တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ စက်မှုလုပ်ငန်းများ ငွေဖောင်းပွမှုတွက်ချက်ရာတွင် အဓိကအညွှန်းကိန်းတစ်ခုဖြစ်သော ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI) သည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သည့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI) သည် ၂၀၂၀ ပြည့်နှစ်၊မေလထက်အနည်းငယ်မြင့်တက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ PPIကျဆင်းမှုနှေးကွေးလာခြင်းမှာ နိုင်ငံ တကာနှင့် ပြည်တွင်းဝယ်လိုအား အနည်းငယ်မြင့်တက်လာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်လုပ်သူဈေးဆနှုန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစတင်၍ (၅) လ ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၏ ထုတ်လုပ်သူဈေးဆနှုန်းကိန်း ကျဆင်းမှုနှေးကွေးလာခြင်းသည် နိုင်ငံတကာကုန်စည်ဈေးကွက် ပြန်လည်တိုးတက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများတည်ငြိမ်စွာ ပြန် လည်တိုးတက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အကြပ်အတည်းများဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှုနှင့် တင်ပို့မှုများအပေါ် ဆိုးရွားစွာထိခိုက်ခံခဲ့ရကြောင်း၊ သို့ရာတွင် PPI ကျဆင်းမှုနှေးကွေးလာခြင်းသည် နိုင်ငံတကာဈေးကွက်အတွင်း ဝယ်လိုအား အနည်းငယ်မြင့်တက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် အစပြုနေပြီဖြစ်သည့်အတွက် အကျိုးရလဒ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားအဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ထုတ်လုပ်သူဈေးဆနှုန်းကိန်းသည် ဆက်လက် ကျဆင်းနေမည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ ပြီးခဲ့သည့်နှစ်ကာလတူထက် (၂.၅) ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ စားသောက်ကုန်ဈေးနှုန်းများ(၀.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် စားသုံးသူဈေးနှုန်းအညွှန်းကိန်းတွင် (၀.၀၄) ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်းသိရှိရပါသည်။
(စီးပွားရေးသံမှူး၊ပေကျင်း)
ရင်းမြစ်: https://www.globaltimes.cn/content/1193993.shtml