Thailand

ထိုင်းအမျိူးသားရေကြောင်း ပို့ဆောင်ရေးကော်စီ (TNSC) က ပြည်ပပို့ကုန်တိုးတက်မှု (၅-၈) ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းခြင်း

Last Updated:

ထိုင်းပို့ကုန်တင်ပို့သူများအနေဖြင့် အမေရိကန်နှင့် အီးယူတို့တွင် စီးပွားရေးနှေးကွေးသည့်လက္ခဏာများ ပြသနေသော်လည်း ထိုင်းပို့ကုန်တင်ပို့မှုအနေ ဖြင့် ယခုနှစ်တွင် မျှော်မှန်းထားသည့်အတိုင်း တိုးတက်မှုရလိမ့်မည်ဟု မျှော်မှန်းလျှက်ရှိနေကြောင်း သိရှိရပါသည်။

ထိုင်းအမျိုးသားရေကြောင်း ပို့ဆောင်ရေးကောင်စီ (TNSC) ဥက္ကဋ္ဌ Chaichan Chareonsuk က တရုတ်ပြည်မကြီး၏ sero- Covid မူဝါဒကြောင့် ဧပြီလတွင် ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ရပြီးနောက် တရုတ်စီးပွားရေးအနေဖြင့် ကောင်းမွန်သည့် ပုံရိပ်များရှိနေခြင်းကြောင့် ထိုင်းပို့ကုန်များအနေဖြင့် မျှော်မှန်းထားသည့်အတိုင်း တိုးတက်လိမ့်မည်ဟု ယုံကြည်လျှက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမ (၄) လတွင် အမေရိကန်မှာ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း၊ အမေရိကန်သို့ တင်ပို့မှုမှာ ပြည်ပတင်ပို့မှု၏ (၁၆%) ရှိခဲ့ ကြောင်း၊ ၎င်းနောက်တွင် တရုတ်နှင့် ရုရှားတို့ရှိနေပြီး အဆိုပါနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြည်ပတင်ပို့မှု၏ (၁၁.၇%) နှင့် (၇.၉%) တို့ဖြင့် အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း ထိုင်းနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှု (၂၁.၅%) တိုးတက်ခဲ့ပြီး အမေရိ ကန်ဒေါ်လာ (၁၅.၅%) ဘီလီယံရှိခဲ့ကြောင်း၊ တရုတ် နှင့် အီးယူနိုင်ငံများသို့ တင်ပို့မှုများအနေဖြင့် (၀.၉%) နှင့် (၄.၃%) တို့ဖြင့် အသီးသီးတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ဧပြီလတွင် အမေရိကန်သို့ တင်ပို့မှုမှာ ယမန်နှစ်ကာလတူနှင့် နှိိုင်းယှဉ်ပါက (၁၃.၆%) တိုးတက်ခဲ့ကြောင်းနှင့် ဇွန်လတွင် အမှာစာများတိုးတက်ခဲ့ ကြောင်း၊ သို့ရာတွင် တတိယနှင့် စတုတ္ထသုံးလပတ် များတွင် နှေးကွေးသွားနိုင်ကြောင်း သိရှိရပါသည်။

ထိုင်းပို့ကုန်တင်ပို့သူများအနေဖြင့် အရှေ့အလယ်ပိုင်း၊ အိန္ဒိယနှင့် အာဆီယံ စသည့်ဈေးကွက်သစ်များရှာဖွေရေးကို အရှိန်မြှင့်တင် ဆောင်ရွက်သင့် ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးကိုလည်း တိုးမြှင့်သင့်ကြောင်း Mr. Chaichan က ပြောကြားခဲ့ပါသည်။

ကောင်စီအနေဖြင့် ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှု (၅%- ၈%) ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အဓိကအားဖြင့် ထိုင်းဘတ်ငွေတန်ဖိုး ကျဆင်း မှု၊ သကြား၊ ရာဘာ၊ မော်တော်ကားအစိတ်အပိုင်းများ၊ ချည်ထည်များ၊ အစားအစာ၊ ဆန်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၏ ဝယ်လိုအား အမှာစာများ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမလေးလတွင် ထိုင်း ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် နှစ်အလိုက်တွင် (၁၃.၇%) တိုး တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇.၁) ဘီလီယံ ရရှိခဲ့ ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၉.၂%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ (၂.၈၅) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ယခုနှစ်အတွက် ကျန်လများတွင် ပို့ကုန်တင်ပို့မှု တိုးတက် နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှု (၄%- ၅%) ရရှိ မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post
https://www.bangkokpost.com/business/2335048/tnsc-sticks-with-export-growth-projection-of-5-8-

 

Category: Thailand