Singapore

ထောင်လိုက်စိုက်ပျိုးမှုစနစ်ဖြင့် စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုစွမ်းအားကို မြှင့်တင်နိုင်ရန်အတွက် စင်ကာပူကုမ္ပဏီနှင့် ဂျာမဏီကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်မည်

Last Updated:

စင်ကာပူ Temasek ကုမ္ပဏီ (စင်ကာပူအစိုးရပိုင်) နှင့် ဂျာမဏီ Bayer ကုမ္ပဏီတို့သည် စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုစွမ်းအား ပိုမိုတိုးတက်လာစေရေးအတွက် အထောက်အကူပြုနိုင်မည့် ထောင်လိုက်စိုက်ပျိုး ထုတ်လုပ်မှု (Vertical Farming) စနစ်အား ထိရောက်စွာအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် "Unfold" ဟု အမည်ပေးထားသည့်ကုမ္ပဏီကို တည်ထောင်ခဲ့ကြောင်းနှင့် အဆိုပါကုမ္ပဏီအတွက် အမေရိကန် ဒေါ်လာ ၃၀ သန်း (စင်ကာပူ ဒေါ်လာ ၄၁.၂ သန်း) ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကဲ့သို့သော အကျပ်အတည်းရင်ဆိုင်ရသည့်ကာလများနှင့်နိုင်ငံ၏ စိုက်ပျိုးမြေဧရိယာနည်းပါးလွန်းသည့်အခြေအနေများ ကြောင့် ဤသို့ပူးပေါင်းဆောင်ရွက်ခြင်းသည် စင်ကာပူနိုင်ငံအတွက် အရေးကြီး ကြောင်း၊ ယုံကြည်စိတ်ချစွာ စားသုံးနိုင်သော ဆလတ်ရွက်နှင့် ဟင်းနုနွယ်ရွက်များကဲ့သို့ လူအများစားသုံးကြသည့် ဟင်းသီးဟင်းရွက်များအပါအဝင် အမျိုးအစားအမျိုးမျိုးကို အရည်အသွေးကောင်းမွန်စွာဖြင့် ပမာဏများများ တိုးမြှင့်ထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးသည် စင်ကာပူနိုင်ငံအတွက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ စားနပ်ရိက္ခာလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအထိ ပြည်တွင်း၌ စိုက်ပျိုးမွေးမြူထုတ်လုပ် သွားနိုင်ရန် ရည်မှန်းချက်အပေါ်လည်း အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီများက ပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore