Thailand

ထိုင်းနိုင်ငံ၏ ယခုနှစ်အတွက် ကြက်သားပြည်ပတင်ပို့မှု (၁၀ ရာခိုင်နှုန်း) တိုးတက်မည်မျှော်မှန်း

Last Updated:

ထိုင်းနိုင်ငံ၏ ယခုနှစ်အတွက် ကြက်သားပြည်ပတင်ပို့မှုသည် ကိုဗစ်-၁၉ ဖြစ်ပွားမှုအရ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် (၁၀%) တိုးတက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ထိုင်းကြက်မွေးမြူရေးလုပ်ငန်း ပြည်ပတင်ပို့သူများအသင်း ဉက္ကဌ Anaan Sirimongkolkasem က ထိုင်းနိုင်ငံ၏ ကြက်သားတင်ပို့မှုသည် နိုင်ငံခြားအဝယ်အမှာစာများ ကျဆင်းနေသော်လည်း အမေရိကန်၊ အီးယူအဖွဲ့ဝင်များနှင့် ဂျပန်နိုင်ငံစသည့်  နိုင်ငံပေါင်းများစွာတို့မှ ပိတ်ဆို့တားဆီးမှုများကြောင့် ယခုနှစ် ပထမနှင့် ဒုတိယ (၃) လပတ်အတွင်း ယခုနှစ်အတွက် ဘတ်ငွေ (၃၃) ဘီလီယံမြင့်တက်နိုင်ပြီး ဘတ်ငွေ (၁၄၀) ဘီလီယံရရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

ပထမ (၃) လပတ်တွင် ထိုင်းနိုင်ငံအနေဖြင့် စုစုပေါင်းကြက်သားတန်ချိန် (၂၂၉,၅၇၂) တန်တင်ပို့ခဲ့ပြီး နှစ်အလိုက်တွင် (၂.၇%) တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၈၈၁) သန်းရှိပြီး ယမန်နှစ်ကာလတူထက် (၇.၂%) တိုးတက်ခဲ့ပါသည်။ Charoen Pokhand Foods Plc(CPF) ၏ အမှုဆောင်အရာရှိချုပ် Prasit Boondoungprasert က ထိုင်းနိုင်ငံ၏ များပြားမြင့်မားလှသော ကြက်သားတင်ပို့မှုအခွင့်အလမ်းမှာ Covid-19 ဖြစ်ပွားမှုအပေါ် ထိုင်းနိုင်ငံ၏ ကြီးကြပ်ထိန်းချုပ်နိုင်မှု၏ အပေါင်း လက္ခဏာ ဆောင်သော ပုံရိပ်ကြောင့်ဖြစ်ကြောင်းနှင့် ၎င်းက ထိုင်းနိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံမှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် ယုံ ကြည်မှုကိုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံမှ ကြက်သားအများဆုံးဝယ်ယူတင်သွင်းသော ဉီးဆောင်နိုင်ငံဖြစ်ပြီး ပြိုင်ဘက်ဘရာဇီးနိုင်ငံတွင် Covid-19 ပိုမိုဖြစ်ပွားနေမှုကြောင့် ဂျပန်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ ကြက်သားပိုမိုဝယ်ယူလိမ့်မည်ဟုမျှော်လင့်ရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာဂျူရင်က သူ့အနေဖြင့် CPF၊  GFPT၊ Cargill စသည့်ကုမ္ပဏီများနှင့် တွေ့ဆုံပြောဆိုခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့်လည်း ထိုင်းနိုင်ငံ၏ လတ်ဆတ်၊ အေးခဲနှင့် ပြုပြင်ထားသော ကြက်သားတင်ပို့မှုမှာ အလားအလာကောင်းနေဆဲဟု ခံယူထားကြပါသည်။

Covid-19 သည် ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ်များကို အနှောင့်အယှက်ဖြစ်စေကြောင်း (သို့မဟုတ်) ပိုမိုတင်းကြပ်သော ဘေးကင်းလုံခြုံရေးအစီအမံများကြောင့် ကုန်ကျစရိတ်ပိုမိုများပြားစေနိုင်ကြောင်း၊ သို့ရာတွင် ထိုင်းနိုင်ငံအနေဖြင့် Covid-19 ကူးစက်ရောဂါအပေါ် ကိုင်တွယ်ရာတွင်ထိရောက်သော အစီအမံများကြောင့် နိုင်ငံအများအပြားအနေဖြင့် ထိုင်းနိုင်ငံမှ ကြက် သားတင်သွင်းမှုကို ပိုမိုစိတ်ဝင်စားကြကြောင်း Mr.Jurinကပြောကြားခဲ့ပါသည်။

၎င်းက ပို့ကုန်တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံအနေဖြင့် အီးယူနိုင်ငံများနှင့်အလားတူ ဗြိတိန်နိုငံနှင့်လည်း လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် Free Trade Agreement (FTA) ကို ဆောင်ရွက်ရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန် ပုဂ္ဂလိကကဏ္ဍများမှ တိုက်တွန်း လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်၊ ဘယ်ဂျီယံ၊ ဒိန်းမတ်၊ဩစတြေးလျ၊ ဆွီဒန်၊ ဗြိတိန်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဆော်ဒီအာရေဗီးယား၊ တရုတ်၊ ပြင်သစ်၊ နယ်သာလန်၊ ယူအေအီး၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်စသည်တို့ကဲ့သို့သော ထိုင်းနိုင်ငံမှ ကြက်သားဈေးကွက်ဝေစုရရှိမှု နည်းပါးသောနိုင်ငံများနှင့် ဆက်သွယ်မြှင့်တင်ဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                                

Category: Thailand