Thailand

ထိုင်းအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ တူရကီတို့နှင့် FTAs များချုပ်ဆိုရန် တန်းစီထားခြင်း

Last Updated:

ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်တို့သည် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် FTA ကို လာမည့် သီတင်းပတ်အတွင်း ကျင်းပမည့် (၅)ကြိမ်မြောက် ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး Joint Trade Committee (JTC)  တွင် စတင်မည် ဖြစ်ပါသည်။ 

ဗန်ကောက်တွင် ဇန်နဝါရီလ (၈) ရက်နေ့မှ (၉) ရက်နေ့အထိ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ လျှော့ချရန် စေ့စပ်ညှိနှိုင်းမှုများကို စတင်လိမ့်မည်ဟု အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Rachada Dhanadireck က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါသည်။

သူမက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၅) ကြိမ်မြောက် JIC အစည်းအဝေးကို ကျင်းပရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုချက်ကို အစိုးရအဖွဲ့က အတည်ပြုပြီးနောက် မကြာမီတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံများအနေဖြင့် FTA နှင့် ပတ်သက်၍ ပူးတွဲဖြစ်နိုင်ချေ ဆိုင်ရာလေ့လာမှုကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း Ms. Rachada ကပြောကြားခဲ့ပါသည်။ သို့ရာတွင် အသေးစိတ် ပြောကြားရန်ကိုမူငြင်းဆိုခဲ့ပါသည်။

အကယ်၍ နှစ်နိုင်ငံ အနေဖြင့် FTA ကို ဖော်ထုတ်နိုင်ပါက ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများကို အထူးအကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံမှ တစ်ခုဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့်ပါကစ္စတန် ပြီးပါက တောင်အာရှတွင် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် ယခုနှစ်အတွင်း တူရကီနှင့် FTA ချုပ်ဆိုရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုချက်အား အတည်ပြုပေးခဲ့ကြောင်း Ms. Rachada  ကပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့သည် တောင်ပိုင်းနယ်စပ် ပြည်နယ်များရှိ စွမ်းအင် အငယ်စားထုတ်လုပ်မှုစက်ရုံများ Very Small Power Plant (VSPP)  ကို မြှင့်တင်ရန် မူဘောင်တစ်ခုအတွက် တောင်ပိုင်းနယ်စပ် ဒေသအုပ်ချုပ်ရေးဌာန၏ အဆိုပြုချက်ကို အတည်ပြုပေးခဲ့ပါသည်။ မူဘောင်အရ ဘတ်ဂျက်ငွေ ဘတ် (၁၉.၇၆) ဘီလီယံဖြင့် (၅) နှစ်အတွင်း (၂၅၆.၉)မဂ္ဂါဝပ် ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ဘတ်ဂျက်အား ဘဏ္ဍာရေးဘတ်ဂျက်၊ စွမ်းအင်ထိန်းသိမ်းရေးရန်ပုံငွေ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများမှ ရေးဆွဲသွားရန်ဖြစ်ပါသည်။ ပါဝင်မှုအနေဖြင့် (၂၇) မဂ္ဂါဝပ် ထုတ်လုပ်သည့် စက်ရုံတစ်ရုံ၊ (၁၀) မဂ္ဂါဝပ် MW စက်ရုံ (၃) ရုံ၊ (၁.၅-၂) မဂ္ဂါဝပ် ရှိ လူထုအခြေပြုစွမ်းအင်စက်ရုံ (၁၀၀) ရုံ တို့ပါဝင်မည်ဖြစ်ပါသည်။ ဒေသခံစီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံနိုင်မည်လည်းဖြစ်ပါသည်။

အမြတ်(၁၀%) အား ဒေသခံများအတွက် ပညာရေးနှင့် သင်တန်းများအတွက် အသုံးပြုမည်ဖြစ်ပါသည်။ အစိုးရအနေဖြင့် တောင်ပိုင်းဒေသများတွင် စွမ်းအင်ဆိုင်ရာ သီးနှံများဖြစ်သော ဝါး၊ နေဗီယာမြက်(Napier grass)၊ အယ်ကာစီယာအုန်းသီးနှင့် ဆီအုန်းပင်များကို တိုးမြှင့်စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand