Thailand

ထိုင်းနိုင်ငံအနေဖြင့် တစ်နှစ်အတွင်း လျှပ်စစ်ကားများအား ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် သန္နိဋ္ဌာန် ချမှတ်ထားခြင်း

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကားများအား ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ယခင်ရည်မှန်းချက်အစား ယခုအခါ တစ်နှစ်အတွင်း ထုတ် လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ၂၉-၆-၂၀၂၂ ရက်နေ့တွင် ကြီးမှူးကျင်းပခဲ့သည့် Seminar ပွဲတွင် ဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေဖြင့် နောက်နှစ်တွင် လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဘက္ထရီများ၊ ဘက္ထရီစီမံခန့်ခွဲမှုဝန်ဆောင်မှုလုပ်ငန်း၊ Ac/ Dc Converters ၊ inverters ၊ portable EV chargers ၊ electrical circuit breakers နှင့် EV smart charging systems တို့အား မကြာမီထုတ်လုပ်နိုင်သင့်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Foxconn Technology Group အနေဖြင့် တစ်နှစ်အတွင်း လျှပ်စစ်ကားထုတ်လုပ်နိုင်ရေး စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကနဦးထုတ် လုပ်မှုအနေဖြင့် တစ်နှစ်လျှင် လျှပ်စစ်မော်တော်ကား ၅၀၀၀၀ ထုတ်လုပ်ရန်ဖြစ်ကြောင်း၊ နောက်တစ်ဆင့်တွင် နှစ်စဉ်လျှပ်စစ်မော်တော်ကား ၁၅၀၀၀၀ စီထုတ်လုပ်သွားရန်ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်ပရာယွတ်က လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ ထိုင်းစီးပွားရေးကို အဆင့်မြင့်နည်းပညာဖြင့် ဖော် ဆောင်ရန် ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်က ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် ထိုင်းစီး ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံခြားခရီးသွားလုပ်ငန်းတွင် ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအား ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ယခု နှစ်တွင် ပြည်ပခရီးသွား (၁၈) သန်းခန့် ရောက်ရှိလာနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မှတ်တမ်းများအရ ပြည်ပခရီးသွားသန်း (၄၀) ခန့် ရောက်ရှိခဲ့ ကြောင်း သိရှိရပါသည်။

ထိုင်းစီးပွားရေး ပြန်လည်နာလန်ထူလာစေရန်အတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား တိုးတက်ရန် ကတိပြုထားကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ ရေရှည်အတွက် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ထိုင်းအစိုးရအား လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုတွင် အင်ဒိုနီးရှား၏အထက်က ရှိနေစေရန်နှင့် ဒေသတွင်း၌ လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုအချက်အချာဗဟိုဖြစ်စေရန် လျှပ်စစ်မော်တော်ကား ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ဆောင် ရွက်သွားရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများ ထုတ်လုပ်မှု၌ ကောင်း မွန်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လျှပ်စစ်မော်တော်ကားများအတွက် အရင်းအမြစ်များပေါကြွယ်ဝကြောင်း၊ ၎င်းတွင် လစ်သီယမ်ဘက္ထရီ ထုတ်လုပ်ရာတွင် အသုံးပြုသော နီကယ်များထွက်ရှိကြောင်း သိရှိရပါသည်။

လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မော်တော်ကားထုတ် လုပ်မှုလုပ်ငန်း၌ အလုပ်သမားပေါင်း (၇) သိန်း ကျော်ရှိနေကြောင်း၊ အဆိုပါလုပ်သားများ၏ ကျွမ်းကျင်မှုများအနေဖြင့် ကားအသစ်ထုတ်လုပ်မှု နည်းပညာများနှင့် လိုက်လျောညီထွေဖြစ်စေလိမ့်မည်ဖြစ်ကြောင်းနှင့် အလုပ်သမားများ၏ လုပ်ခများလည်း တဖြေးဖြေးတိုးလာလိမ့်မည်ဖြစ် ကြောင်း သိရှိရပါသည်။

 

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post

 

Category: Thailand