သည့် (၁၆%) နှင့်နှိုင်းယှဉ်ပါက (၁၈%)သို့ တိုးတက်ခဲ့ကြောင်း၊ ခရီးသွား ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီး နောက်မတ်လတွင် ခရီးသွားများဝင်ရောက်မှုအနေဖြင့် (၂၁၀,၈၃၆) ရှိခဲ့ကြောင်း၊ ၎င်းမှာ ဖေဖေါ်ဝါရီလ တွင် ရှိခဲ့သည့် (၁၅၂,၉၅၄) ထက် ပိုမို၍ တိုးတက်များပြားလာကြောင်း သိရှိရပါသည်။

ထိုင်းစီးပွားရေးမှာ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်ထက် ယခုနှစ် ပထမသုံးလပတ်တွင် ပိုမိုတိုးတက်လာကြောင်း၊ အထူးသဖြင့် ပြည်ပပို့ကုန်တင်ပို့မှု နှင့် ခရီးသွားကဏ္ဍတို့ကြောင့် ဖြစ်ကြောင်း၊ စီးပွားရေးမှာ ပြန်လည်နာလန်ထူမှုလမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)
Bangkok Post

 

Category: Thailand