Thailand

ထိုင်းနိုင်ငံအနေဖြင့် ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း (Efta) နှင့်စေ့စပ်ဆွေးနွေးမှုများအား ပြန်လည်စတင်ခြင်း

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ၂၀-၆-၂၀၂၂ ရက်နေ့တွင်ဖြစ်နိုင်ချေရှိသည့် လွတ်လပ်သော ကုန်သွယ် မှုဆိုင်ရာသဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးမှု များ ပြန်လည်စတင်ရန် ဥရောပ လွတ်လပ်သောကုန်သွယ်ရေးအသင်း (Efta) နှင့် နှစ်ဖက်ဆွေးနွေးမှုအပြီးတွင် အဆိုပါ စေ့စပ်ဆွေးနွေးမှုများအနေ ဖြင့် (၂) နှစ်ခန့် ကြာမြင့်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

ဇွန်လ ၂၀ ရက်နေ့က အိုက်စလန်တွင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင်  ပါဝင်တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်၏ အဆိုအရ အဆိုပါ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်ပြီးစီးပါက ထိုင်းနိုင်ငံနှင့် (Efta) တို့ အကြား နှစ်ဘက်ကုန်သွယ်မှုပမာဏသည် နှစ်ဆခန့်တိုးတက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ (Efta) တွင် အိုက်စလန်၊ Liechtenstein၊နော်ဝေ နှင့် ဆွစ်ဇာလန်တို့ပါဝင်ကြကြောင်း သိရှိရပါသည်။

(Efta) နှင့်ဆောင်ရွက်မည့် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွင် ကုန်စည်ကုန်သွယ်မှုသာမကဘဲ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ပါဝင်ကြောင်းနှင့် နှစ်နိုင်ငံပို့ကုန် သွင်းကုန် အခွန် များအားလည်း လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်၏ အဆိုအရ သိရှိရပါသည်။

၂၀၂၁ ခုနှစ်တွင် (Efta) သည် ထိုင်းနိုင်ငံ၏ (၁၇) ခုမြောက် အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၇.၅) ဘီလီယံရှိကြောင်း၊ ၎င်းမှာ ထိုင်းနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ (၁.၃၉%) ရှိကြောင်း သိရှိရပါသည်။

အရေးကြီးသောပို့ကုန်များတွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ နာရီများနှင့် အစိတ်အပိုင်းများ၊ မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ ခရီး သွားအသုံးအဆောင်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ၊ စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ လေအေပေးစက်နှင့် အစိတ်အပိုင်းများ၊ အလှကုန်ပစ္စည်း များ၊ ဆပ်ပြာများ၊ အသားအရေဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ စည်သွပ်ဗူးနှင့် ပင်လယ်စာများဖြစ်ကြောင်း သိရှိရပါသည်။

(Efta) မှတင်သွင်းသော ကုန်ပစ္စည်းများတွင် ရွှေ၊ ငွေ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ နာရီနှင့် အစိတ်အပိုင်းများ၊ အသင့်စားအသားများ၊ ဆေးဝါးနှင့် ဆေးဖက်ဆိုင်ရာထုတ်ကုန်များ ဖြစ်ကြပါသည်။ ထိုင်းနိုင်ငံအနေဖြင့် RCEP အပါအဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံနှင့် FTA ပေါင်း (၁၈) ခု ကို ဆောင်ရွက်ထားရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် (Efta) နှင့် စေ့စပ်ဆွေးနွေးမှုများအား (၂၀၀၅-၂၀၀၆) ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း တွင် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(Efta) အနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံနှင့် ဆွေးနွေးမှုများအား ပြန်လည်စတင်ရန် စိတ်ဝင်စားမှုရှိခဲ့ကြောင်း၊ ထိုင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဌာနအနေဖြင့် အဆိုပါကိစ္စအတွက် ဖြစ်နိုင်ချေရှိသော အကျိုး သက်ရောက်မှုများကို လေ့လာဆန်းစစ်ရန် Institute of Future Studies for Development ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ လေ့လာဆန်းစစ်မှုအရ ထိုင်းနိုင်ငံအနေဖြင့် (Efta) နှင့် FTA ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ထိုင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှု များအတွက် မြှင့်တင်‌ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံသို့ အဆင့်မြင့်နည်းပညာနှင့် တီထွင်ဆန်းသစ်ုများအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖိတ်ခေါ်နိုင်မည်လည်းဖြစ်ကြောင်း ထိုင်းပို့ကုန်များအား (Efta) သို့ တင်ပို့မှုအနေဖြင့် (၃၈%) တိုးတက်နိုင်မည်ဖြစ်ကြောင်း၊တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ (၂၆၂) သန်း တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ (Efta) မှသွင်းကုန်တင်သွင်းမှုအနေဖြင့် (၁၄.၈%) တိုးတက်နိုင် လိမ့်မည်ဖြစ်ကြောင်း တန်ဖိုးအားဖြင့် အမေရိကန်‌ဒေါ်လာ (၂၁၀) သန်း ရှိလိမ့်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် GDP (၀.၁၇၉%) တိုးတက်နိုင် လိမ့်မည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၈၉၈) သန်းတိုးတက်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အိုက်စလန် နိုင်ငံခြားရေးဝန်ကြီး Thordis Kolbrun Reykfjord Gylfadottir ၏ အဆိုအရ (Efta) အဖွဲ့ဝင်များအနေဖြင့် ထိုင်းနိုင်ငံနှင့် နှစ်ဘက်ကုန် သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုများ တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ထားကြောင်းနှင့် စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချနိုင်လိမ့် မည်ဖြစ်ကြောင်း၊ FTA ကြောင့် လူများနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(Efta) အနေဖြင့် တောင်ကိုရီးယား၊ ဟောင်ကောင်၊ ကနေဒါ၊ ပီရှူး၊ ချီလီ၊ ပနားမား၊ မက္ကစီကို၊ တူရကီ၊ စင်္ကာပူ၊ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို့အပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံနှင့် FTA ဆောင်ရွက်ထားကြောင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများ အနေဖြင့် (Efta) နှင့် FTA ဆိုင်ရာ စေ့စပ်ဆွေးနွေးဆောင် ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။  

                     
( လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန )                              
          
Source: https://www.bangkokpost.com/business/2331248/thailand-launches-fta-discussions-with-efta            

 

Category: Thailand