Thailand

ထိုင်းပို့ကုန်တင်ပို့သူများအနေဖြင့် ဒေသတွင်းနိုင်ငံများကို အာရုံစိုက်တင်ပို့ရန် တိုက်တွန်းလျှက် ရှိခြင်း

Last Updated:

ထိုင်းပို့ကုန်တင်ပို့သူများအနေဖြင့် ယခုနှစ် နှစ်ဝက်တွက် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ခြင်းအစား အာဆီယံ၊ တရုတ်၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ တို့အား အဓိကအာရုံစိုက်၍ ပြောင်းလဲတင်ပို့ ရန် အကြံပြုထားကြောင်း သိရှိရပါသည်။

ထိုင်းအမျိုးသားပို့ဆောင်ရေးကောင်စီဥက္ကဋ္ဌ Chaichan Chareonsuk က ရုရှား- ယူကရိန်း ပဋိပက္ခအနေဖြင့် ကြာရှည်နိုင်ကြောင်းနှင့် တရုတ်- အမေရိကန် ပါဝါအားပြိုင်မှုကလည်း ကြာရှည်နိုင်ကြောင်း၊ ပို၍အရေးကြီးသည်မှာ ယခုနှစ်တွင် စွမ်းအင်ပဋိပက္ခနှင့် လယ်ယာထွက်ကုန် ကုန်ကြမ်း များနှင့် မြေရှားသတ္တုဈေးနှုန်းများ ဆက်လက်၍ မြင့်တက်နိုင်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကျစရိတ်မြင့်တက်မှုနှင့် ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Mr. Chaichan ၏ အဆိုအရ အစိုးရနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အစိုးရ၏ ဇွန်လ ၁၇ ရက်နေ့တွင် Thai Pass နှင့် နှာခေါင်းစဉ် တပ်ဆင်ရန် လိုအပ်ချက်တို့အား ဖြေလျှော့ပေးခဲ့မှုကြောင့် နိုင်ငံခြားသားခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မှုအပေါ် အခွင့်အရေးယူဆောင်ရွက်သင့် သည်ဟု အကြံပြုထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် နိုင်ငံခြားသားခရီးသွား (၆) သန်းခန့် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ပထမ (၅) လတွင် ခရီးသွား (၁.၄) သန်းရရှိခဲ့ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကထက် (၄၂၇၈၆၉) ပိုမိုခဲ့ကြောင်း ထိုင်းခရီးသွားအာဏာပိုင်၏ အဆိုအရ သိရှိရပါ သည်။ ကုန်သွယ်မှုမြှင့်တင်ရန်အတွက် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များနှင့် နက်ရှိုင်းသော ကုန်သွယ်မှုမိတ်ဖက်ပြုမှုများမှ အခွင့် အရေးများအပေါ် အထူးအလေးထားသင့်ကြောင်း ယခုနှစ်ကျန်ရှိသော လများနှင့် လာမည့်နှစ်များအတွက် BCG ဟုခေါ်သည့် ဇီဝ (Bio)၊ Circular နှင့် အစိမ်းရောင် Green ထုတ်ကုန်များအပေါ် အာရုံစိုက်သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

အန္တရာယ်ရှိသော အချက်များရှိနေသော်လည်း ထိုင်းပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် (၅-၈%) တိုးတက်နိုင်မည်ဟု ကောင်စီမှ ခန့်မှန်းထားကြောင်း၊ ဘတ်ငွေတန်ဖိုးကျဆင်းမှုနှင့် သကြား၊ ရာဘာ၊ မော်တော်ကားအစိတ်အပိုင်းများ၊ ချည်ထည်များ၊ အစားအစာ၊ ဆန်နှင့် ကျောက်မျက်နှင့် လက်ဝတ် ရတနာများ၏ ဝယ်လိုအားများ မြင့်တက်လာမှုတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ယခုနှစ် ဒုတိယ (၃) လပတ်တွင် (၃-၅%) တိုးတက်မှုဖြင့် ထိန်းထားနိုင်မည်ဖြစ်ကြောင်း ကောင်စီမှ ခန့်မှန်းထားပါ သည်။ ပထမ (၃) လပတ်တွင် ပြည်ပပို့ကုန် တိုးတက်မှု (၈.၇%) ရှိခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်ပထမ (၄) လတွင် ထိုင်း ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် နှစ်အလိုက်တွင် (၁၃.၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၉၇.၁) ဘီလီယံ ရှိခဲ့ ကြောင်း၊ သွင်းကုန်တင်သွင်းမှုအနေဖြင့် (၁၉.၂%) တိုးတက်ခဲ့အပြီး အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ (၂.၈၅) ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post
https://www.bangkokpost,com/business/2332738/exporters-urged-to-adopt-regional-focus

 

Category: Thailand