Thailand

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၄.၂ ရာခိုင်နှုန်းရရန် မျှော်မှန်းခြင်း

Last Updated:

အစိုးရအနေဖြင့် ၎င်း၏ ၂၀၂၃-၂၀၂၆ အလယ်အလတ်ဘဏ္ဍာရေးမူဝါဒမူဘောင်အရ စီးပွားရေးတိုးတက်မှုနှုန်းကို ၄.၂% အထိရရှိရန် ရည်မှန်းထားပြီး ထိခိုက်ပျက်စီး လွယ်သောစီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဘတ်ဂျက်လိုငွေပြမှုကို ထိန်းထားနိုင်ရန်စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

အစိုးရ၏  လက်ထောက်ပြောရေးဆိုခွင့်ရှိသူ   Rachada Dgnadirek ၏အဆိုအရ အစိုးရအဖွဲ့မှ (၂၁-၁၂-၂၀၂၁) ရက်နေ့တွင် အတည်ပြုခဲ့သော စီးပွားရေးမူဘောင်အရ ၂၀၂၃ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု (၃.၂% - ၄.၂%) ရရှိရန်၊ ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု (၂.၉% - ၃.၉%) ရရှိ ရန်နှင့် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များတွင် စီးပွားရေးတိုးတက်မှု (၂.၈% - ၃.၈%) ရရှိရန်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃- ၂၀၂၆ ခုနှစ်အတွက် အစိုးရ၏ အသားတင်ဝင်ငွေမှာ ထိုင်းဘတ်ငွေ (၂.၄၉) ထရီလီယံ၊ (၂.၅၆) ထရီလီယံ၊ (၂.၆၄) ထရီလီယံ၊ (၂.၇၂) ထရီလီယံတို့ဖြင့် အသီးသီး ရရှိရန် ခန့်မှန်းထားကြောင်း၊ အသုံးစရိတ်ဘတ်ဂျက်မှာ ၂၀၂၃ ခုနှစ်အတွက် ဘတ်ငွေ (၃.၁၉) ထရီလီယံ၊ ၂၀၂၄ ခုနှစ်အတွက် ဘတ်ငွေ (၃.၂၇) ထရီလီယံ၊ ၂၀၂၅ ခုနှစ် အတွက် ဘတ်ငွေ (၃.၃၆) ထရီလီယံနှင့် ၂၀၂၆ ခုနှစ်အတွက် ဘတ်ငွေ (၃.၄၆) ထရီလီယံဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Ms.Rachada က အစိုးရအနေဖြင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးပြန်လည်နာလန်ထူလာစေရန် လိုငွေပြမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ် သည်ဟု ပြောကြားခဲ့ကြောင်း အစိုးရအနေဖြင့် လူမှုရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတို့အတွက် ချေးငွေအပေါ် မှီခိုအားထားရန်လိုအပ်သည်ဟု ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
၂၀၂၃- ၂၀၂၆ မူဘောင်အရ ဘတ်ဂျက်လိုငွေပြမှုသည် ၂၀၂၃ ခုနှစ်တွင် ထိုင်းဘတ်ငွေ (၆၉၅) ဘီလီယံ၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းဘတ်ငွေ (၇၁၀) ဘီလီယံ၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းဘတ်ငွေ (၇၂၃) ဘီလီယံ၊ ၂၀၂၆ ခုနှစ်တွင် ထိုင်းဘတ်ငွေ (၇၃၆) ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရ
ပါသည်။ အဆိုပါမူဘောင်သည် စီးပွားရေးနှင့် လိုက်လျောညီထွေရှိစေရန် အချိန်အခါအလိုက် ပြင်ဆင်ရန်လိုအပ်ကြောင်းလည်း သိရှိရပါသည်။

၂၀၂၂- ၂၀၂၅ ခုနှစ် စီးပွားရေးမူဘောင်အရ  ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှု (၃-၄%)၊ ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှု (၂.၇-၃.၇%)၊၂၀၂၄ ခုနှစ် အတွက် စီးပွားရေးတိုးတက်မှု (၂.၉-၃.၉%) ရရှိရန်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Source: Bangkok Post

Category: Thailand