Thailand

ထိုင်းနိုင်ငံ FTI အနေဖြင့် Covid-19 ဒုတိယလှိုင်းနှင့် မော်တော်ကားထုတ်လုပ်မှု အားနည်းမှု အပေါ်စိုးရိမ်

Last Updated:

ထိုင်းနိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုမှာ အထင်ကြီးလောက်စရာမရှိသေးဘဲ နှစ်အလိုက်တွင် (၃၈.၇%) ကျဆင်းနေပြီး လွန်ခဲ့သော (၉) လအတွင်း အစီးရေ (၉၆၃,၀၆၆) စီးသာထုတ်လုပ်ခဲ့ကြောင်း ၎င်းမှာ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုနှင့် ဝယ်လိုအားနည်းသွားမှုကြောင့် အချို့သော ကားထုတ်လုပ်သည့်စက်ရုံများ ပိတ်သိမ်းမှုများကြောင့်ဖြစ်သည်ဟု ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း The Federation of Thai Industries (FTI)က ပြောကြား လိုက်ကြောင်းသိရှိရပါသည်။

FTI ၏ မော်တော်ကား(ကလပ်)အသင်းအနေဖြင့် ကပ်ရောဂါဒုတိယလှိုင်းကြောင့် မော်တော်ကားအစိတ်အပိုင်းများနှင့် အီလက်ထရောနစ်လုပ်ငန်း များအပါအဝင် မော်တော်ကားလုပ်ငန်းအားထိခိုက်မှာ ကိုစိုးရိမ်လျက် ရှိကြောင်းသိရှိရပါသည်။

FTI ၏ ဒုတိယဉက္ကဌနှင့်ကလပ်အသင်းပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ကလပ်အသင်းအနေဖြင့် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပြင်းထန်လာပြီး စိုးရိမ်ဖွယ်အခြေအနေသို့ရောက်ရှိသည်ဟု စဉ်းစားပါက ၎င်းအခြေအနေတွင် အစိုးရအနေဖြင့်ပိတ်ဆို့မှုများထပ်မံပြုလုပ်ရန် စဉ်းစားစေလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ကပ်ရောဂါမှာ မော်တော်ကားလုပ်ငန်း အပေါ်အထူးသက်ရောက်မှုရှိစေကြောင်း၊ မိမိတို့အနေဖြင့် ကာကွယ်ဆေးအမြန်ဆုံးရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း၎င်းကပြောကြားခဲ့ပါသည်။ FTI အနေဖြင့် စက်တင်ဘာလတွင် မော်တော်ကားထုတ်လုပ်မှု စုစုပေါင်း (၁၁.၃%) ကျဆင်းခဲ့ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် နှစ်အလိုက်တွင် (၁၅၀,၃၄၅) စီးရှိခဲ့ကြောင်းသိရှိရပါသည်။ ပြည်ပပို့ကုန်ထုတ်လုပ်မှုအနေဖြင့် နှစ်အလိုက်တွင် (၂၅.၄%) ကျဆင်းခဲ့ပြီး အစီးရေ(၆၇,၉၆၄) ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မှုမှာ နှစ်အလိုက်တွင် (၄၀.၁%) ကျဆင်းခဲ့ပြီး အစီးရေ (၈၂,၃၈၁) ရှိခဲ့သည်ဟု  Mr. Surapong က ပြောကြားခဲ့ပါသည်။

FTI အနေဖြင့် ယခုနှစ်အတွက် ၎င်း၏ မော်တော်ကားထုတ်လုပ်မှုအား (၁.၃-၁.၄) သန်းအစီးရေ ရရှိရန်ထိန်းသိမ်းထားခဲ့ကြောင်း၊ ပိတ်ဆို့မှုများ အပေါ် ဖြေလျော့ပေးခဲ့မှုများနှင့် အချို့သောကားထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုများကို ပြန်လည်စတင်ဆောင်ရွက်ခဲ့ခြင်းနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ တိုးတက်လာခြင်းကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကားကုမ္ပဏီများအနေဖြင့်မော်တော်ကား ဈေးကွက်ကိုမြှင့်တင်ရန် မျှော်မှန်းချက်ဖြင့် မော်တော်ကား မော်ဒယ် အသစ်များကို ဆက်လက်ထုတ်လုပ်ကြလိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။ မော်တော်ကားထုတ်လုပ်သူများအနေဖြင့် ဝယ်ယူသူများကို လှုံ့ဆော်ရန်နှင့် မော်တော်ကားဝယ်ယူသူများအား လျှပ်စစ်ကားများနှင့် အားကစားသုံး ပုံစံကားများနှင့် ပစ်ကပ်ကားအမျိုးအစားများအထိ အမျိုးမျိုးဝယ်ယူသုံးစွဲနိုင် စေရန် ဈေးကွက်ရှာဖွေမြှင့်တင်ရေးလှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ကြလိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ပစ်ကပ် Pickup ကားများမှာ အထူးသဖြင့် ပြည်တွင်းဈေးကွက်တွင် ပိုမိုရေပန်းစား လျက်ရှိကြောင်းသိရှိရပါသည်။ FTI ၏ အဆိုအရ ပြည်တွင်းကား အရောင်းမှာ စက်တင်ဘာလတွင် နှစ်အလိုက်၌ (၄.၁%)တိုးတက်လာပြီး အစီးရေ(၇၇,၄၃၃)အထိမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တိုင်းပြည်အတွင်း မော်တော်ကားအရောင်းမှာ နှစ်အလိုက် တွင်(၂၂.၁%)တိုးတက်ခဲ့ပြီး အစီးရေ (၅၃၄,၂၁၉) ရှိခဲ့ကြောင်း သိရှိရပါ သည်။ စက်တင်ဘာလတွင် ပြည်ပကားအရောင်းအနေဖြင့် နှစ်အလိုက်တွင် (၃၄.၄%)ကျဆင်းခဲ့ပြီး အစီးရေ (၆၃,၉၄၁) ရှိခဲ့ ကြောင်း Mr. Surapongကပြောကြားခဲ့ပါသည်။  ထိုသို့ကျဆင်းသွားခဲ့ရခြင်းမှာ ကပ်ရောဂါကာလ အတွင်း ပြည်ပဈေးကွက်တွင်  စီးပွားရေးနှေးကွေးမှုကြောင့်ဖြစ်ကြောင်း Mr. Surapong က ဉရောပ၊ အမေရိကန်၊ ဂျပန်နှင့် ဘရာဇီးနိုင်ငံဈေးကွက်များသို့ မော်တော်ကားရောင်းအားကျဆင်းမှုများကို ရည်ညွှန်းပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်ပဈေးကွက်များ၌ ထိုင်းမော်တော်ကားများ ၏ အရောင်းအားသည်နှစ်အလိုက်တွင် (၃၆.၄%) ကျဆင်းခဲ့ပြီး အစီးရေ (၅၂၁,၄၅၇) ရှိခဲ့ကြောင်း၊ ပြည်ပတင်ပို့မှုတန်ဖိုး အနေဖြင့် ဘတ်ငေွ (၂၈၈) ဘီလီယံအထိ ကျဆင်းခဲ့ကြောင်းနှင့်၎င်းမှာနှစ်အလိုက်တွင် (၃၁.၈%) ကျဆင်းသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand