Thailand

ထိုင်းနိုင်ငံ၌ ဖေဖေါ်ဝါရီလတွင် သစ်သီးဝလံဆိုင်ရာအစည်းအဝေးကျင်းပမည်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သစ်သီးဝလံပွဲစားများ၊ ကုန်သည်များ၊ ပြည်ပတင်ပို့သူများ၊ လယ်သမားကိုယ်စားလှယ်များ၊ လက်လီရောင်းချသူများနှင့် ဆက်စပ်ဌာနဆိုင်ရာ များနှင့်မမျှတသော သစ်သီးဝယ်ယူရေးကန်ထရိုက်စာချုပ်များ Unfair Fruit Purchase Contracts ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ရန် ပူးပေါင်းအစည်းအဝေးအား ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ပြုလုပ်သွားရန်စီစဉ်ထားပါသည်။

ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနညွန်ကြားရေးမှူးချုပ် WhichaiPhochanakij ၏ ပြောကြားချက်အရ သစ်သီးဝလံကုန်သည်များနှင့် စိုက်ပျိုးသူများထံမှ မမျှတသည့်ဝယ်ယူရေး ကန်ထရိုက်စာချုပ်များ နှင့်ကန်ထရိုက်စာချုပ်များအပေါ် ချိုးဖေါက်မှုများနှင့်ပတ်သက်၍ တိုင်ကြားချက်များစွာအား လက်ခံရရှိခဲ့ပြီးနောက် ပူးပေါင်းအစည်းအဝေးအား ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းကအသီးဈေးနှုန်းများမြင့်တက်လာသည်နှင့်တစ်ပြိုင်နက် စိုက်ပျိးသူများထံမှဝယ်ယူရန်ငြင်းဆန်သော ကုန်သည်များနှင့် ကုန်ပစ္စည်းဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုထားသူများထက် ပိုမိုမြင့်မား သောဈေးနှုန်းများကို ကမ်းလှမ်းသောကုန်သည်များထံ ရောင်းချသူသော လယ်သမားများဟူ၍ ဉပမာ (၂) မျိုးကို ထောက်ပြခဲ့ပါသည်။

Mr. Whichart ၏ ပြောကြားချက်အရ ဌာနအနေဖြင့် ဝယ်သူရောရောင်းသူအတွက်ပါ ကာကွယ်ရန် စံသတ်မှတ်ထားသောဝယ်ယူရေးသဘောတူစာချုပ် Standardised Purchase contracts များကို အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းကလယ်သမားများနှင့် ကုန်သည်များအကြား ကြိုတင်သစ်သီးဝယ်ယူမှုစာချုပ် အမျိုးအစားမှာ နားလည်မှုစာချွန်လွှာနှင့်ဆင်တူကြောင်း၊ ၎င်းတွင် စာချုပ်ချိုးဖေါက်မှုအတွက် မည်သည့်ဒါဏ်ကြေးမှ မပါဝင်ကြောင်းပြောကြားပါသည်။

စံသတ်မှတ်ထားသောကန်ထရိုက်သဘောတူစာချုပ်သည် လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနမှ အသုံးပြုနေသော ကန်ထရိုက်လယ်ယာမြေသဘောတူညီချက် Contract Farming pact  အပေါ်တွင် အခြေခံထားကြောင်း၊ ကန်ထရိုက်စာချုပ်တွင် မျှတသောအလေ့အကျင့်အနေဖြင့် အရပ်ဘက်ဆိုင်ရာပြစ်ဒါဏ်ကြေးမှာ ပါဝင်သင့်ကြောင်း Mr. Wichart က ပြောကြားခဲ့ပါသည်။     ပြည်တွင်း ကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် တရားမျှတမှုရရှိစေရန် သစ်သီးခြံများပိုင်ဆိုင်သော တောင်သူလယ်သမားများနှင့် သစ်သီးရောင်းဝယ်သူများအကြား ဝယ်ယူရေးစာချုပ်များကို ကြီးကြပ်ရန် အဆင်သင့်ရှိနေပါသည်။ လယ်ယာစီးပွားရေးရုံးအနေဖြင့် မိုးခေါင်မှုဖြစ်နိုင်ချေရှိသော်လည်း ၂၀၂၀ ခုနှစ်တွင် အဓိကသီးနှံများရောင်းအားတိုးလာမည်ဟု ခန့်မှန်းထားပါသည်။

Mr.Wichart က မိုးခေါင်ခြင်းသည် တိုင်းပြည်၏ အသီးထုတ်လုပ်မှုကို အကျိုးသက်ရောက်စေနိုင်သော်လည်း ထိခိုက်မှုပမာဏအပေါ် တိကျစွာ ခန့်မှန်းရန် ခဲယဉ်းကြောင်းပြောကြားခဲ့ပါသည်။ သစ်သီး ဝလံပြည်ပတင်ပို့သူအများစုမှာ ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများမှဖြစ်ပါသည်။ အထူးသဖြင့် Chumphon ၊ Chanthaburi ၊ Rayong နှင့် Trat ပြည်နယ်များဖြစ်ကြပါသည်။

 

Source:Bangk Post   

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)                                                            

Category: Thailand