Thailand

ထိုင်းသစ်သီးဝလံများတရုတ်ပြည်သို့ဝင်ရောက်ရန်အဆင်ပြေခြင်း

Last Updated:

ဒူရင်းသီးအပါအဝင် ထိုင်းသစ်သီးဝလံများ တင်သွင်းခွင့်ပြုရန်အတွက် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်စစ်ဆေးရေးဂိတ်အားလုံးကို ပြန်လည်ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဉီး၏ အဆိုအရ သိရှိရပါသည်။ ကိုဗစ်-၁၉ ပိုးကြောင့် တရုတ်နိုင်ငံက ထိုင်းသစ်သီးဝလံများ နယ်စပ်ဖြတ် ကျော်တင်ပို့မှုကို ရက်အတော်ကြာ ပိတ်ထားခဲ့ခြင်း ဖြစ်ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အကြံပေးနှင့် သစ်သီးဝလံဖွံ့ဖြိုတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် Alongkorn Ponlaboot က နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ ကြောင်းသိရှိရပါ သည်။

Youyi Guan၊ Dongxing၊ Mohan နှင့် Ping Xiang တို့အပါအဝင် နယ်စပ်စစ်ဆေးရေးဂိတ်များအားလုံးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Mr. Alongkorn က ပြောကြားခဲ့ပါသည်။ ၎င်းမှာ ထိုင်းလယ်သမားများ အထူးသဖြင့် ဒူးရင်းသီးခြံပိုင်ရှင်များအတွက် သတင်းကောင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ကုန်စည်များပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ပါဝင်သူအားလုံးအနေဖြင့် ကိုဗစ်-၁၉ အပါအဝင် ရောဂါပိုးမွှားများအန္တရာယ်မှ ကင်း ဝေးစေရန်အတွက် သင်္ဘောမတင်မီ Sanitation စံချိန်စံညွှန်းများကို လိုက်နာထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဝန်ကြီး Chalermchai Sri-on အား ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Phan Chi Thanh က စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံကုန်သွယ်မှု အားကောင်းစေရန် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံသာမကဘဲ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူလည်းဖြစ်ကြောင်း Mr. Chalermchai ကပြော ကြားခဲ့ပါသည်။ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ အဓိကပံ့ပိုးသူများဖြစ်လာစေရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

Mr. Chalermchai က အာဆီယံရာဘာကောင်စီတည်ထောင်ရာတွင်  ဗီယက်နမ်နိုင်ငံအနေဖြင့် အားပေးကူညီရန် တောင်းဆိုခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံထုတ် ကြက်မောက်သီးများနှင့် သရက်သီးများအား တင်သွင်းခွင့်တားမြစ်ချက်များကို ရုတ်သိမ်းပေးရန် ဗီယက်နမ်နိုင်ငံအား  တောင်းဆိုခဲ့ ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand